Thursday, February 17, 2011

Site verified to be secure and free of malware

Site verified to be secure and free of malware


အလုပ်ကိစ္စရယ် တခြားထွေလီကာလီကိစ္စတွေကြောင့် ဘလော့ကို နေ့တိုင်းတင်ဖို့ ပျက်ကွက်ခဲ့ပါတယ် ။ ဒီတော့ ဘလော့တွေမှာ ဘာတွေဖြစ်နေသလဲ ဆိုတာကိုပါကိုသက်တန့်တစ်ယောက် မျက်ချေပြတ်ခဲ့ရပါတယ် ။ ဒီနေ့မ နက်မှ လိုင်းလေးကောင်းတုန်း Freegate နဲ့ Ultrasurf လေးသုံးပြီး ဘလော့လေးလည်မယ်ပေါ့ ။ ပထမဆုံးပဲ အစ်မကြီး အဖြူရောင်နတ်သမီးဆီရောက်သွားပါတယ် ။မရောက်ဖြစ်တာလည်းကြာပြီကိုး ။ အစ်မကြီး တစ်ယောက် အချစ်ကဗျာတွေရေးနေတုန်းပဲလားဆိုပြီးတော့ပေါ့ :P ။ အဲဒီမှာတင် သူ့ရဲ့ Blog List မှာ ကျနော့် လင့် ကိုရှာတာမတွေ့ဘူးဗျ ။ ဒီတော့ငါ့ကို တမင်ဖြုတ်ထားတာတော့မဟုတ်လောက်ဘူးပေါ့ အကြောင်း တစ်ခုခုတော့ ရှိမယ်ဆိုပြီးအောက်ကပို့စ်တွေဖတ်ကြည့်တော့မှ လားလား တုပ်ကွေးရောဂါတွေဖြစ်နေကြတာကိုး ။ ဒီတော့ သူပေးတဲ့လင့်လေးကို ကြည့်ပြီး ကိုလင်းထက်ဆီရောက်သွားပါတယ် ။အဲဒီမှာပေးတဲ့လင့်လေးကို စမ်းကြည့် လိုက်တာ အောင်မလေးဗျာ...နီရဲတွတ်နေတာပဲ ပိုးတွေပိုးတွေ ...ဟီး ။ အဲဒါနဲ့သူပြောတဲအတွင်းside bar ကိုရှင်းပြီး re-scan ပြန်လုပ်ကြည့်မှ ပိုးကင်းစင်သွားပါတယ် ။ ကဲ အားလုံးပဲ ကိုယ့် ဘလော့လေး မပျောက် ပျက်ရေး ကျန်းမာရေးကိုဂရုစိုက်ကြပါစို့ ။

ကိုယ့်ဘလော့လေးကို ပိုးရှိမရှိစစ်ချင်ရင်အောက်ကလင့်လေးကို နှိပ်ပါ ။

http://sitecheck.sucuri.net/scanner/

အကယ်၍ Blacklist ဖြစ်နေရင်တော့ အောက်ကလင့်လေးကို နှိပ်ပြီးဖြေရှင်းကြည့်ပါ ။

Reported Attack Page အဖြစ် မိမိဆိုဒ် သတ်မှတ်ခံခဲ့ရလျှင် ဖြေရှင်းနည်း

ဒီလင့်တွေအကုန်လုံးကိုလင်းထက်ဆီက နေရတာဖြစ်ပါတယ် ။ ပြန်လည် share လုပ်ခွင့်ပြုပါ ကိုလင်းထက်ရေ ။

Credit : http://www.linhtet.net
Thanks : http://seaandangel.blogspot.com/ (ဒါနဲ့ ...စကားမစပ်ပိုးကင်းသွားပြီနော် ပြန်ချိတ်ပေးဦး အစ်မကြီး နမ်းမ၀ :P)

