Monday, November 25, 2019

ကလေး လူကြီး တိုင်း သတိထားရမယ့် မီးပိုးကောင်


ကလေး လူကြီး တိုင်း သတိထားရမယ့် မီးပိုးကောင်

မီးပိုးကောင် ကို Rove beetle ဒါမှမဟုတ် Paederus လို့ခေါ်တယ် အမြှီး ၂ ခုပါပြီးတ ချို့ကလည်း အမြီး ၂ ခွကောင်လို့လည်းခေါ်တတ်ကြတယ် ဒီအကောင်ကိုက်လို့ဖြစ်လာတဲ့အနာတွေကို beetle rush ဒါမှမဟုတ် Paederus dermatitis လို့ခေါ်တဲ့အရေပြားရောင်ရောဂါလို့ခေါ်ပါတယ်

ကိုယ်ကိုယ်တိုင်အကိုက်ခံရဖူးလို့ ဒီအကြောင်းလေး ချရေးပါတယ် တကယ်တော့ မီးပိုးကောင်က ကိုက်တယ်ဆိုတာထက် အဆိပ်ရည်နဲ့လူကိုဖြန်းလိုက်တာနဲ့ပိုတူပါတယ် အဲ့ဒီအဆိပ်ရည် ထိတဲ့နေရာ အရေပြားတ၀ှိုက်မှာ ပထမဆုံးနီရဲ လာမယ် ယားယံလာမယ် နောက်ပိုင်း တဖြည်းဖြည်းနဲ့ အရည်ကြည်ဖုလိုမျိုးတွေဖြစ်လာတာပါပဲ

သူဖြစ်တဲ့အနာပုံစံမျိုးက ရေယုန်နာနဲ့ခနခနမှားတတ်ကြတယ် သူ့လက္ခဏာတွေကအထက်မှာပြောတဲ့အတိုင်းပဲ ယားယံတယ် ဖြစ်တဲ့နေရာက အရေပြားတွေပူလာတယ် စပ်လာတယ် အရည်ကြည်ဖုတွေဖြစ်လာပြီး အနာပုံစံတွေ ပွားလာသလိုဖြစ်တတ်ပါတယ် ။

လက္ခဏာသိပ်မဆိုးရင်တော့ ၃ ရက် ၄ ရက်လောက်နဲ့ပျောက်နိုင်ပေမယ့် လက္ခဏာပြင်းထန်ရင်တော့ ၂ ပတ်လောက်ထိတောင်မပျောက်ပဲကြာတတ်တယ် တချို့ဆိုရင် အညိုအမည်းတွေစွဲပြီး လနဲ့ချီအောင်ကြာတာလည်းရှိတယ် ဒီအနာကနေတဆင့် ဖျားတာတွေအရိုးအဆစ်နာကျင်ကိုက်ခဲတာတွေနဲ့အာရုံကြောရောင်တာတွေလည်းဖြစ်တတ်ပါတယ်

အဓိကကတော့ ကိုယ့်ပတ်ဝန်းကျင်ကိုရှုပ်ပွနေအောင်မထားပါနဲ့ သန့်ရှင်းအောင်ထားပါ ခြင်ထောင်တွေ ခေါင်းအုံးတွေ စောင်တွေကိုပုံမှန်လျှော်ပါ အခန်းအပြင်ဖက် နဲ့ကော်ရစ်တာလိုနေရာမျိုးတွေမှာ သတိထားပါ

အင်းဆက် သို့မဟုတ်အကောင်တစ်ကောင်ကောင်နဲ့ထိမိတယ်လို့သံသယရှိရင် ရေ နဲ့ဆပ်ပြာနဲ့သန့်ရှင်းအောင်ဆေးကြော အနာဖြစ်လာပြီဆိုရင် တတ်ကျွမ်းတဲ့ဆရာဝန်နဲ့ သေချာကုသပါ ။

