Tuesday, March 8, 2011

ပြယုဉ်

ပြယုဉ်

ဘ၀က ...စုတ်ချက်တွေအပြည့်နဲ့
စာမျက်နှာတိုင်းမှာ
မှင်နီကြက်ခြေခတ်တွေ...
“ရဲ” ခဲ့ဖူးပေါင်းလည်းများပြီ..

မရယ်ချင်ပဲရယ်ခဲ့ရတဲ့ ရယ်ပွဲအတုတွေ
မပြုံးချင်ပဲ ပြုံးခဲ့ရတဲ့ အပြုံးအတုတွေ
ကြာတော့လည်း
သေလောက်အောင်ကိုမုန်းတယ်...

ကောက်ကျစ်တဲ့ ရိုးသားမှုအတုတွေနဲ့
ဖက်လှဲတကင်း...အပြုံးတ၀င်းဝင်းနဲ့
နောက်ကျောကို...
ဓါးထက်ထက်နဲ့ အထိုးခံရပေါင်းလည်းများပြီ

သိက္ခာနဲ့ငွေ
ဂုဏ်ဓနနဲ့ အသိုင်းအ၀ိုင်း
ရင်ထဲမှာအတုပေါင်းများစွာနဲ့
လူတွေကိုက ညှီစော်နံတယ်...

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်......................

1 comment:

  1. သိက္ခာနဲ့ငွေ
    ဂုဏ်ဓနနဲ့ အသိုင်းအ၀ိုင်း
    ရင်ထဲမှာအတုပေါင်းများစွာနဲ့
    လူတွေကိုက ညှီစော်နံတယ်..............

    အတုတွေထဲက အမြန်ဆုံးလွတ်မြောက်နိုင်ပါစေနော်

    ReplyDelete