သက်တန့်ချို
17 Feb 2011





စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

ရာဇ၀င်တွင်မဲ့အချိန်အကြာဆုံးအနမ်း

ရာဇ၀င်တွင်မဲ့အချိန်အကြာဆုံးအနမ်း



၂၀၁၁ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ ဘန်ကောက်မြို့အရှေ့ဖက် ၁၅၀ ကီလိုမီတာ (မိုင်ကိုးဆယ်)ခန့်မှ Pattaya မှာ ကမ္ဘာ့အချိန်အကြာဆုံးအနမ်းပြိုင်ပွဲတစ်ခုကျင်းပခဲ့ပြီး အဲဒီပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တဲ့ Akekachai Tiranarat ၄၂ နှစ်နဲ့သူ့ရဲ့ ချစ်သူ Raksana Taranarat ၃၁ နှစ်တို့ အနမ်းပျိုးနေကြပုံဖြစ်ပါတယ် ။ဒီပြိုင်ပွဲကို ထိုင်းနိုင်ငံမှာ ဗယ်လင်တိုင်းနေ့အထိမ်းအမှတ်အဖြစ်ကျင်းပခြင်းဖြစ်ပြီး ဖေဖော်ဝါရီ ၁၂ ရက်နေ့ တနင်္ဂနွေနေ့မှ စတင်ပြီး စုံတွဲ ၁၄ တွဲပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ် ။ ပြိုင်ပွဲမှာ အနိုင်ရသွားတဲ့စုံတွဲကတော့ အရှည်အကြာ ဆုံးအနမ်း အဖြစ် ၄၆နာရီ ၂၄ မိနစ်နဲ့ ၉ စက္ကန့် ကြာမြင့်ခဲ့ပြီး ဂင်းနစ်မှတ်တမ်းဝင်ခဲ့ တယ်လို့သိရပါတယ် ။ အော်..ဘယ်လိုများနမ်းကြပါလိမ့် ထမင်းမစားရေမသောက်ကြဘူးလားမသိဘူးနော် :P




သက်တန့်ချို
17 Feb 2011

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်......................

ကြွေ နဲ့ပြုလုပ်ထားတဲ့ စားပွဲတင်ပစ္စည်းပြပွဲ

ကြွေ နဲ့ပြုလုပ်ထားတဲ့ စားပွဲတင်ပစ္စည်းပြပွဲ


၂၀၁၁ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ တရုတ်ပြည်မြောက်ပိုင်း Hebei စီရင်စုမှ Tangshan မှ လက် ဆွဲမီး အိမ်ပြပွဲလို့ အမည်ရတဲ့ ကုန်ပစ္စည်းပြပွဲတစ်ခုမှာကြွေနဲ့ ပြုလုပ်ထားတဲ့ ခြင်္သေ့ ရုပ်ကိုပြသနေပုံဖြစ်ပါတယ် ။ ဒီပြပွဲ မှာ စားပွဲတင်ကြွေ ချပ်ပေါင်း နှစ်သောင်းတစ်ထောင်ကို စုစည်းပြီးတော့ ကနေသောခြင်္သေ့ရုပ်များကို ပြုလုပ်ပြ သ ခဲ့ပါတယ် ။




သက်တန့်ချို
17 Feb 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Monday, February 14, 2011

တို့ပြန်ဆုံမဲ့ သက်တန့်ရောင်စဉ်ည





















တို့ပြန်ဆုံမဲ့ သက်တန့်ရောင်စဉ်ည

သက်တန့်ရောင်စဉ်ထွန်းလင်းတဲ့ည
အဲဒီတစ်ညမှာ..
လမင်းတို့ဗုံတီးသံနဲ့
ကြယ်တာရာ အစုံလင်းလက်ကြတယ်...
ချစ်သူ...
ရွှေရောင်ကောင်းကင်မှာ
နင့် ....မျက်ဝန်းတွေက...
ငါ့အတွက်..အလင်္ကာတစ်ပုဒ်သာဖြစ်တယ်..