ဆရာဝန်လည်းမပြနိုင်သေးဘူး အလှမ်းဝေးတယ်ဆိုရင်တော့ဆေးမြှီးတိုတွေမလိမ်းပါနဲ့ အနာဖြစ်တဲ့နေရာကို အေးနေအောင်ထားပါ Aloe Vera Soothing Gel ရှိရင်လိမ်းလို့ရတယ် သက်သာပါတယ် နာနေရင်တော့ အကိုက်အခဲပျောက်ဆေး အပျော့စားဖြစ်တဲ့ Paracetamol လိုဆေးမျိုးကို  သောက်ထားလို့ရသလို အရမ်းယားနေရင်တော့ Antihistamine အုပ်စုထဲကတမျိုးမျိုးသောက်ထားနိုင်ပါတယ်

အရေးကြီးတာက လိမ်းဆေးတွေ ( ဆေးမြှီးတိုတွေ ) မလိမ်းပါနဲ့ ဆရာဝန်ညွှန်တဲ့အတိုင်းကုသမှုခံယူလိုက်ရင် သက်သာပျောက်ကင်းသွားမှာဖြစ်ပါတယ် ။

ပုရွက်ဆိတ်နဲ့ခပ်ဆင်ဆင် ဒီအကောင် Paederus ကို ဆက်လက်လေ့လာချင်ရင်တော့ https://en.wikipedia.org/wiki/Paederus မှာ ဖတ်လို့ရပါတယ်

Paederus dermatitis  အကြောင်းကို https://www.ncbi.nlm.nih.gov/pmc/articles/PMC3225135/ ဒီမှာလည်းရေးထားပါတယ်

ပုံတွေကိုတော့ အင်တာနက် google မှာ ရှာပြီးထည့်ထားပါတယ် ။

သက်တန့်ချို
25-Nov 2019
*****************************
ကေလး လူႀကီး တိုင္း သတိထားရမယ့္ မီးပိုးေကာင္

မီးပိုးေကာင္ ကို Rove beetle ဒါမွမဟုတ္ Paederus လို႔ေခၚတယ္ အျမႇီး ၂ ခုပါၿပီးတ ခ်ိဳ႕ကလည္း အၿမီး ၂ ခြေကာင္လို႔လည္းေခၚတတ္ၾကတယ္ ဒီအေကာင္ကိုက္လို႔ျဖစ္လာတဲ့အနာေတြကို beetle rush ဒါမွမဟုတ္ Paederus dermatitis လို႔ေခၚတဲ့အေရျပားေရာင္ေရာဂါလို႔ေခၚပါတယ္

ကိုယ္ကိုယ္တိုင္အကိုက္ခံရဖူးလို႔ ဒီအေၾကာင္းေလး ခ်ေရးပါတယ္ တကယ္ေတာ့ မီးပိုးေကာင္က ကိုက္တယ္ဆိုတာထက္ အဆိပ္ရည္နဲ႔လူကိုျဖန္းလိုက္တာနဲ႔ပိုတူပါတယ္ အဲ့ဒီအဆိပ္ရည္ ထိတဲ့ေနရာ အေရျပားတ၀ႈိက္မွာ ပထမဆုံးနီရဲ လာမယ္ ယားယံလာမယ္ ေနာက္ပိုင္း တျဖည္းျဖည္းနဲ႔ အရည္ၾကည္ဖုလိုမ်ိဳးေတြျဖစ္လာတာပါပဲ

သူျဖစ္တဲ့အနာပုံစံမ်ိဳးက ေရယုန္နာနဲ႔ခနခနမွားတတ္ၾကတယ္ သူ႔လကၡဏာေတြကအထက္မွာေျပာတဲ့အတိုင္းပဲ ယားယံတယ္ ျဖစ္တဲ့ေနရာက အေရျပားေတြပူလာတယ္ စပ္လာတယ္ အရည္ၾကည္ဖုေတြျဖစ္လာၿပီး အနာပုံစံေတြ ပြားလာသလိုျဖစ္တတ္ပါတယ္ ။

