Friday, April 1, 2011

သေမင်းတမန် ခရီးကြမ်း (အပိုင်း ၃)

သေမင်းတမန် ခရီးကြမ်း (အပိုင်း ၃)



ညက မှောင်နေပြီဖြစ်သဖြင့် ကျွန်ုပ်တို့မှာ လရောင်စမ်းတ၀ါးဖြင့် သတိကြီးစွာထားကာ လှိုဏ်ဂူဘေး တစ်ဖက်မှနေ ၍ မှိုင်းညို့နေသော တောအုပ်ထဲသို့ ၀င်ခဲ့ကြလေတော့သည် ။

“သူကြီး...ကျား...ကျားတွေဘာတွေရှိရင်ဘယ့်နှယ့်လုပ်မလဲဟင် ”

“ ကျားတွေ့တော့လည်း ဖက်ကိုက်လိုက်ယုံပေါ့သူရိန်ရယ် တို့လည်း ဆာနေတာပဲဟာကို ”

“ အာဗျာ သူကြီးကလည်း ဒီလိုအချိန်တောင် နောက်နေနိုင်သေးတယ် ”

“ ရှုး...တိုးတိုး ”

ကျွန်ုပ်မှာ အသံတစ်သံကြားလိုက်ရသဖြင့် သူရိန့်ကိုတိတ်တိတ်နေခိုင်းပြီး ပတ်ဝန်းကျင်ကို သတိထားကြည့် လိုက်၏ ။ ဟော....တွေ့ပါပြီ ရှေ့ခပ်လှမ်းလှမ်းတွင်ရှိသော သစ်ကိုင်းများကြားတွင် အိပ်တန်း တက်နေသော တော ကြက် တစ်အုပ် ။

“ ဟာ...မိုက်စ်စ် ဟ သူကြီး အဲဒါတောကြက်တွေမှတ်လား နေနေ သူကြီး ဒီမှာနေခဲ့ ကျွန်တော်ကြက်ဖမ်း တဲ့ပညာ ကျွမ်းတယ် ”

“ အေးလေ...များများရအောင်လုပ်နော် သွား ”

“ ဟုတ်ကဲ့ ”

သို့နှင့် သူရိန်မှာ တောကြက်အုပ်ရှိရာသို့ တဖြည်းဖြည်းချဉ်းကပ်သွားလေတော့သည် ။ ကျွန်ုပ်မှာ ရင်တထိတ် ထိတ်ဖြင့်သာ ။ တအောင့်ကြာသောအခါ ကြက်တွန်သံများ တကြီကြီကိုၾကားရၿပီး သူရိန္မွာ မည်သို့လုပ်လိုက်လေ သည်မသိ ။ တောကြက်များမှာ ကျွန်ုပ်ရှိရာသို့ ကမူးရှူးထိုးပြေးလာရာ ကျွန်ုပ်လည်း လက်ထဲတွင်ရှိသော သစ်သား တုတ်ဖြင့် မည်းမည်းမြင်ရာ လိုက်ရိုက်လေတော့သည် ။

ခဏအကြာတွင် သူရိန်မှာ တောကြက်နှစ်ကောင်ကို ကိုင်ပြီး ကျွန်ုပ်ရှိရာသို့ ရောက်လာလေသည် ။

“ ဟီး သူကြီး ကျွန်တော်ကြက်ဖမ်းတဲ့ပညာ နည်းနည်းလိုသွားတယ် ဗျ ၂ ကောင်ပဲမိလာတယ် ”

“ အင်း မင်းကတော့ ဖြစ်ရမယ်ဒီမှာကြည့် ”

ကျွန်ုပ်လည်း တုတ်ရိုက်ချက်ဖြင့်အစွမ်းပြထားသော တောကြက်များကို ပြလိုက်ရာ လေးငါးကောင်ခန့် ကိုတွေ့ ရလေ သည် ။

“ သူကြီး ..ငယ်ငယ်က အတိုင်းပဲနော် သန်တုန်းပဲ ”

“ အေး မင်းသိရင်ပြီးတာပဲ လာသွားမယ် ”

