Friday, June 21, 2019

ကလေးငယ်များသည် ကြောက်ရွံ့ခြင်းနှင့် မရှင်သန်သင့်


 " Child Rape ကို သေဒါဏ်ပေးခြင်း ၊ တစ်သက်တစ်ကျွန်းချမှတ်ခြင်းအပြင် သင့်တော်သော ဒါဏ်ခတ်ခြင်းမရှိ "

နိုင်ငံသားတွေကို ကာကွယ်ပေးတဲ့ ဥပဒေဆိုတာ စံ ( standard ) ဖြစ်ရပါမယ်
ချစ်လို့ဖြစ်စေ မုန်းလို့ဖြစ်စေ လိုက်ကိုလိုက်နာရမယ့် Law ဖြစ်ဖို့လိုပါတယ်
ကြောက်ရွံ့ဖို့မကောင်းတဲ့ ၊ စံ ပြ မဖြစ်တဲ့ ဥပဒေတိုင်းနဲ့ပြစ်ဒါဏ်ခတ်မှုတိုင်းဟာ နောက်ထပ်ကျူးလွန်မယ့်သူတွေရဲ့ ခြေလှမ်းကို ရပ်တန့်နိုင်ခြင်းမရှိတာ သေချာပါတယ် ။

 Rainn.org မှာ ဖော်ပြထားတဲ့ statistics တွေအရ
- အသက်၁၈ နှစ်အောက် ကလေးငယ်တွေကို လူကြီးတွေကနေတဆင့် လက်ဖြင့်အနိုင်ကျင့်မှု (သို့မဟုတ် ) လိင်ပိုင်းဆိုင်ရာ စော်ကားမှုဟာ မိန်းကလေး ၉ ယောက်မှာ ၁ ယောက်နှုန်းဖြစ်ပွားနေပြီး ယောက်ျားလေး ၅၃ ယောက်မှာ ၁ ယောက်နှုန်းဖြစ်ပွားနေပါတယ် ။









- ပြုကျင့်ခံရသူ များရဲ့ ၈၂% ဟာ အသက် ၁၈ နှစ်အောက်မိန်းကလေးများဖြစ်ပါတယ်

- အသက် ၁၆ နဲ့ ၁၉ ကြားဝန်းကျင် မိန်းကလေးများဟာ အခြား ယေဘူယျအသက်အရွယ်အပိုင်းအခြားထက်စာရင် အဓမ္မကျင့်ခံရဖို့ ၊ ကြံစည်ခံရဖို့ ၊ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခံရဖို့ ၄ ဆ ပိုတယ်လို့ဆိုပါတယ် ။

အဲ့ဒီတော့ ဒီလို အဓမ္မပြုကျင့်ခံရတဲ့ကလေးတွေ ဟာ ကြီးပြင်းလာတဲ့အသက်အရွယ်မှာ

၁ ။ မူးယစ်ဆေးစွဲ လက္ခဏာ များ ပေါ်ပေါက်လာနိုင်ခြေ ၄ ဆပိုများ
၂ ။ PTSD လို့ခေါ်တဲ့  Post Traumatic Stress Disorder ( ကိုယ်ပိုင်းဆိုင်ရာ ဒါဏ်ရာရပြီး ကြောက်မက်ဖွယ်ဖြစ်ရပ်များအပြီး ပေါ်ပေါက်လာတဲ့စိတ်ပိုင်းဆိုင်ရာ နာကျင်မှု အခြေအနေများ ) ဖြစ်ပေါ်နိုင်ခြေ ၄ ဆပိုများ
၃ ။ အဓိက စိတ်ကျရောဂါခံစားနိုင်ရခြေ ပေါ်ပေါက်နိုင်ခြေ ၃ ဆပိုများတယ်လို့ဆိုတယ် ။

ကလေးငယ်များ လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားလုပ်မှုဟာ ကျယ်ပြန်တဲ့ပြဿနာတစ်ခုဖြစ်လာပါတယ်

ကိန်းဂဏန်းတွေအရ ၉၃ % သော အဓမ္မပြုကျင့်ခံရသူတွေထဲမှာ ၇% က လူစိမ်းတွေဖြစ်ပြီး ၅၉%က ရင်းနှီးကျွမ်းဝင်တဲ့သူတွေထဲက ကျန်တဲ့ ၃၄ % ကတော့ မိသားစုဝင်တွေထဲကဖြစ်တယ်လို့ဆိုပါတယ် ။

Child Protective Services ( CPS ) ရဲ့အဆိုအရတိကျ ခိုင်လုံတဲ့သက်သေတွေထဲမှာ ၆၃၀၀၀ သော လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားမှုတွေအတွက်

၈၀ % သော ပြစ်မှုကျူးလွန်သူတွေထဲမှာ မိဘ တစ်ယောက်ပါတယ်
၆% က ဆွေမျိုးတွေပါတယ်
၅% က အခြား ၀မ်းကွဲ နဲ့ သူစိမ်းတွေပါတယ်
၎% က မိဘတစ်ယောက်ယောက်ရဲ့ လက်မထပ်ရသေးတဲ့ တခြားလူတစ်ယောက်ပါတယ်လို့ဆိုတယ် ။

ထပ်ဖတ်ချင်ရင် - https://www.rainn.org/statistics/children-and-teens မှာ ဖတ်နိုင်တယ် ။
ဆက်ဖက်ကြည့်ရင် ရွံစရာကောင်းတဲ့ ကိန်းဂဏန်းတွေ အများကြီးပါပဲ ။

အိန္ဒိယမှာတော့ ကလေးမုဒိမ်းကို သေဒါဏ်ပေးခြင်း ကိုစတင်မိတ်ဆက်ပါပြီ
India introduces death penalty for child rapists (ကလေးမုဒိမ်းကောင်များအတွက် အိန္ဒိယတွင် သေဒါဏ်ပေးခြင်း စတင်မိတ်ဆက် )

ကလေးမုဒိမ်းကို သေဒါဏ်ပေးတဲ့ ၊ ကျင့်သုံးတော့မယ့် နိုင်ငံ ၁၃ နိုင်ငံရှိတယ်လို့ဖတ်လိုက်ရတယ် ထင်ရှားတဲ့ နိုင်ငံတွေကတော့

ကျူးဘား ( Cuba ) ,China, Qatar, Sudan, UAE, Tajikistan, Tunisia, Bangladesh နဲ့  Kuwait တို့ဖြစ်သတဲ့ ။

မြန်မာနိုင်ငံမှာရော ?
Child Rape ကို သေဒါဏ်ပေးခြင်း ၊ တစ်သက်တစ်ကျွန်းချမှတ်ခြင်းအပြင် သင့်တော်သော ပြစ်ဒါဏ်မရှိပါ ။

References :
https://www.bbc.com/news/world-asia-43850476
https://www.rainn.org/statistics/children-and-teens
https://en.wikipedia.org/wiki/Laws_regarding_rape
https://www.news18.com/news/india/only-13-nations-have-death-penalty-for-child-rape-for-a-reason-say-activists-oppose-ordinance-1725391.html
Photo source : Google

သက်တန့်ချို
21-6-2019

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

No comments:

Post a Comment