Monday, September 19, 2011

ဘီတာကယ်ရိုတင်း

ဘီတာကယ်ရိုတင်း




Living Life Journal မှာ ကျန်းမာရေး၊ အလှအပရေးရာနဲ့ပတ်သတ်ပြီး ဗဟုသုတရစေမယ့် အကြောင်း အရာအတော် များများကို Cover Story အဖြစ်တင်ဆက်ပေးပြီးတဲ့နောက် ယခုအပတ် တင်ဆက်ပေး မယ့်အကြောင်းက တော့ ဘီတာကယ်ရိုတင်းအကြောင်းဖြစ်ပါတယ် ။ အချို့သော အားဆေးတွေ နဲ့ ဆေးတောင့်တွေ မှာ ဘီတာကယ်ရိုတင်းပါဝင်တယ်လို့ ထည့်ပြီးဖော်ပြတာကို တွေ့ဖူးကြပါလိမ့်မယ် ။ ဒါပေမယ့် ဘီတာ ကယ်ရိုတင်းကို အသေးစိတ်ကျကျ သိရှိသူကတော့ နည်းပါလိမ့်မယ် ။ ဘီတာကယ်ရိုတင်းဆိုတာ အ ပင်တွေနဲ့ သစ်သီးတွေမှာ ပေါများစွာတွေ့ရလေ့ရှိတဲ့ အနီရောင် လိမ္မော်ရောင် ရောင်ခြယ်တစ်မျိုးဖြစ်ပါတယ် ။ ဓါတုဒြပ်ပေါင်း တစ်ခုဖြစ်ပြီး ဟိုက်ဒရိုကာဗွန်အမျိုးအစားဖြစ်ပါတယ် ။ Beta carotene ကို geranylgeranyl pyrophosphate ဆိုတဲ့ ဒြပ်ပေါင်းကနေပြီး ဇီဝနည်းနဲ့ထုတ်လုပ်နိုင်ပါတယ် ။ ဘီတာ ကယ်ရိုတင်း မှာ မော်လီ ကျူးတွေရဲ့ အစွန်း နှစ်ဖက်လုံးမှာ ဘီတာရင်းမ် (Beta rings) တွေပါရှိပါတယ် ။



ကာရိုတင်းဆိုတာ မုန်လာဥ၀ါမှာ တွေ့ရတဲ့ ပစ္စည်းတစ်မျိုးဖြစ်ပြီး လိမ္မော်ရောင်ဖက်သမ်းပါတယ် ။ အပင်တွေ မှာပေါများ စွာတွေ့ရပြီး အစားအသောက်တွေမှာ အရောင် အနေနဲ့သုံးချင်ရင်တော့ E number E160a ရှိပါတယ် ။ သဘာဝအတိုင်းဆိုရင် ဘီတာကာရိုတင်းဟာ ဗီတာမင်အေရဲ့ precursor (မလှုပ်ရှားသောပုံစံ) ဖြစ်ပြီး chromatography နည်းပညာကိုအသုံးပြုပြီး carotenoids ပေါများစွာပါရှိတဲ့ သစ်သီးတွေကနေပြီး ဘီတာ ကာရိုတင်းကိုခွဲထုတ်နိုင်ပါတယ် ။ အခြားcarotenoids တွေကနေ ဘီတာကယ်ရိုတင်းကိုခွဲထုတ်ခြင်းရာ ဒြပ်စင် တစ်ခုရဲ့ Polarity အပေါ်အခြေခံပါတယ် ။ ဘီတာကယ်ရိုတင်းဟာ non-polar ဒြပ်ပေါင်း တစ်ခုဖြစ် ပါတယ် ။ ဒါကြောင့်သူ့ကိုခွဲထုတ်ချင်တဲ့အခါ Non polar solvent ဖြစ်တဲ့ hexane ကိုအသုံးပြုရပါတယ် ။ အပင်တွေ မှာပါဝင်တဲ့ carotenoids တွေဟာ ပရိုဗီတာမင် အေတွေရဲ့ မူရင်းဟာအာရ ဇစ်မြစ်တစ် ခုလည်းဖြစ် ပါတယ် ။ လူသိအများဆုံးကတော့ Provitamin A carotenoids ဖြစ်ပြီး အခြား အနေနဲ့ a-carotene နဲ့ beta cryptoxanthin တို့ ပါဝင်ကြပါတယ် ။ Carotenoids တွေကို စုပ်ယူခြင်းကို အူသိမ်ဦးပိုင်း (duodenum) မှ ကန့်သတ် ထားပြီး ဒီစုပ်ယူခြင်းဟာ အမြှေးပါး ပရိုတိန်းဖြစ်တဲ့ SR-B1 receptor အပေါ်မူတည်ပါတယ် ။ ဒီပရို တိန်း ဟာဆိုရင် ဗီတာမင်အီး စုပ်ယူခြင်းနဲ့လည်းပါဝင်ပတ်သတ်ပါတယ် ။