သို့နှင့် ကျွန်ုပ်တို့ နှစ်ဦးလည်း တောကြက်များကို ၂ ဦးမျှသယ်ကာ ဂူထဲသို့ ပြန်ခဲ့ကြလေတော့သည် ။ လှိုဏ်ဂူထဲ တွင် ၇ွာဆော်ငမိုးကား ကျွန်ုပ်တို့ကို အသင့်စောင့်ကြိုနေလေသည် ။

“ ဟာ သူကြီးတို့ တောကြက်တွေပါလာတယ်ဟေ့ ပွပြီ ”

“ တယ် ..ဒီလောက် ဒုက္ခရောက်လာတာတောင် အစားကြမ်းနေသေးတယ် ဒီငမိုးကတော့လေ ”

အင်ကြင်းမှ ၀င်ဟောက်လိုက်သောကြောင့် ရွာဆော်ငမိုး ခမျာ ဇက်ပုသွားကာ ကျွန်ုပ်တို့ဆီမှတောကြက်များ ကိုသယ် ကာ ရွာ၏ စားဖိုမှူးဖြစ်သော သက်မီဆီသို့ ယူသွားလေတောသည် ။

“ ကဲ..သူကြီးတို့ အေးဆေးနားကြ ပြီးရင် လျှာလည်သွားစေရမယ် ”

သက်မီက လှမ်းပြောရင်း ဟင်းချက်ဖို့ စတင်ပြင်ဆင်လေတော့သည် ။ ကြယ်ဖြူနှင့် ဝေယံ တို့မှာလည်း ဆေး ရွက်ခူးပြန်ရောက်နေကြပြီဖြစ်သည် ။

“ လာကိုကြီး ခေါင်းကိုဆေးထည့်ရမယ် ကိုကြီးကျော်နဲ့ ဇိုင်းပန် ကမ်းစပ်သွားပြီး ရေနည်းနည်းခပ်ခဲ့ပါလား ဒီမှာ ရေနွေး အဆင် သင့်လုပ်ပြီး လိုရင် အဆင်သင့်သုံးရအောင် ”

“ အေးအေး ကြယ်ပိစိ ”

သို့နှင့် ကိုကြီးကျော်နှင့် ဇိုင်းပန်တို့ နှစ်ယောက်မှာ ပုံးအလွတ်များ ကိုင်၍ ကမ်းစပ်ဆီသို့ ဆင်းသွားကြလေတော့ သည် ။ ကျွန်ုပ်၏ခေါင်းမှာ စိတ်လျော့လိုက်၍လားမသိ မခံမရပ်နိုင်အောင်တဆစ်ဆစ် ကိုက်ခဲလာလေတော့ သည် ။ ကြယ်ဖြူမှာ မည်သည့်အရွက်တွေမှန်းမသိ ကြိတ်ကာ အရည်ရအောင်ညှစ်နေ၏ ။ (ဆေးဖက်ဝင် အရွက် တစ် မျိုးမျိုးဖြစ်ဟန်တူ၏ )

“ ဟဲ့မိုးစက် လာလေ လာဝိုင်းကူဦး တကတည်း နေနိုင်လိုက်တာ ”

“ အာ နင်ကလည်း ရွာထဲတင်မဟုတ်ဘူးကျွန်းပေါ်မှာပါ လာဟောက်နေတယ် တယ်ပိတ်ထုလိုက်ရ ”

“ အံမယ် လာလာချေသေး ဟွန်း ”

ကျွန်ုပ်မှာ ဘုဂလန့် ညီလေးနှင့် ညီမလေးတို့ကို ကြည့်ရင်းပြုံးမိသွားသည် ။

ဦးခေါင်းပေါ်သို့ ဆေးရည်ညှစ်ထည့်ပေးသောအခါ မခံမရပ်နိုင်လောက်အောင် ပူစပ်သောကြောင့် ကျွန်ုပ်မှာ အံကြိတ်ထား ရသည် ။

“ ကိုကြီး မမဂျီဂျီတို့ ဟေမွန်ချမ်းတို့ ဦးသားပြောင်မမ မေလေးတို့ ဘယ်ရောက်နေကြလည်းမသိဘူးနော် ”

“ ဟင်း...ဒီကျွန်းကြီးရဲ့ တစ်နေရာရာမှာ ရှိနေမှာပေါ့ ညီမလေးရယ် ”

“ ညီမလေးတို့ ဆရာဟိန်းတင့်ဇော်ရဲ့ ဗေဒင်အရ ခရီးမထွက်ခဲ့ရင်ကောင်းမယ်နော် ”

