Thursday, March 21, 2019

မတူညီတဲ့ လမ်းမှာ လျှောက်တိုင်း တစ်ဖက်လူကို မှားတယ်လို့ မသတ်မှတ်နဲ့

















အရာရာကို ငါ သိလှပြီလို့မထင်ပါနဲ့
လောကကြီးမှာ သင် မသိသေးတာတွေ အများကြီးပါ

အရာရာကို ငါ တတ်လှပြီလို့မထင်ပါနဲ့
လောကကြီးမှာ သင် မတတ်သေးတာတွေ အများကြီးပါ

အရာရာကို ငါ လုပ်နိုင်ပြီလို့မထင်ပါနဲ့
လောကကြီးမှာ သင် မလုပ်နိုင်သေးတာတွေ အများကြီးပါ

လူတိုင်းမှာ
အတွေးကိုယ်စီရှိတယ်
စိတ်ကူးကိုယ်စီရှိတယ်
အိပ်မက် ကိုယ်စီရှိတယ်

မတူညီတဲ့လမ်းမှာ လျှောက်တိုင်း
တစ်ဖက်လူကို မှားယွင်းတယ်လို့
ဘယ်တော့မှ မသတ်မှတ်ပါနဲ့ ။

သက်တန့်ချို
21 March 2019


စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

No comments:

Post a Comment