Thursday, October 1, 2020

တိုင်းတာခြင်း


မြင့်မြတ်ခြင်းအစစ်က
မင်းဘယ်လောက် ဂုဏ်ယူနိုင်တယ်ဆိုတာမဟုတ်ဘူး
မင်းဘယ်လောက် ကိုယ်ကျိုးစွန့်နိုင်သလဲဆိုတာနဲ့တိုင်းတာတယ်

အောင်မြင်ခြင်းအစစ်က
မင်းဘယ်လောက်ချမ်းသာကြွယ်၀တယ်ဆိုတာမဟုတ်ဘူး
မင်းဘယ်လောက် လူတွေကို ကူညီပေးခဲ့သလဲဆိုတာနဲ့တိုင်းတာတယ်

လူပီသခြင်းအစစ်က
မင်းဘယ်လောက် ရိုးသားတယ်ဆိုတာမဟုတ်ဘူး
မင်းကြောင့် ဒုက္ခရောက်ရသူရှိမရှိဆိုတာနဲ့တိုင်းတာတယ်

သက်တန့်ချို
1st-Oct 2020

No comments:

Post a Comment