Tuesday, March 5, 2013

သူက . . ဖခင်ကောင်း . . စနစ်ဟောင်းကိုတော်လှန်နေသူ



စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို










သူက . . ဖခင်ကောင်း . . စနစ်ဟောင်းကိုတော်လှန်နေသူ

သူက သာမန်ရိုးရိုးကြီးပဲ
သူက သာမန်ဦးလေးကြီးပဲ
သူက သာမန်နဲ့မတူတဲ့ စိတ်ထားတော့ရှိတယ်
ခေတ်ပြောင်းတော်လှန်ရေးကို ဦးဆောင်လို့
စနစ်ကောင်းတွေကို စတင်ခဲ့

မြေစမ်းခရမ်းပျိုးကာလပါ
အနည်းဆုံးတော့ တိုင်းပြည်ကိုစေတနာရှိတာ
သူ့မျက်လုံးတွေမှာပေါ်တယ်
သူ့အပြုံးတွေမှာပေါ်တယ်
သူ့လုပ်ရပ်တွေမှာပေါ်တယ်
သူ့မှာ အခက်အခဲတွေရှိတယ်
သူ့မှာအားနည်းချက်တွေရှိတယ်

သူက အသက်ကြီးနေပြီ
သူက ပါးရေနားရေတွန့်နေပြီ
သူ့မှာ မသန်စွမ်းတဲ့နှလုံးသားကို
ဘက်ထရီအကူအညီနဲ့ခုန်စေလို့
သူ့စိတ်ဖိစီးမှုကိုဘယ်သူကများ
စာနာနားလည်ပေးမလဲ

သူက လူလိမ်လို့အပြောခံရတယ်
သူက ရွှေပန်းနဲ့အကြိုခံရတယ်
သူက မျက်ရည်အကြိမ်ကြိမ်ကျတယ်
သူ့မိသားစုမှာ သူက ဖခင်ကောင်း
သူ့တိုင်းပြည်မှာ သူက ခေါင်းဆောင်ကောင်း
စနစ်ဟောင်းကို သူရဲဝံ့စွာတော်လှန်တယ်

သူက သာမန်လူသားတစ်ယောက်ပဲ
သူ့မှာ အစွမ်းထက်တန်ခိုးတွေမရှိဘူး
စေလိုရာစေ ဖြစ်စေရာဖြစ်
စနစ်ကို ချက်ချင်း ပြောင်းဖို့မလွယ်ဘူး
အရာရာကို အသိနဲ့သတိကို စုံတွဲလို့
ဒီမိုကရေစီကိုသူဖော်ဆောင်နေတယ်

သူ့မှာ တိုင်းပြည်အတွက်လက်တွဲမယ့် ဒေါ်စုရှိတယ်
သူ့မှာ တိုင်းပြည်အတွက်လက်တွဲမယ့် ကိုမင်းကိုနိုင်ရှိတယ်
သူ့မှာ တိုင်းပြည်အတွက်လက်တွဲမယ့် ပြည်သူတွေရှိတယ်
သူ့မှာ မြန်မာပြည်ကိုချစ်စိတ်ရှိတယ်
သူ့ရင်ခုန်သံဟာ တိုင်းပြည်အတွက် သွေးတစ်စက်
အဖက်ဖက်ကနေ သူကြည့်ရှာတယ်

မောနေပါပြီ
သူသွားနေတဲ့ခရီးတိုင်းမှာ တိုင်းပြည်အတွက်
မျက်နှာလည်းငုံ့ခဲ့ရ မျက်ရည်လည်းကျခဲ့ရ
ကလင်တန်ကို ရိုသေခဲ့ရ
အိုဘားမားကိုရိုသေခဲ့ရ
ယင်လတ်ကိုရိုသေခဲ့ရ
ဘယ်သူကများ ဒီအဖိုးအခကိုသိနိုင်မလဲ

သူ . . မောနေပါပြီ
အနာဂါတ်က မှောင်ပြပြ
တတ်စွမ်းသမျှ အလင်းပေးချင်တဲ့သူ
သူ့ပုံစံက လှောင်စရာကောင်းနေလို့လား
သူ့ မျက်ဝန်းတွေက မသမာမှုတွေလုပ်နေလို့လား
သူ့အပြုံးတွေက အရေခြုံတွေမို့လို့လား
သူ့မှာ သူမတတ်နိုင်တဲ့ တွန်းအားတချို့
သူ့မှာ သူကယ်ဆယ်နေရတဲ့ ဒုက္ခတချို့
သူ့မှာ သူ ထမ်းတင်နေရတဲ့ အနာဂါတ်တချို့
နံနက်ခင်းတိုင်းမှာ ခင်ဗျားတို့ ကျွန်တော်တို့လို
ပျော်ရွှင်စွာ နေနိုင်ကြရဲ့လား

