Thursday, April 24, 2014

မိန်းမအင်္ဂါထဲသေနတ်ဖွက်လို့အဖမ်းခံရတဲ့ ဆယ်ကျော်သက်မိန်းကလေး

မိန်းမအင်္ဂါထဲသေနတ်ဖွက်လို့အဖမ်းခံရတဲ့ ဆယ်ကျော်သက်မိန်းကလေး

April 23 , 2014 :  Dallas Archer ဆိုသူမိန်းကလေးဟာ သူမရဲ့ မိန်းမအဂါင်္ (vagina ) ထဲမှာ North American Arms 22 LR Revolver အမျိုးအစားသေနတ်တစ်လက်ထည့်ဖွက်ယူဆောင်ခဲ့လို့အဖမ်းခံခဲ့ရပါတယ် ။ ပထမဆုံးအဖမ်းခံရတာကတော့ တားမြစ်ထားတဲ့ကားလိုင်စင်နဲ့ကားမောင်းမှုအတွက်အဖမ်းခံရတာဖြစ်ပြီး အခုတော့ Kingsport Police Department မှ အရာရှိတွေက သူမ ကိုယ်ထဲမှာ တစ်စုံတစ်ခုတွေ့ခဲ့ရလို့ ခေါင်းစဉ်ပြောင်းသွားခဲ့ပါပြီ ။

တားဆီးလိုင်စင်နဲ့ကားမောင်းမှုနဲ့အဖမ်းခံရပြီးနောက်မှာ Dallas Archer ကို အမျိုးသမီး အရာရှိတစ်ယောက်က ခန္ဓာကိုယ်ကို စေ့စေ့စပ်စပ်သေသေချာချာရှာတဲ့အခါ “ သူမ မိန်းမအင်္ဂါထဲမှာ အမည်မသိအရာတစ်ခုတွေ့ရှိကြောင်း ” Kingsport Times-News ကို အစီရင်ခံခဲ့တယ် ။ ဒီတော့ သေသေချာချာ ရှာတဲ့အခါမှာတော့ အသက် ၁၉ နှစ်အရွယ် မိန်းကလေးဟာ ကျည်ဖြည့်ထားတဲ့ သေနတ်တစ်လက်ကို မိန်းမအဂါင်္ထဲထည့်ဖွက်ယူဆောင်ကြောင်း တွေ့ရှိခဲ့ရပါတယ် ။ အစီရင်ခံစာတွေအရတော့ “ Dollas ရဲ့ မိန်းမကိုယ်ထဲမှာ North American Arms 22 LR Revolver အမျိုးအစားသေနတ်တစ်လက်ထည့်ဖွက်ယူဆောင်ထားကြောင်း ” လို့ အမျိုးသမီးအရာရှိကအစီရင်ခံခဲ့တယ် ။ ဒီသေနတ်ကို အသက် ၇၀ နှစ်အရွယ် John Souther ဆိုသူဆီမှ ၂၀၁၃ မှာ ခိုးယူခဲ့တာဖြစ်တယ်လို့သိရပါတယ် ။

============

အော် .. ဖွက်စရာရှားလို့ကွယ် မတော်ကျည်ထွက်ကုန်မှဖြင့် မျိုးပါတုံးကုန်ပါဦးမယ် ..

သက်တန့်ချို
http://www.upi.com/Odd_News/2014/04/23/Tennessee-teen-arrested-with-loaded-gun-stashed-in-her-vagina/5231398254431/?spt=sec&or=on

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

No comments:

Post a Comment