Tuesday, March 28, 2017

ကိုယ့်အကျင့်ကိုယ် ပြင်ကြစို့



အစိုးရကိုချည်း လှိမ့်အပြစ်တင်နေလို့မရဘူး
ကိုယ်ကိုယ်တိုင်လည်း အသုံးကျအောင်နေမှ ရမှာ

အစိုးရကိုချည်း စနစ်မကျဘူးပြောနေလို့မရဘူး
ကိုယ့်ပါးစပ်ထဲက ကွမ်း စည်းကမ်းတကျ ထွေးတတ်ဖို့လည်းလိုတယ်

အစိုးရကိုချည်း ထိုင်ဆဲနေလို့မရဘူး
ကိုယ့်အမှိုက်ကိုယ် လမ်းပေါ် ပစ်မချမိအောင် နေတတ်ဖို့လည်းလိုတယ်

အစိုးရကိုချည်း မကောင်းပြောနေလို့မရဘူး
ကိုယ်ကိုယ်တိုင် လူကြားထဲ ဆေးလိပ်မသောက်ပဲ နေနိုင်ဖို့လည်းလိုတယ်

အစိုးရကိုချည်း ဘုပြောနေလို့မရဘူး
ကိုယ်ကိုယ်တိုင် တန်းစီစနစ် နဲ့အသားကျအောင် ကျင့်ဖို့လည်းလိုတယ်

( လူတော်တော်များများ က ကိုယ်ကိုယ်တိုင်သာ စည်းကမ်းမရှိ ကွမ်းတံတွေးထွေးချင်ရာထွေး လူကြားထဲ ဆေးလိပ်သောက်
တန်းမစီချင် ကျော်တက်လုခွ လက်လွတ်စပယ် အမှိုက်ပစ် နေကြပြီးပါးစပ်ကတော့ ဒီ အစိုးရ ဘာဖြစ်တယ်ညာဖြစ်တယ်ပြောပြောနေကြတာ
ကိုယ်ကိုယ်တိုင် ဘယ်လောက်ထိ စည်းကမ်းတကျ ကြိုးစားချင်စိတ် ရှိပြီး ချွေတာ စုဆောင်းချင်စိတ် ပူးပေါင်းပါဝင်လိုစိတ်ရှိတယ်ဆိုတာ မဆန်းစစ်ကြဘူး )

နိုင်ငံတစ်ခုမပြောနဲ့ မြို့နယ်တစ်ခု ရပ်ကွက်တစ်ခု နောက်ဆုံးမိသားစုတစ်ခု တိုးတက်ချင်ရင်တောင်
အိမ်ရှိလူအားလုံး တက်ညီလက်ညီ ၀ိုင်းပြီး အလုပ်လုပ်ကြဖို့လိုတာ စည်းကမ်းရှိကြဖို့လိုတာ

ပါးစပ်ကသာ ဒီမိုကရေစီအော်နေကြပြီးအခုက ကားပေါ်ကနေ ကွမ်းတံတွေးထွေးချင်ရာထွေး စင်ချင်ရာစင် ကိုယ်လုပ်တာမဟုတ်တဲ့အတိုင်း မျက်နှာပြောင်တိုက်တတ်တဲ့အကျင့်လေးတွေ ပြင်နိုင်ရင်တောင် တော်တော်ဟုတ်နေပြီ ။

သက်တန့်ချို
28.3.2017

No comments:

Post a Comment