Saturday, December 3, 2011

မိချောင်းတွေကိုမကြောက်သူ

မိချောင်းတွေကိုမကြောက်သူ



ဒီလူဟာ ကတယ့်ကို သဘာဝတရားနဲ့အကျွမ်းတ၀င်ရှိပြီး အာဂ လူပါပဲ ။ သူ့နာမည်က Stuart Parker ဖြစ်ပြီး ပုံမှာမြင်ရတဲ့ မိချောင်းခေါင်းတိုကတော့ သူအိမ်မွေးတိရိစ္ဆာန်အဖြစ်မွေးမြူထားတဲ့ မိချောင်းခေါင်းတို Nelson ဖြစ်ပါတယ် ။ လွန်ခဲ့တဲ့ ၁၇ နှစ်လောက်ကတည်းက သူမွေးထားခဲ့တဲ့မိချောင်းခေါင်းတို Nelson ဟာ အခုဆိုရင် ၁၀ ပေ ရှိနေပြီဖြစ်ပြီး ကြောက်စရာအကောင်းဆုံးမိချောင်းမျိုးနွယ်တွေထဲမှာ ပါဝင်ပါတယ် ။



တောတွင်းဥယျာဉ်ပိုင်ရှင်က “ မိချောင်းခေါင်းတိုတွေဟာ တကယ်တော့ ယဉ်ကျေးတဲ့ သဘောသဘာဝ ရှိပြီး သင်ဟာ သူ့ရဲ့မေးစေ့အောက်နားကိုတောင်ပွတ်သပ်ပေးနိုင်ပါတယ် ” လို့ပြောခဲ့ပါတယ် ။ ရဲရင့်တဲ့ Stuart ဟာ သြစတေးလျနိုင်ငံမှာနေထိုင်ပြီး သူ့အသက် ၆ နှစ်သားအရွယ်မှာ မိချောင်းတွေရဲ့ကိုက်ခဲမှုကို ခံရပြီးနောက် အခု လို မိချောင်းခေါင်းတိုတွေကို စွဲမက်သွားရခြင်းဖြစ်ပါသတဲ့ ။

သက်တန့်ချို

Source : http://www.express.co.uk/

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

No comments:

Post a Comment