သူ . . လင်းစေချင်တယ်
အမှောင်တွေကို . . . ဖယ်ခွာချလို့
တိုင်းပြည်အတွက်ချစ်စိတ်
သူ့ နေ့ရက်တိုင်းအတွက် ထိပ်မှာ ရှိတယ်
သူ့လက်တစ်စုံဟာ တိုင်းပြည်အတွက်
သူ့ ခြေထောက်တစ်စုံဟာ တိုင်းပြည်အတွက်
အဖက်ဖက်ကနေ လေးစား
အကြွေးများနဲ့တိုင်းပြည်ကိုကယ်တင်
မြန်မာပြည်ရဲ့ အရှင်ပါ

သူဘယ်လောက်ထိ ဆက်လုပ်ခွင့်ရမလဲ
တစ်နှစ်. . .နှစ်နှစ်. . .သုံးနှစ် . . .
ဇရာက လုပ်နိုင်ခွင့်ကိုတားဆီးတယ်
ဖိအားက လုပ်ပိုင်ခွင့်ကို နှောင့်နှေးစေတယ်
ဘယ်တော့မှ စိတ်မပျက်ဘူး
ဘယ်တော့မှ လက်မှိုင်မချဘူး
သူချစ်တဲ့ပြည်အတွက်
စနစ်ဟောင်းကို ဦးဆောင်တော်လှန်နေတဲ့သူ ။

သက်တန့်ချို

အစဉ်လေးစားသောအားဖြင့်.......................

10 comments:

  1. ကဗျာဖတ်ရင်း မျက်ရည်တောင်ဝဲရတယ်..

    တကယ်

    ReplyDelete
  2. သူက . . ဖခင်ကောင်း . . စနစ်ဟောင်းကိုတော်လှန်နေသူ
    သူက သာမန်ရိုးရိုးကြီးပဲ
    သူက သာမန်ဦးလေးကြီးပဲ
    သူက သာမန်နဲ့မတူတဲ့ စိတ်ထားတော့ရှိတယ်
    ခေတ်ပြောင်းတော်လှန်ရေးကို ဦးဆောင်လို့
    စနစ်ကောင်းတွေကို စတင်ခဲ့.......

    အဲ့အစပိုဒ်မှာထဲက ရင်ထဲထိသွားတယ်...
    ယှဉ်တွဲပြီးတင်ထားတဲ့ သမ္မတကြီးပုံဟာ
    ပိုပြီးအသက်ဝင် မွန်မြတ်နေသလိုပဲ....
    ကဗျာလေးက သမ္မတကြီးကို ချစ်ခင်လေးစား
    ကြည်ညိုစိတ်နဲ့ ပွားများပြီးရေးထားလို့ထင်တယ်
    အကိုရေ...တကယ်ပဲကောင်းလိုက်တာရှင်....
    စကားလုံးတိုင်းဟာ အဓိပ္ပါယ်အပြည့်နဲ့ တန်ဖိုးရှိလှတယ်
    ဒီလိုကဗျာမျိုးလေးကို ရင်နဲ့ရင်းပြီးးးးးးးး
    ထုဆစ်ပေးခဲ့တဲ့ အကိုသက်တန့်ကိုလဲ မိုးနတ်
    သိပ်ကိုကျေးဇူးတင်ပါတယ်နော်...:)
    ခင်မင်လေးစားလျက်...
    မိုးနတ်ကြယ်စင်

    ReplyDelete
  3. စနစ်ဟောင်းတော်လှန်သူနောက်က ကန့်လန့်မလိုက်ကြပဲ ဖြောင့်ဖြောင့်လိုက်ကြရင် ကောင်းမယ်နော်..