လကၡဏာသိပ္မဆိုးရင္ေတာ့ ၃ ရက္ ၄ ရက္ေလာက္နဲ႔ေပ်ာက္ႏိုင္ေပမယ့္ လကၡဏာျပင္းထန္ရင္ေတာ့ ၂ ပတ္ေလာက္ထိေတာင္မေပ်ာက္ပဲၾကာတတ္တယ္ တခ်ိဳ႕ဆိုရင္ အညိဳအမည္းေတြစြဲၿပီး လနဲ႔ခ်ီေအာင္ၾကာတာလည္းရွိတယ္ ဒီအနာကေနတဆင့္ ဖ်ားတာေတြအ႐ိုးအဆစ္နာက်င္ကိုက္ခဲတာေတြနဲ႔အာ႐ုံေၾကာေရာင္တာေတြလည္းျဖစ္တတ္ပါတယ္

အဓိကကေတာ့ ကိုယ့္ပတ္ဝန္းက်င္ကိုရႈပ္ပြေနေအာင္မထားပါနဲ႔ သန႔္ရွင္းေအာင္ထားပါ ျခင္ေထာင္ေတြ ေခါင္းအုံးေတြ ေစာင္ေတြကိုပုံမွန္ေလွ်ာ္ပါ အခန္းအျပင္ဖက္ နဲ႔ေကာ္ရစ္တာလိုေနရာမ်ိဳးေတြမွာ သတိထားပါ

အင္းဆက္ သို႔မဟုတ္အေကာင္တစ္ေကာင္ေကာင္နဲ႔ထိမိတယ္လို႔သံသယရွိရင္ ေရ နဲ႔ဆပ္ျပာနဲ႔သန႔္ရွင္းေအာင္ေဆးေၾကာ အနာျဖစ္လာၿပီဆိုရင္ တတ္ကြၽမ္းတဲ့ဆရာဝန္နဲ႔ ေသခ်ာကုသပါ ။

ဆရာဝန္လည္းမျပႏိုင္ေသးဘူး အလွမ္းေဝးတယ္ဆိုရင္ေတာ့ေဆးျမႇီးတိုေတြမလိမ္းပါနဲ႔ အနာျဖစ္တဲ့ေနရာကို ေအးေနေအာင္ထားပါ Aloe Vera Soothing Gel ရွိရင္လိမ္းလို႔ရတယ္ သက္သာပါတယ္ နာေနရင္ေတာ့ အကိုက္အခဲေပ်ာက္ေဆး အေပ်ာ့စားျဖစ္တဲ့ Paracetamol လိုေဆးမ်ိဳးကို  ေသာက္ထားလို႔ရသလို အရမ္းယားေနရင္ေတာ့ Antihistamine အုပ္စုထဲကတမ်ိဳးမ်ိဳးေသာက္ထားႏိုင္ပါတယ္

အေရးႀကီးတာက လိမ္းေဆးေတြ ( ေဆးျမႇီးတိုေတြ ) မလိမ္းပါနဲ႔ ဆရာဝန္ၫႊန္တဲ့အတိုင္းကုသမႈခံယူလိုက္ရင္ သက္သာေပ်ာက္ကင္းသြားမွာျဖစ္ပါတယ္ ။

ပု႐ြက္ဆိတ္နဲ႔ခပ္ဆင္ဆင္ ဒီအေကာင္ Paederus ကို ဆက္လက္ေလ့လာခ်င္ရင္ေတာ့ https://en.wikipedia.org/wiki/Paederus မွာ ဖတ္လို႔ရပါတယ္

Paederus dermatitis  အေၾကာင္းကို https://www.ncbi.nlm.nih.gov/pmc/articles/PMC3225135/ ဒီမွာလည္းေရးထားပါတယ္

ပုံေတြကိုေတာ့ အင္တာနက္ google မွာ ရွာၿပီးထည့္ထားပါတယ္ ။

သက္တန႔္ခ်ိဳ
25-Nov 2019


No comments:

Post a Comment