Thursday, April 4, 2019

ရိုးသားတဲ့သစ္စာ










ဝေးခြင်းနီးခြင်းထက်
နှလုံးသားချင်းနီးဖို့အဓိကကျတယ်

ပြေလည်ခြင်း ၊ မပြေလည်ခြင်းထက်
ကိုယ်ချစ်တဲ့လူအကြောင်းတွေးနေဖို့က အဓိကကျတယ်

အတူရှိခြင်းမရှိခြင်းထက်
သစ္စာရှိနေဖို့ကအဓိကကျပါတယ်

လူတစ်ယောက်ကို ချစ်တယ်ဆိုတာ
လုပ်ယူပြီး ရိုးသားပြတာမျိုးမဟုတ်ဘူး

အချိန်တိုင်းသစ္စာရှိရှိနဲ့ ဘယ်လို အခက်အခဲဖြစ်ဖြစ်
လက်မလျော့တတ်တာ မျိုးကိုခေါ်တယ်

သက်တန့်ချို
4.4.2019

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

No comments:

Post a Comment