“ ဘယ်တတ်နိုင်မလဲကွာ ရပ်ရွာအရေး အများအတွက် လုပ်သင့်တာကို လုပ်ခဲ့ကြတာပဲလေ ”

“ အင်း ဆရာဟိန်းကတော့ မြို့တက်သွားတော့ ပါမလာရှာဘူးနော် သူသာပါလာရင် ဘာဆက်ဖြစ်မလဲ ခန့်မှန်းပေးနိုင် မှာပဲ ”

ကျွန်ုပ်တို့စကားကောင်းနေကြစဉ်

“ ကဲ ရွာသူရွာသားတွေ တန်းစီမယ်ဟေ့ ထမင်းနဲ့ဟင်းရပြီ ငှက်ပျောဖက်တွေယူခဲ့ကြ ”

ဟု လှမ်းအော်သော သက်မီ၏ အသံကို ကြားလိုက်ရလေ၏ ။

“ ဟိဟိ အတော်ပဲ ဖက်အကြီးကြီးခုတ်ရမယ် ဒါမှ များများရမှာ ”

နဲဗားက တိုးတိုးလေးပြောလိုက်သောကြောင့် ပုတုခေါ် သမီးအိဖြူက မျက်စောင်းထိုးလိုက်လေသည် ။

ဤနေရာတွင် သက်မီ၏ တောတွင်း ဟင်းချက်နည်းကို တင်ပြရပေဦးမည် ။ စည်အချို့တွင် ဆန့်ထည့်ထားသော စည်နှင့် တခြားစားဖွယ် ဆီ ၊ ငရုတ် ၊ ကြက်သွန် ၊ ဂျင်း ၊ မဆလာ အစရှိသည်တို့ ပါလာခြင်း မှာ ကျွန်ုပ်တို့အတွက် အလွန်ကံကောင်းသည်ဟု ဆိုရပေမည် ။ သက်မီမှာ ရွာကာလသားအချို့အား ၀ါးကျည်တောက် များ ဖြတ်ခိုင်းပြီး အထဲတွင်ဆန်ထည့်၍ ရေ ၊ ဆီ ၊ ဆား တို့ ရောကာထည့်၍ မီးပြင်းပြင်းနှင့် ဖုတ်၏ ။ တဖန် ငရုတ်သီးကို ဆီသတ်၍ ကြက်သွန်နှင့် ရောကာ တောကြက် ၃ ကောင်ခန့်ကို အနေတော်လှီးဖြတ်၍ ဆီပြန်ချက်လေ၏ ။ ဆီပြန်ကာနီးတွင် မဆလာအုပ်သောကြောင့် အနံ့မွှေးမွှေးလေးက ကျွန်ုပ်တို့၏ ၀မ်းဗိုက်ကို ပိုမို ဆာလောင်စေ၏ ။ ဟင်းကျက် ခါနီး တွင်ဝါးကျည်တောက်တွင် ထည့်ပေါင်း၍ မီးဖုတ်ထားသော ထမင်းမှာ လည်း နူးအိ ကာ မွှေးကြိုင် လှပေသည်။ ကျန်တော်ကြက်များကိုမူ ဖျက်သင့်တာ ဖျက်၍ နောက်တစ်နေ့အတွက် အခြောက် ခံထား လိုက်၏ ။ ကျွန်ုပ်တို့လည်း ကိုယ့်ဝေစုကိုယ့် ဖက်များနှင့် ကိုယ့်ရသည့်ထမင်းများကို မြိန်ယှက်စွာ စားသုံး ကြလေ ရာ ပျော်ပွဲစား ထွက်လာသည်နှင့်ပင်တူလှပေသည် ။ ဗိုက်လည်းဆာနေသည်ကတကြောင်း ပင်ပန်းနေ သည်က တကြောင်းကြောင့် လွန်စွာ ခံတွင်းမြိန်လှပေ၏ ။