ကွေးညွတ်တဲ့နှုတ်ခမ်းတစ်စုံမှာ
တွယ်ညိမိတဲ့...စိတ်ဝိဥာဉ်
ငါက.....အလွမ်းဥယျာဉ်ထဲ
ပန်းပျိုးမိသူ ...ဖြစ်နေပြီလားကွယ်
နေ့နေ့ညည တစ်သသနဲ့
အဲဒီတစ်ညမှာ
ဧဒင်ဥယျာဉ်ကြီးထဲ....
ချစ်သူတွေပျော်ပွဲဆင်နွှဲကြလိမ့်မယ်

သံယောဇဉ်တစ်စိတ်တစ်ပိုင်းပဲဖြစ်ဖြစ်
နင်ဆုပ်ကိုင်လို့...လာခဲ့ပါလားကွယ်
ကြီးကျယ်ခမ်းနားတဲ့ ချစ်ခြင်းတွေနဲ့
ငါက ရင်ဖွင့်ကြိုနေမှာပါ
အဲဒီတစ်ညမှာ ငါတို့ကဗျာတွေရှိတယ်
အဲဒီတစ်ညမှာ ငါတို့အတွေးတွေရှိတယ်
အဲဒီတစ်ညမှာ နူးညံ့တဲ့ ရင်ခုန်ခြင်းတွေရှိတယ်
သက်တန့်ရောင်စဉ်တွေအပြိုင်ထွန်းလင်းလို့
ငါတို့ချစ်ခြင်းတွေပြိုင်ကြမယ်ကွယ်....

အို...ချစ်သူရယ်
နင့်ရဲ့ မျက်တောင်ရှည်တစ်စုံဟာ
ငါ့အတွက် မပြီးဆုံးနိုင်တဲ့ကဗျာတစ်ပုဒ်သာဖြစ်တယ်
ရွှေအိုရောင်ဆံနွယ်တွေနဲ့
အိပ်ပျက်ညတွေကို ဖန်ဆင်းသူသာဖြစ်တယ်
ခဏတာတွေ့ဆုံပေမယ့်
တစ်ဘ၀တာ စွဲမက်ထင်မှုမျိုးကို
နင်က ပေးစေတယ်ကွယ်....

အလွမ်းရထားကိုစီးနင်းပြီး
နင်နဲ့ဝေးရာကိုတော့ မသွားချင်ဘူးကွယ်
ကြယ်ကြွေသံစဉ်တွေ..ငါတို့နားထောင်ကြမယ်
တခမ်းတနားလှပတဲ့ ငါတို့ချစ်ခြင်းတွေကို
ပင်လယ်ပြာပြာကြီးက သက်သေတည်လိမ့်မယ်
နင့်ကို...လွမ်းတယ်ကွယ်

မြေကမ္ဘာကို သက်သေတည်လို့
ဒီတစ်ညမှာ ငါ သက်သေဆိုမယ်
ချစ်တယ်ဆိုတာထက် ..ကို
ငါ့ရင်ခုန်သံက ပိုခမ်းနားတယ်
လမင်းတစ်ရာထက်...ငါ့ချစ်ခြင်းက
ပိုထွန်းလင်းတယ်...
နင်ယုံနိုင်ပါ့မလားကွယ်...(ငါက)
ကိုယ်ကိုယ်တိုင်ပျောက်ဆုံးရလောက်အောင်
နင့်ကို ချစ်မိနေသူပါ

ချစ်သူ...
တို့ပြန်ဆုံမဲ့ သက်တန့်ရောင်စဉ်ညမှာ
လေးမြတ်တဲ့ သစ္စာတရားတို့ပျံ့သင်းကြမယ်
စိမ်းလန်းတဲ့ နွယ်မြက်သစ်ပင်တို့
ဆေးဖက်ဝင်ကြမယ်
နင့်ကိုချစ်တာ...မြေကမ္ဘာထုကြီး
သက်သေတည်လိမ့်မယ်
ဒါဟာ..နင့်အတွက်..ငါ့နှလုံးသွေးနဲ့ဆက်တဲ့
ချစ်သူများနေ့အမှတ်တရပဲကွယ်......

