Thursday, January 9, 2014

ဒီတိုင်းပြည်မှာ နွားဘယ်နှစ်ကောင်ရှိသလဲ

ဒီတိုင်းပြည်မှာ နွားဘယ်နှစ်ကောင်ရှိသလဲ


ဘုရင်ကြီး အက်ခ်ဘာ ဟာ သူ့တိုင်းပြည်မှာ ပဟေဌိ ဥာဏ်စမ်းတွေကို မေးရတာ အလွန်ဝါသနာထုံသူဖြစ်ပါတယ် ။ သူဟာ တခါတရံမှာ အရမ်းထိုထူးဆန်းပြီး ပျော်ရွှင်ဖွယ်ကောင်းတဲ့မေးခွန်းတွေကိုမေးလေ့ရှိတယ် ။ သူ့မေးခွန်းရဲ့အဖြေကို ဖြေဆိုနိုင်ဖို့ရာအလွန်ကို ဥာဏ်ကောင်းမှဖြစ်နိုင်ပါတယ် ။ 

တစ်ခါတော့ ဘုရင်ကြီးကအလွန်ထူးဆန်းတဲ့မေးခွန်းတစ်ခုကိုမေးလိုက်တယ် ။ တိုင်းသူပြည်သားတွေက ဘုရင်ကြီးမေးခွန်းကြောင့် လက်မှိုင်ချသွားကြတယ် ။ ဘုရင်ကြီးအက်ခ်ဘာဟာ သူ့တိုင်းသူပြည်သားတွေကို လိုက်ကြည့်တယ် ။ သူကြည့်လိုက်တဲ့နေရာတိုင်းမှာ တိုင်းသူပြည်သားတွေက အဖြေကိုစဉ်းစားတဲ့ပုံစံနဲ့ခေါင်းတွေကို အောက်ငုံ့ထားတာကိုတွေ့လိုက်ရတယ် ။ အဲဒီအချိန်မှာပဲ ဘာဘယ်လ် လို့ခေါ်တဲ့ လူတစ်ယောက်က ဘုရင်ကြီးရှေ့ကို တိုးထွက်လာခဲ့တယ် ။ ဘာဘယ်လ်ဟာ ဘုရင်ကြီးရဲ့ ထူးဆန်းတဲ့မေးခွန်းကို ဖြေဆိုနိုင်တယ်လို့ယုံကြည်ပြီးဘုရင်ကြီးကိုထပ်မေးလိုက်တယ် ။ 

“ အရှင်မင်းကြီးရဲ့မေးခွန်းကိုပြန်ပြောပေးပါ ကျွန်တော်ဖြေဆိုပါရစေ ” 

အက်ခ်ဘာကပြောတယ် “ ဒီတိုင်းပြည်မှာ နွားဘယ်နှစ်ကောင်ရှိပါသလဲ ” 

တစ်စက္ကန့်တောင် နှောင့်နှေးခြင်းမရှိပဲ ဘာဘယ်လ်က ဖြေလိုက်တယ် “ မှန်လှပါ နွားစုစုပေါင်း ငါးထောင့်ငါးရာ ရှစ်ဆယ့်ကိုးကောင်ရှိပါတယ် အရှင်မင်းကြီး ” 

အက်ခ်ဘာကပြန်မေးတယ် “ သင်က ဘယ်လိုသိတာလဲ သေချာရဲ့လား ” 

ဘာဘယ်လ်ကဖြေတယ် “ အရှင်မင်းကြီးရဲ့အမှုထမ်းတွေကိုရေတွက်ခိုင်းလိုက်ပါ အကယ်၍ နွားအရေအတွက် ဒီထက်ပိုများရင်ပိုတဲ့နွားတွေက ဒီနေရာမှာ သူတို့အမျိုးတွေရှိလို့ လာရောက်လည်ပတ်နေကြတာပါ အကယ်၍ လျော့နည်းပြီး ရှိနေခဲ့ရင်တော့လျော့နည်းနေတဲ့အရေအတွက်ဟာ တခြားတိုင်းပြည်မှာရှိတဲ့သူတို့အမျိုးတွေဆီသွားလည်ပတ်နေကြတာပါ အရှင်မင်းကြီး ” 

ဘုရင်ကြီးအက်ခ်ဘာဟာ ဥာဏ်ပညာပြည့်စုံတဲ့ဘာဘယ်လ်ကို ၀မ်းသာအားရ ချီးကျူးခဲ့ပါတယ် ။ 

=============================

ဥာဏ်ပညာရှိခြင်းနဲ့စဉ်းစားတွေးခေါ်တတ်ခြင်းက အရာအားလုံကို ဖြေရှင်းနိုင်စွမ်းရှိပါတယ် ။ 

သက်တန့်ချို
Ref : A Wise Counting / http://www.english-for-students.com/

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

No comments:

Post a Comment