စားသောက်ပြီးသောအခါ ဂူအတွင်းတွင် သားရဲတိရိစ္ဆာန်များ မ၀င်စေရန် မီးပုံအကြီးကြီးဖို၍ အလှည့်ကျကင်း တာဝန် များကို ရွာဆော်ငမိုးနှင့် ကာလသားခေါင်းတို့မှ ဦးဆောင်၍ စီစဉ်ကြလေတော့သည် ။ ပြီးနောက်မီးပုံဘေး တွင် ကျွန်ုပ်တို့ မှာ တစ်ဖွဲ့ကြီးစညဝေး၍ ရှေ့ဆက်ရမည်များကို တိုင်ပင်ကြလေတော့သည် ။

“ အင်း ..အခုဆို ရွာသူရွာသားတော်တောများများ ပျောက်နေကြသေးတယ်နော် ကျွန်တော်တို့ တော်တော် ပိုက်စိပ်တိုက် ရှာနိုင်မှဖြစ်မယ် ဒီကျွန်းကြီးကလည်းအတော်ကြီးပုံပဲဗျ ”

“ အင်းဟုတ်ပါ့ ကဲ ငမိုးရေ ဘယ်သူတွေ ပျောက်နေလဲ စာရင်းလုပ်ကြည့်ပါဦး ”

“ လုပ်ပြီးပြီသူကြီး ဒီမှာ ”

ကျွန်ုပ်လည်း စာရင်းကိုယူကြည့်လိုက်၏ ။ ဂျီဂျီ ၊ ဟေမွန်ချမ်း ၊ မေလေး ၊ သားပြောင် ၊ ဘီလူး ၊ နေခြည် ၊ အာဇိ ၊ ကေးကေး ၊ ယမမင်းလေး ...အလို ရွာသားတော်တော်များများ မှာ ဘယ်နေရာရောက်ပြီး ဘာတွေဖြစ် ကုန်ပြီမသိ ကျွန်ုပ်၏စိတ်တို့မှာ လွန်စွာလေးလံသွားလေတော့သည် ။

“ ကဲကဲ ဒီနေ့ညတော့ အကုန်လုံးပင်ပန်းနေ ပြီ စောစောပဲအိပ်ကြတာပေါ့နော် ကင်းသမားတွေသေချာ စောင့်နော် ”

ကျွန်ုပ်လည်းမှာကြားပြီးသည်နှင့် ခေါင်းပေါ်လက်တင်ရင်း ခဏမှေးလိုက်လေတော့သည် ။ ကလေးအုပ် စုဖြစ်သော ကြယ်ဖြူ ၊ မိုးစက် ၊ ကိုကြီးကျော် ၊ ပုတုတို့ မှာမူ စကားတွတ်ထိုး ရင်းတော်တော်နှင့် မအိပ်ကြသေးပေ ။ သို့နှင့် ည တစ်နာရီခန့်အချိန်ရောက်လာတော့သည် ။

