Wednesday, March 25, 2020

စုစုပေါင်း မြန်မာပြည်မှာ (၃) ယောက်တွေ့ပြီးတဲ့နောက် ဘာဆက်လုပ်ကြမလဲ ?


စုစုပေါင်း မြန်မာပြည်မှာ (၃) ယောက်တွေ့ပြီးတဲ့နောက် ဘာဆက်လုပ်ကြမလဲ ?

လိုရင်းတိုရှင်းပဲ သွားရအောင် ။

👉 COVID-19 က Severe Acute Respiratory Syndrome Coronavirus 2 ( SARS-CoV-2) လို့ခေါ်တဲ့ positive-stranded RNA viruses အမျိုးအစား ။

👉 ချောင်းဆိုး ၊ နှာချေ  တာနဲ့ respiratory droplets တွေကနေတဆင့်ဗိုင်းရပ်ပျံ့နှံ့ကူးစက်တယ် ။

👉 လက္ခဏာတွေက ဖျားမယ် ၊ ချောင်းဆိုးမယ် ၊ အသက်ရှုခက်ခဲမယ် အသက်ရှုကြပ်မယ် ။

👉 ဗိုင်းရပ်စ်ဝင်ပြီး ၂ ရက်နေ ၁၄ ရက်အတွင်း လက္ခဏာတွေ ရှိနိုင်တယ် ။

👉 လက္ခဏာပြနေတဲ့အချိန်မှာ လူလူချင်း အနေနီးရင် ကူးစက်မယ် ။

COVID-19 အတွက် CDC ရဲ့ disinfection ကတော့ ဒီလိုတွေပြောတယ် ။

ဘာတွေနဲ့ ပိုးသတ်ရမလဲဆိုရင် CDC ကတော့ dilute လုပ်ထားတဲ့ household bleach solution သို့မဟုတ် alcohol 70% ပါဝင်တဲ့ alcohol solution သုံးလို့ရတယ်ဆိုပါတယ်။ EPA registered household disinfectants တွေလည်းသုံးလို့ရပါတယ် ။

Household bleach solution ဇွန်း ၅ ဇွန်းကို ရေ ၁ ဂါလံနဲ့ရောသုံးရမှပါ ။ ဒါဟာ household နဲ့ general disinfection အတွက်ပါ ။

ညစ်ပေနေတဲ့ မျက်နှာပြင်အတွက်ဆို အရင်ဆုံး disinfection မလုပ်ခင် ဆပ်ပြာမှုန့် ဆပ်ပြာ နဲ့ရေ အသုံးပြုပြီးအရင်ဆေးကြောသန့်စင်ရမယ် ။တစ်ခါသုံးလက်အိတ်သုံးရမယ် ။

လက်အိတ်မသုံးဖြစ်ရင် disinfection လုပ်ပြီးတိုင်း လက်ကို သေချာပြန်ဆေးရမယ်။

CDC Guideline - https://www.cdc.gov/coronavirus/2019-ncov/prepare/cleaning-disinfection.html

အခု ဒီစာကို ဖတ်မိတဲ့လူတွေကို အဓိက လိုတိုရှင်းပြောချင်တာက

၁ ။ သံသယလူနာရှိရင် သတင်းပို့ပါ ။  Hotline : 067 3420268 ,  067 3420802

၂ ။ လက်ခဏခဏဆေးပါ လက်မဆေးရသေးပဲ မျက်နှာ နှာခေါင်း ပါးစပ်ကိုမထိနဲ့ ။ လက်ဆွဲမနှုတ်ဆက်ပါနဲ့ ။ ဖက်လှဲတကင်းမ‌နေပါနဲ့ ။

၃ ။ တတ်နိုင်သမျှ အိမ်ထဲမှာပဲနေပါ ။ အပြင်သွားတိုင်း mask တပ်ပါ ။ mask ဝယ်မရရင်လက်ကိုင်ပုဝါယူသွားပါ ။ ဘာအကာအကွယ်မှ မပါတာထက်စာရင်ကောင်းပါတယ် ။

၄ ။ စားပွဲ ၊ ကြမ်းပြင် ၊ အရာ၀ထ္ထုမျက်နှာပြင်တွေ ( tables, doorknobs, light switches, handles, desks, toilets, faucets, sinks ) ကို သန့်ရှင်းရေးလုပ်ပါ ။ Soap, 70%alcohol, dettol,  aseptol စတဲ့အရာအားလုံးသုံးနိုင် ။ အသေးစိတ်သိချင်ရင် ဒီမှာ ဖတ် - https://www.americanchemistry.com/Novel-Coronavirus-Fighting-Products-List.pdf

၅ ။ အသက် (၆၀)  အထက် သက်ကြီးရွယ်အို တွေ အပြင်မထွက်ပါနဲ့ ။ (UK Recommendation အရ အသက် ၆၀ အထက်ဆိုရင် ၄ လ အိမ်ပြင်မထွက်ပါနဲ့ဆိုတယ် )

၆ ။ ပစ္စည်းတွေ လုယက်မဝယ်ပါနဲ့ ။ Positive တစ်ယောက်ပါလာရင်အကုန်သေကုန်ပါမယ် ။ ဆန်စိုက်ပြီး ဆီထွက်တဲ့တိုင်းပြည်မို့ငတ်သေစရာတော့မရှိပါ ။

၇ ။ ပိတ်လို့ရတဲ့အလုပ်တွေ ရုံးတွေ ပိတ်ပေးပါ ။ Public Transportation မှာ risk လျော့ချဖို့နဲ့ crowded risk လျော့ချဖို့ Work From Home လုပ်လို့ရတဲ့အလုပ်တွေကို သီးသန့်ခွဲပြီး လူဦးရေလျော့ချဖို့လိုပါတယ် ။

၈ ။ ကိုယ်ဖျားနေရင် ချောင်းဆိုးနေရင် အိမ်ပြင်မထွက်ပါနဲ့ ။ ဆရာဝန် ဆရာမ ကျန်းမာရေးဝန်ထမ်းကိုအကြောင်းကြားပါ ။

၉ ။ ဖုန်းကို အမြဲသန့်ရှင်းရေးလုပ်ပါ ။ အပြင်ကပြန်လာတိုင်း ရေချိုး အဝတ်လဲပါ ။ သင့်အိမ်ကို ဧည့်သည်တွေမလိုအပ်ပဲလာခြင်းကိုတားမြစ်ပါ ။

၁၀ ။ လူတစ်ယောက်နဲ့တစ်ယောက် ၃ ပေအကွာမှာ နေပါ ။ ချောင်းဆိုးတဲ့လူနဲ့ဝေးဝေးနေပါ ။ အိမ်ထဲမှာ တတ်နိုင်သမျှ နေခြင်းက ကျန်းမာရေးဝန်ထမ်းတွေကို အထိရောက်ဆုံးကူညီပေးခြင်းပါပဲ ။

သက်တန့်ချို
25-Mar-2020
ကမ္ဘာ့သတင်း update တွေဖတ်ချင်ရင် ဒီ Page ကို like & follow လုပ်ထားပါ ။ https://www.facebook.com/covid19liveupdates

No comments:

Post a Comment