Monday, March 28, 2022

အားမကျနဲ့


 

 

 

 

 

 

 

တချို့ပြည့်စုံမှုတွေကို အားမကျနဲ့
ပြည့်စုံခြင်းတွေရဲ့နောက်ကွယ်မှာ
လစ်ဟာပေးဆပ်ခြင်းတွေကို သင်မမြင်နိုင်ဘူး ။

တချို့ကံကောင်းမှုတွေကို အားမကျနဲ့
ကံကောင်းမှုတွေအတွက်
အရင်းအနှီးပေါင်းများစွာ ပေးဆပ်နေရတာ သင်မမြင်နိုင်ဘူး ။

တချို့ အောင်မြင်မှုတွေကို အားမကျနဲ့
အောင်မြင်ခြင်းတွေရဲ့နောက်ကွယ်မှာ
ချနင်းခဲ့ရတဲ့ သိက္ခာတရားနဲ့ရိုးသားမှုတွေကို သင်မမြင်နိုင်ဘူး ။

သက်တန့်ချို
၂၈ မတ်လ ၂၀၂၂

1 comment: