Thursday, February 17, 2011

Site verified to be secure and free of malware

Site verified to be secure and free of malware


အလုပ်ကိစ္စရယ် တခြားထွေလီကာလီကိစ္စတွေကြောင့် ဘလော့ကို နေ့တိုင်းတင်ဖို့ ပျက်ကွက်ခဲ့ပါတယ် ။ ဒီတော့ ဘလော့တွေမှာ ဘာတွေဖြစ်နေသလဲ ဆိုတာကိုပါကိုသက်တန့်တစ်ယောက် မျက်ချေပြတ်ခဲ့ရပါတယ် ။ ဒီနေ့မ နက်မှ လိုင်းလေးကောင်းတုန်း Freegate နဲ့ Ultrasurf လေးသုံးပြီး ဘလော့လေးလည်မယ်ပေါ့ ။ ပထမဆုံးပဲ အစ်မကြီး အဖြူရောင်နတ်သမီးဆီရောက်သွားပါတယ် ။မရောက်ဖြစ်တာလည်းကြာပြီကိုး ။ အစ်မကြီး တစ်ယောက် အချစ်ကဗျာတွေရေးနေတုန်းပဲလားဆိုပြီးတော့ပေါ့ :P ။ အဲဒီမှာတင် သူ့ရဲ့ Blog List မှာ ကျနော့် လင့် ကိုရှာတာမတွေ့ဘူးဗျ ။ ဒီတော့ငါ့ကို တမင်ဖြုတ်ထားတာတော့မဟုတ်လောက်ဘူးပေါ့ အကြောင်း တစ်ခုခုတော့ ရှိမယ်ဆိုပြီးအောက်ကပို့စ်တွေဖတ်ကြည့်တော့မှ လားလား တုပ်ကွေးရောဂါတွေဖြစ်နေကြတာကိုး ။ ဒီတော့ သူပေးတဲ့လင့်လေးကို ကြည့်ပြီး ကိုလင်းထက်ဆီရောက်သွားပါတယ် ။အဲဒီမှာပေးတဲ့လင့်လေးကို စမ်းကြည့် လိုက်တာ အောင်မလေးဗျာ...နီရဲတွတ်နေတာပဲ ပိုးတွေပိုးတွေ ...ဟီး ။ အဲဒါနဲ့သူပြောတဲအတွင်းside bar ကိုရှင်းပြီး re-scan ပြန်လုပ်ကြည့်မှ ပိုးကင်းစင်သွားပါတယ် ။ ကဲ အားလုံးပဲ ကိုယ့် ဘလော့လေး မပျောက် ပျက်ရေး ကျန်းမာရေးကိုဂရုစိုက်ကြပါစို့ ။

ကိုယ့်ဘလော့လေးကို ပိုးရှိမရှိစစ်ချင်ရင်အောက်ကလင့်လေးကို နှိပ်ပါ ။

http://sitecheck.sucuri.net/scanner/

အကယ်၍ Blacklist ဖြစ်နေရင်တော့ အောက်ကလင့်လေးကို နှိပ်ပြီးဖြေရှင်းကြည့်ပါ ။

Reported Attack Page အဖြစ် မိမိဆိုဒ် သတ်မှတ်ခံခဲ့ရလျှင် ဖြေရှင်းနည်း

ဒီလင့်တွေအကုန်လုံးကိုလင်းထက်ဆီက နေရတာဖြစ်ပါတယ် ။ ပြန်လည် share လုပ်ခွင့်ပြုပါ ကိုလင်းထက်ရေ ။

Credit : http://www.linhtet.net
Thanks : http://seaandangel.blogspot.com/ (ဒါနဲ့ ...စကားမစပ်ပိုးကင်းသွားပြီနော် ပြန်ချိတ်ပေးဦး အစ်မကြီး နမ်းမ၀ :P)

သက်တန့်ချို
17 Feb 2011





စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

2 comments:

  1. ကျေးဇူးပါအကို ညီမလေးလည်း ဘာရယ်ညာရယ်မဟုတ် စမ်းကြည့်လိုက်တာ ဝဲကင်းစင်တယ်တဲ့ ပျော်စရာကြီး ကျေးဇူးနော် အကို

    ReplyDelete
  2. အဖြူရောင်နတ်သမီးFebruary 18, 2011 at 6:07 PM

    စိတ်နာလို့ကို တမင်ဖြုတ်ထားတာ...
    ဘယ့်နှယ်တော်..
    ခေါ်မကြား..အော်မကြား..
    ကျုပ်ဘက်ကို တချက်လေးတောင်လှည့်မကြည့်ပဲ ရှုပ်နေလိုက်တဲ့အလုပ်(ပြပါလိမ့်မယ် အကြောင်းမျိုးစုံ)
    ကိုယ့်အမတောင် မေ့နေတဲ့ ဒီလိုမောင်မျိုး အကုန်လုံးကို ဖြုတ်သင့်တာ...
    blogspot..တို့
    Facebook...တို့
    သက်တန့်ရွာ..တို့ကိုပြောပါတယ်...:P

    ReplyDelete