Saturday, May 3, 2014

ဖခင်တွေဖတ်ဖို့ ရေးတဲ့စာ


ဖခင်တွေဖတ်ဖို့ ရေးတဲ့စာ

- ကိုယ်ကိုယ်တိုင် လိုလို လားလား ဖိတ်ခေါ်ထားပြီးမှ ပြန်လည်စွန့်ပစ်ခြင်းကို ဖခင်လို့ မခေါ်ထိုက်ဘူး

- သားသမီး တို့မည်သည် ကိုယ် မသေသေးသရွေ့ ကိုယ့်တာဝန်ဖြစ်သလို ဘယ်လို အခြေအနေမှာဖြစ်ဖြစ် ကိုယ့်ရဲ့သားသမီးပဲဖြစ်တယ်

- ကိုယ်မွေးလိုက်တဲ့ ရင်သွေးဟာ နူနူ ကျိုးကန်း ကိုယ့်ရဲ့ ရင်သွေးဖြစ်တာမို့ အချိန်နဲ့အမျှ ကိုယ့်မှာ တာဝန်ရှိတယ်

- ရင်သွေးအတွက် အရာရာကို စွန့်လွှတ် အနစ်နာခံနိုင်တဲ့သူကိုသာ ဖခင်လို့ ခေါ်ထိုက်တယ်

- ဖခင်တစ်ယောက်ဖြစ်ပြီဆို ကိုယ့်ရဲ့ လိုအင်ဆန္ဒကို သားသမီးတွေကို ချစ်တဲ့အချစ်နဲ့ ဖုံးကွယ်ဖျက်ဆီးပစ်နိုင်ရမယ်

- ကိုယ့်ရင်သွေးဟာ ဥာဏ်ရည်နိမ့်သည်ဖြစ်စေ မြင့်သည်ဖြစ်စေ မွေးရာပါ ချို့တဲ့သည်ဖြစ်စေ မချို့တဲ့သည်ဖြစ်စေ ချစ်ခင်မြတ်နိုးရမယ့်တာဝန်ရှိတယ်

- ဖခင်တစ်ယောက်ဖြစ်ပြီဆို ကိုယ့်ရင်သွေးဟာ ကိုယ့်ဘ၀အတွက် ဦးစားပေး နံပတ် တစ်ဖြစ်နေရမယ်

- ဖခင်တစ်ယောက်ဖြစ်ပြီဆိုရင် မလိုလားအပ်တဲ့ အရာမှန်သမျှ ( သားသမီးအတွက် တာဝန်ကင်းမဲ့စေတဲ့ လုပ်ရပ် ) အားလုံးကို ပယ်သတ်နိုင်ရမယ်

- ဖခင်တစ်ယောက်ရဲ့ Role ဟာ ချစ်ခြင်းမေတ္တာတစ်ခုတည်းနဲ့မပြည့်စုံဘူး Responsibility လို့ခေါ်တဲ့ တာဝန်ယူမှု Protection လို့ခေါ်တဲ့ ကာကွယ်စောင့်ရှောက်မှုပါ ပါဝင်တယ်

- ဖခင်ပီသစေဖို့ အဖေ ဆိုတဲ့ နာမည်တစ်ခု စစ်မှန်ဖို့ ဆန္ဒနဲ့ အာသီသကို ချိုးနှိမ်လို့ သားသမီးနောင်ရေးအတွက်အမြဲပြင်ဆင်ထားရမယ် ။

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

No comments:

Post a Comment