နားထဲတွင် တဖျောက်ဖျောက်အသံကြားရသောကြောင့် မှေးကနဲအိပ်ပျော်သွားရာမှ ဖျက်ကနဲနိုးလာ၏ ။ ဂူဝက မီးပုံကား အရှိန်လျော့ ကာ သိပ်တောက်လောင်မှုမရှိတော့ ။ အလို...ကင်းသမား ငရဲမင်းကား အိပ်ပျော်နေချေ ပါတကား ။ ကျွန်ုပ်လည်း ကင်းသွားစောင့်ပြီး ငရဲမင်းနှင့်အဖော်ရစေရန် စကားသွားပြောမည်ဟု ထလိုက်လေရာ မြင်လိုက်ရသော မြင်ကွင်းကြောင့် အူအသဲနှလုံးတို့ ပြောင်းပြန်ဖြစ်ကုန်ပြီထင်ရ၏ ။ လွန်စွာအ ဆိပ်ပြင်းသော တော တွင်း ပင့်ကူကြီးများကား ကျွန်ုပ်တို့ ဂူအ၀တွင် မီးပုံဘေးသို့ ကပ်၍ ဂူအတွင်းတရွေ့ရွှေ့ ချီတက်နေကြသည်ကိုတွေ့ လိုက်ရ၏ ။ ဂူထဲတွင် အိပ်ပျော်နေသော ရွာသူရွာသားများမှာအတုံးအရုံး ။ ကျွန်ုပ်လည်း ဖြေးဖြေး ချင်း ထ၍ မည်သို့ကြံစည်ရမှန်းမသိဖြစ်နေသည် ။ ထိုအခိုက် ဂူ၏ မီး ပုံဘေးတွေ ခွေခွေလေး အိပ်နေသော ပုတုမှာ ရုတ်တရက်ထလာ၍ မီးပုံဘေးမှ ထင်းစ ၂ စကို ကောက် ကိုင်လိုက်လေ သည် ။ မြင်ကွင်းကားအသဲယားစရာ ။ ပင့်ကူအုပ်စုမှာလည်း ရန်သူတွေ့သည့်အလား လှုပ်လှုပ်ရှား ရှားဖြစ် ကုန်ကြလေတော့သည် ။ အိဖြူမှာ အန္တရာယ်ရှိ တောတွင်းအဆိပ်ပြင်းပင့်ကူများကို မကြောက်ရွှံ့ သည့်အလား မီးစွဲနေသော ထင်းချောင်းနဲ့ မွှေ့ယမ်းကာ လိုက်ရိုက်လေတောသည် ။ မီးအပူရှိန်ကြောင့် ပဲလား ရုတ်တရက်တိုက်ခိုက်ခံလိုက်ရ၍လားမသိပေ ။ တောတွင်းပင့်ကူများ မှာ နောက်သို့ အနည်း ငယ်ဆုတ် သွားလေသည် ။ ထိုအခါ မှ ကျွန်ုပ်လည်း ဂူအတွင်းရှိ ရွာသားများကိုနှိုးကာ ပင့်ကူများကို မောင်း ထုတ်ရလေတော့ သည် ။ ကမ္ဘာပျက်သည့်အလား ဂူအတွင်းတွင် ၀ရုန်သုန်းကားနှင့် တုတ်များနှင့် ရိုက်သူကရိုက် အသံဖြင့်ခြောက်လှန့်သူက လှန့်နှင့် ပျော်စရာပင်ကောင်းပေသေးတော့သည် ။ လူအင်အားများ၍လားမသိ ။ တောတွင်းပင့်ကူအုပ်ကြီးမှာ ပြန်လည်၍ တောတွင်းသို့ ပြေးဝင်သွားကြလေသည် ။

“ တော်ပါသေးရဲ့ ပုတုကယ်ပေလို့ မဟုတ်ရင်တော့ ငါတို့တော့သွားပြီ ”

နဲဗားက ရင်ဖိသံဖြင့် ၀င်ပြောလေသည် ။ ဤတွင် ပုတုက

“ ဟွန်း ကင်းစောင့်တဲ့ ငရဲမင်းက လည်းအိပ်လို့ ရှင်ကရော ဟောက်တောင်ဟောက်နေသေးတယ် ဒီက အိပ်ရေးဆတ်လို့ပေါ့ မဟုတ်ရင် အကိုက်ခံနေရတာကြာပြီ ”

“ အင်းတို့တွေ တော့ သတိပိုပြီးထားကြဖို့လိုပြီ ”

သို့နှင့်ထိုတစ်ညအား ကြောက်လန့်မှုများစွာနှင့် ကျွန်ုပ်တို့အားလုံးဖြတ်ကျော်ခဲ့ရလေတော့သည် ။

ဆက်ရန် ။

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

4 comments:

  1. ဆွေလေးမွန်April 1, 2011 at 6:33 PM

    ဖတ်သွားပြီး သုံးပိုင်းလုံး စိတ်ဝင်စားဖို့လဲကောင်းတယ်.
    ပျော်ဖို့လဲ ကောင်းတယ်နော်..
    ပြီးတော့ လဲ ကြောက်စရာ..
    နောက်ထပ်အပိုင်းတွေ မျှော်နေတယ် အစ်ကို သက်တန့်ရေ

    ReplyDelete
  2. စောင့်မျှော်နေတယ်အကိုရေ...
    ကောင်းသောနေ့လေးဖြစ်ပါစေ။

    ReplyDelete
  3. အဖြူရောင်နတ်သမီးApril 2, 2011 at 6:07 PM

    ဖတ်ချင်တယ်..
    ဒါပေမယ့် ဖတ်သေးဘူး...တင်းထားတယ်...။
    “စ”...“ဆုံး” မှ ဖတ်ချင်တာပါဆိုနေ...။

    ReplyDelete
  4. ဂျိးရေ..
    ၇ွာထဲကကလေးတွေပါဘူးလား
    ဟိဟိ

    ReplyDelete