အို....လမင်းငယ်
ခါးသီးတယ်ဆိုတာထက်ပိုတယ်
မဆုံနိုင်တော့ဘူးလား လမင်းငယ်
ငါ နင့်ကိုတွေးမိတဲ့အခါတိုင်း
ကြယ်တို့အခါခါကြွေတယ်
ကြ ယ် တို့ အ ခါ ခါေ ကြွ တ ယ် . . .
မချစ်တတ်ဘူးဆိုတဲ့
နင့်စွပ်စွဲသံနောက်မှာ
ပြိုလဲခဲ့ရတဲ့ညတွေ....
ဖောက်ထုတ်ခဲ့ရတဲ့ နှလုံးသွေးတွေ
နင့်အတွက် ပြန့်ကျဲခဲ့တဲ့ ကဗျာတွေ...
တစ်သက်စာမကရှိတယ် (ကွယ်)
သူရဲဘောကြောင်သူတို့ရဲ့ထုံးစံ
နားလည်ခွင့်လွှတ်ပါလို့လည်းမပြောချင်ဘူး
ငါပေးခဲ့တဲ့ချစ်ခြင်းဟာ
ပြာလွင်လွင်နဲ့သိမ်မွေ့မနေဘူး
ပန်းနုရောင်လို ရင်ခုန်မနေစေဘူး
ငြိမ်သက်အေးချမ်းတဲ့
ဖြူလွှလွှ ချစ်ခြင်းတွေပဲဖြစ်လိမ့်မယ်....
ငါနားမလည်ခဲ့တဲ့....ဘာသာရပ်မှာ
နင်စွန့်လွှတ်သွားသည့်တိုင်
န င် စွ န့် လွှ တ် သွား သ ည့် တို င် . . .
ဟိုးအဝေးမှာ....
မြူတွေပျယ်သည်အထိ
ကြယ်တွေကြွေသည်အထိ
ရင်ထဲမှာနင်ရှိနေမယ်...
တစ်နေ့နေ့မှာပေါ့....
နင့်အတွက်စဉ်းစားပေးဆပ်ခဲ့တဲ့
ချစ်ခြင်းတွေဆိုတာ
နင်နားလည်လာလိမ့်မယ် ကွယ်....
သက်တန့်ချို
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................