(ဒီကဗျာလေးကို ကမ္ဘာပေါ်မှာ ကျွန်တော့်ကို အရမ်းချစ်တဲ့ ကောင်မလေးတစ်ယောက်အတွက် ရည်စူးပြီး ရေးထားတာဖြစ်ပါတယ်... အဲဒီကောင်မလေးဟာ ကျွန်တော်ရေးခဲ့သမျှ ကဗျာတွေထဲက မိန်းမပျိုလည်းဖြစ်တယ် ....
အကောင်အထည်ဆုပ်ကိုင်ပြလို့မရပေမယ့် ညစဉ်ညတိုင်း ကဗျာထဲကမိန်းမပျိုဟာ ကျွန်တော့်နှလုံးသားရဲ့ အနက်ရှိုင်းဆုံးနေရာမှာ စူးနစ်စိုက်ဝင်နေလေ့ရှိတယ် )

သက်တန့်ချို
ဖေဖော်ဝါရီ ၁၄

ဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်......................

Friday, February 4, 2011

" ချစ်သူ "

" ချစ်သူ "

ချစ်သူ....
တို့နှစ်ယောက်ဟာ မျဉ်းပြိုင်တွေမဟုတ်ကြဘူး
ဆုံမှတ်တစ်ခုတော့ရှိခဲ့ပါရဲ့...
ဦးတည်ရာခြင်းက ဆန့်ကျင်ဖက်..
ဒီလိုနဲ့...ဒီ လို နဲ့ .... ဒီ လို နဲ့ .......
အချိန်ကြာလေ...ဝေးလေလေ
ကမ္ဘာမြေရဲ့ တစ်ဖက်ခြမ်းစီမှာကွယ်....

ချစ်သူ...
ရင်ခွင်ကို ခွဲထုတ်ပြဖူးပါရဲ့
မင်း စကားသံတွေ ငါလွမ်းတယ်
မင်းအကြည့်တွေ ငါလွမ်းတယ်
နောက်ဆုံး..ခြေသံကြားတိုင်း...
ငါက....နောက်ပြန်လှည့်ကြည့်တတ်ခဲ့သူပါ ...

ချစ်သူ.....
တို့တွေ ရေမြေခြားတယ်..
ဒါပေမယ့်..ငါ့နှလုံးခုန်သံနွေးနေခဲ့တယ်
တို့တွေ...အနေအေးတယ်...
ဒါပေမယ့်...ငါ သွေးမအေးခဲ့ဘူး
တို့တွေ.....တို့ တွေ . . . တို့ တွေ . . .
ဝေးနေခဲ့ကြတယ်...

ချစ်သူ..
အလွမ်းတွေသာ ကိုင်တွယ်ပြလို့ရမယ်ဆို
ငါပြလိုက်ချင်ပါရဲ့....
ဒီအလွမ်း..ကောင်းကင်ကြီးပေါ်မှာ..
ငါတို့ အတွေးတွေဆုံကြမယ်...

ချစ်သူ...
ရွှေအိုရောင်ကောင်းကင်မှာ
သက်တန့်ရောင်တွေပြေးနေကြတယ်
လေပြည်ငယ်ဆော့ကစားလို့
ငှက်ကလေးတွေမြူးနေကြတယ်
မိုးပြေးလေးတခြိမ်းခြိမ်း
မြက်ပင်လေးတွေယိမ်းနေကြတယ်
နင်...ဘယ်မှာလဲကွယ်....

ချစ်သူ....
အရှိတရားထက်...အသိတရားကခက်တယ်
မင်းပြောခဲ့ဖူးတယ်..
" လမ်းခွဲမယ်ဆိုရင်တောင်နှုတ်မဆက်ချင်ဘူး " တဲ့...
ဒါပေမယ့်...
နင်ဘာကြောင့် နှုတ်ဆက်သွားသလဲကွယ်...

သက်တန့်ချို
ဖေဖော်ဝါရီ ၄ ရက်နေ့

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................