    ReplyDelete
  4. တကယ့်ကိုမှန်ပါတယ်။သူ့တကယ်ကိုမောနေပါပြီ။လေးစားစရာကောင်းတဲ့ခေါင်းဆောင်ကောင်းတစ်ယောက်ပါ။

    ReplyDelete
  5. ဆရာဝန်လေးရေ..အားနာလို့အောက်ကဆောင်းပါးမှာပဲcomment ပေးခဲ့ပေမယ့်အဖျက်ခံရတယ်ထင်တာနဲ့ဒီမှာပဲcommentထပ်ပေးလိုက်ပါတယ်
    သတင်းတွေသေချာဖတ်ပါဦး.ဆရာဝန်လေးအိမ်မှာရေမီးမှန်ကောင်းမှန်
်နေပါလိမ့်မယ်.အများပြည်သူအတွက်ရေမီးဆေးရုံနဲ့ဆေး.အလုံအလောက်ရရဲ့လားနိုင်ငံတကာကတောင်းလို့ရလာတဲ့ငွေတွေဘယ်မှာသုံးနေသလဲ.လော
    လောဆယ်လယ်သမားတွေဒုက္ခရောက်နေပါတယ်အနိုင်ကျင့်ခံနေရတယ်
    ဘုန်းတော်ကြီးတွေမီးလောင်ဗုံးနဲ့ပစ်ခံရတယ်ခုထိအေ၇းယူသေးလို့လား.ဒေါ်စုလည်းသူ့ကိုယ်ကျိုးထိမှာစိုးလို့ထင်ပါရဲ့.ဘာမှဝင်မပြောခဲ့ပါဘူး..အဲဒါကို
    ကျေးဇူးရှင်ထင်နေရင်တော့လောလောဆယ်ဆရာဝန်လေးကိုအားနာလို့မပြောရင်နေရမယ်.စိတ်ထဲကလက်ခံကြမှာမဟုတ်တာcommentတွေကြည့်ရင်သိသာနေပါတယ်..အရင်စာတွေလိုမထောက်ခံကြတော့တာအရင်ဆောင်းပါးထဲကပဲလေ.စေတနာနဲ့ပြောတာ.ဆရာဝန်လေးရေ...

    ReplyDelete
  6. တိုင်းပြည်ကောင်းကျိုးအတွက်လုပ်တဲ့ အလုပ်မှန်သမျှ အောင်မြင်ပါစေဗျား


    မောင်ဘကြိုင်

    ReplyDelete
  7. လဲ့ ရည် မွန်May 15, 2013 at 11:46 AM

    ကောင်းလိုက်တဲ့ စာသားပါလားနော်
    အရမ်းကျေးဇူးတင် ပါတယ် ကိုသက်တန့်ချို
    အပင်မြင့်လေ လေတိုက်ခံရ လေတဲ့ yarzar ဆိုတဲ့လူလို အ ကောင်းမမြင် တတ်တဲ့ လူတွေလဲရှိမှာပဲလေ အမတို့ပြောချင်နေတဲ့ ရင် ထဲက စကားလုံး တွေ ရေးပြ ပေးတဲ့ အတွက် ကျေးဇူး အရမ်းတင် ပါတယ်

    ReplyDelete
  8. အမ လည်းသဘောတူတယ် သူက တကယ်တော်တယ် ပြီးပြည့်စုံမူဆို တာချက်ချင်းတော့ဘယ်ရမလဲနော်..

    ReplyDelete
  9. တိုင်းပြည်တိုးတက်ဖို့အတွက်မျက်နှာအောက်ကျခံရတယ်ကြည်ညိုဖို့ကောင်းတဲ့လူပါ

    ReplyDelete
  10. တကယ်လေးစားဖို့ကောင်းတဲ့သူပါဗျာ
    ဒီကဗျာလေးကိုတင်ပေးတဲ့အကို သက်တန့်ကိုလဲကျေးဇူးတင်ပါတယ်
    ရှေးကစနစ်ဟောင်းကိုလက်တွေ့နဲ့ပထမဦးဆုံးတော်လှန်သူဆိုတော့ အခက်အခဲတော့ရှိတာပေါ့ သူ့နေရာမှာ ကျွန်တော်တို့ဆိုရင်လဲဒီလောက်အထိလုပ်နိုင်မယ်မထင်ပါဘူး ကိုယ်တောင်သူ့လောက်မလုပ်နိုင်ပဲနဲ့ဝေဖန်ချင်အပစ်ပြောချင်နေတဲ့သူတွေကို ကျွန်တော်က အကောင်းမြင်တတ်သောမျက်စိများရှိနိုင်ပါစေလို့ဆုတောင်းပေးပါယ်ဗျာ လေးစားပါတယ် သမ္မတကြီးသက်တော်ရှည်လို့ တိုင်းပြည်နဲ့လူမျိုးအပေါ် စောင့်ရှောက်နိုင် တိုင်းပြည်နဲ့လူမျိုးအပေါ်အကျိုးပြုနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ

    ReplyDelete