Tuesday, June 5, 2012

သွေးညှီနံ့တွေ---သွေးညှီနံ့တွေ ---နဲ့ ၂၀၁၂ သတင်းတွေ

သွေးညှီနံ့တွေ---သွေးညှီနံ့တွေ ---နဲ့ ၂၀၁၂ သတင်းတွေ

Facebook ပေါ်တက်ရမှာ ထိတ်လန့်ကြောက်ရွံ့စရာ
သွေးညှီနံ့တွေ တ၀ုန်းဝုန်း---သေခဲ့ကြ ကြေခဲ့ကြ
လူတွေက လူတွေကို သတ် --လူတွေက လူတွေကိုပြန်သတ်
ဒီလိုနဲ့---လူသတ်ပွဲ ၂၀၁၂ အကြောင်း သတင်းစုံလင်စွာနဲ့ ။

တစ်မီးမပြီးသေး--နောက်တစ်မီး ပေး--ရန်တွေက အေးအေးမလာပဲ
ဘေးထွက်ဆိုးကျိုးများသော “ သွေးလူးပွဲ ” အချို့
အပျက်ပျက်နဲ့နှာခေါင်းသွေးတွေထွံက်--တကယ့်ဂယက် က လူတွေရဲ့နှလုံးသားထဲမှာ
မုန်းတီးခြင်းတရားဟာ ဖီးမီးလို တစိမ့်စိမ့်လောင်မြိုက်နေခဲ့ကြရ ။

အားလုံးမြေကြီးထဲသွားကြမယ် --တစ်ယောက်ကတစ်ယောက်ကို လည်ပင်းဖက်ခေါ်
အဖော်အလှော်တွေနဲ့အပေါင်းတွေအသင်းတွေနဲ့ စော်ကားမှုတွေနဲ့တုံ့ပြန်မှုတွေနဲ့
Action = Response လွပ်လပ်သော ဒီမိုကရေစီပျိုငယ် တို့ပြည်ဝယ်
ခုတ်ချင်တိုင်းခုတ်ကျ သတ်ချင်တိုင်းသတ်ကျ -- ခါးသီးသောဘ၀တွေများစွာ ။

ဒီလိုနဲ့ နေတွေဝင်ကြ--ဒီလိုနဲ့မိုးတွေချုပ်ကြ---အာရုဏ်က ဘယ်တော့မှမလင်းခဲ့ဘူး
သတင်းတွေ အတင်းတွေ အဖျင်းတွေ ---ကွယ်ပျောက်ခဲ့ရသော အလင်းတွေ
ဆို့နင့်နေကျမျက်ရည်တွေ ---- တော်ပြီ --ရပ်ပါတော့
ငါတို့ပြည်--ငါတို့မြေ---ဆီမီးအရောင် နဲ့ဘာသာအရောင်အ၀ါ
နေလိုထွန်းလင်း ဗုဒ္ဓရဲ့အေးချမ်းသောမြေ--
သွေးတွေ--သွေးတွေ
တို့မြေကို--ထပ်မကျ --ကျပါစေနဲ့ ။

သက်တန့်ချို
( စိတ်တွေအရမ်းပူနေတယ် စိတ်တွေ အရမ်းပျက်နေတယ် ဖြစ်ပျက်နေသော အဖြစ်အပျက်အားလုံးအတွက်
ခင်ဗျားတို့ ကျွန်တော်တို့ ၂၀၁၂ မြန်မာနိုင်ငံအတွင်းနေထိုင်ကြသော လူမျိုးတိုင်း တွင် တာဝန်ရှိပါသည် ။)

တောက် !!! အခုချိန်ထိ --ဟင် ဘာတွေဖြစ်နေကြတာလဲဟင် ဆိုပြီးမေးတဲ့သူကရှိသေးတယ် နည်းနည်းပါပါးလည်း နားလေးစွင့်မျက်စိလေးဖွင့်ကြည့်ကြပါဦး ကိုယ့်လူတို့ရယ် ။

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

6 comments:

  1. ဟုတ်ပါ့ဗျာ။ တိုးတက်ရေးလမ်းဖောက်ကာစမှာ ဒါမျိုးတွေဟာ ကျွန်တော်တို့နိုင်ငံအတွက် တကယ်ကို မဖြစ်သင့်၊ မလုပ်သင့်တဲ့ ကိစ္စတွေပါ။ သွေးညှီနံ့တွေကို ရှူရှိုက်နေရခြင်းမှ အမြန်ဆုံးလွတ်မြောက်ကြပါစေ။

    ReplyDelete
  2. ကိုသက်တန့်ရေ..

    အမှန်ပေါ့ဗျာ..

    ခင်မင်တဲ့
    အလွမ်း

    ReplyDelete
  3. သွေးလူးပွဲ အကျိုးကြောင်ဆက်စပ်မှုမရှိဖူး
    ခုတ်ရာရှရာတခြားဖြစ်နေတယ်နော်
    ပြသာနာကိုဖြေရှင်းရမယ့်သူတွေငြိမ်မနေကြပါနဲ့ဗျို့

    ReplyDelete
  4. အိပ်ပျော်နေလို့နေမှာပါတော်း))

    ခင်မင်လျှက်

    မဒိုးကန်

    ReplyDelete
  5. ဘာပြောရမလဲမသိတော့ပါဘူးဆရာရယ်...

    ReplyDelete
  6. သွေးညှီနံ့တွေ---သွေးညှီနံ့တွေ ---နဲ့ ၂၀၁၂ သတင်းတွေ