ဘီတာကယ်ရိုတင်း မော်လီကျူးတစ်ခုကို အူအထဲမှာရှိတဲ့ အင်ဇိုင်းတစ်မျိုးဖြစ်တဲ့ beta,beta-carotene 15,15'-monooxygenase ဆိုတဲ့ အင်ဇိုင်းကနေဖယ်ထုတ်ပေးပြီးဗီတာမင်အေ မော်လီကျူး နှစ်ခုကိုဖြစ်စေပါတယ် ။ Carotenoids တွေရဲ့ စုပ်ယူခြင်းနဲ့ပြောင်းလဲခြင်းဟာ ဘီတာကာရိုတင်းရဲ့ ပုံစံ ( ဥပမာ ချက်ပြုတ်ပြီးသား သို့မ ဟုတ် ဟင်းသီးဟင်းရွက်အစိမ်းများ ၊ အားဆေးတောင့် ) ပေါ် မူတည်ပါတယ် ။ ဒါ့အပြင် အဲဒီတပြိုင်နက်ထဲမှာ အဆီတွေ တပြိုင်နက်စားသုံးမှု ၊ လတ်တလော ဗီတာမင်အေ သိုလှောင်ထားမှု နဲ့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဘီတာ ကာရိုတင်းစတာတွေအပေါ်မူတည်ပါတယ် ။ ဘီတာကာရိုတင်းကို အ၀ါရောင်နဲ့လိမ္မော်ရောင်ရှိတဲ့ သစ်သီးများ ( သရက်သီး ၊ လိမ္မော်သီး ၊ မုန်လာဥ၀ါ ၊ ကျွေးဥ ၊ ၀ဥ ၊ ကန်စွန်းဥ ၊ ဒေါက်ခွ ၊ ကိုက်လန် ၊ အာလူး ၊ ဘူးသီး စတာတွေမှာပေါများစွာတွေ့ရပါတယ် ။ Vietmamese gac နဲ့ curde palm oil မှာ တခြား သစ်သီးသစ်ရွက်တွေထက်စာရင် ဘီတာကယ်ရိုတင်းမြင့်မားစွာပါဝင်ပါတယ် ။ ဥပမာ မုန်လာဥ၀ါ ထက်စာရင် ၁၀ ဆ ပိုမြင့်မားစွာပါဝင်ပါတယ် ။ ဒါပေမယ့် gac ဟာ ရှားပါးပြီး အရှေ့တောင်အာရှမှာ စိုက်ပျိုးဖြစ် ထွန်းနိုင်မယ့် နေရာ မသိရှိရသေးပါဘူး ။ ယေဘူယျ လူတွေစားသုံးနေတဲ့ ဘီတာကယ်ရိုတင်းဟာ တစ်နေ့ကို 2-7 mg ရှိပါတယ် ။ ဒါဟာ USA ၊ ကနေဒါနဲ့ဥရောပနိုင်ငံအချို့က အမျိုးသမီး ငါးသိန်းကို စမ်းသပ်ထားတဲ့ အဖြေ တစ်ခုဖြစ်ပါတယ် ။ ယူအက်စ် စိုက်ပျိုးရေး သုတေသနကနေပြီး ဘီတာကာရိုတင်း မြင့်မားစွာ ပါဝင်တဲ့အစား အစာ တွေကိုအောက်ပါအတိုင်းဖော်ပြထားပါတယ် ။

မုန်လာဥ၀ါဖျော်ရည် ( တစ်ခွက် = ၂၃၆ မီလီဂရမ် )
ရွှေဖယုံသီးဖျော်ရည် ( တစ်ခွက် = ၂၄၅ မီလီဂရမ် )
အာလူးချက်ပြီးသား ( တစ်လုံး = ၁၄၆ မီလီဂရမ် )
အာလူး ပြုတ်ပြီးသားအခွံမပါ ( တစ်လုံး = ၁၅၆ မီလီဂရမ် )
ဒေါက်ခွရွက်ပြုတ်ရည် ( တစ်ခွက် = ၁၉၀ မီလီဂရမ်)
မုန်လာဥချက်ပြီးသား ( တစ်ခွက် = ၁၅၆ မီလီဂရမ်)
ဒေါက်ခွ (တစ်ခွက် = ၂၁၄ မီလီဂရမ်)
အာလူး ပြုတ်ရည် ( တစ်ခွက် = ၂၅၅ မီလီဂရမ်)
မုန်လာဥ ချက်ပြီးသား ဆားမပါ ( တစ်ခွက် = ၁၄၆ မီလီဂရမ် )

ဘေးထွက်ဆိုးကျိုးများ

ဘီတာကာရိုတင်းရဲ့ အဖြစ်များတဲ့ဘေးထွက်ဆိုးကျိုးကတော့ carotenodermia လို့ခေါ်ပါတယ် ။ လက္ခဏာ ကတော့ အရေပြားရဲ့အပြင်ဖက်ဆုံးအလွှာဖြစ်တဲ့ epidermis မှာ caroteinoid တွေစု ပုံလာခြင်းကြောင့် ဖြစ်ပေါ် လာတဲ့ လိမ္မော်ရောင်လေးတွေသမ်းလာခြင်းဖြစ်ပါတယ် ။ အန္တရာယ်မရှိပါဘူး ဒါပေ မယ့် ရေရှည် မှာတော့ ဘီတာကာရိုတင်းပါဝင်တဲ့ သောက်ဆေးတွေအများကြီးသောက်သုံးမိခြင်းဟာ ဆေးလိပ်သောက် တဲ့လူတွေ အ တွက် အဆုတ်ကင်ဆာ ဖြစ်ပွားမှု နှုန်းမြင့်တက်ခြင်းနဲ့ဆက်နွယ်မှုရှိတယ်လို့ဆိုပါတယ် ။ ဒါ့အပြင် ဘီတာ ကာ ရိုတင်းပါဝင်တဲ့သောက်ဆေးတွေဟာ ဆီးကြိတ်ကင်ဆာ ၊ ဦးနှောက်အတွင်းသွေးယိုခြင်း ( intracerebral hemorrhage) တို့ကိုများစေပြီး ဆေးလိပ်သောက်သူတွေမှာ နှလုံးရောဂါနဲ့ သေဆုံးမှုနှုန်းမြင့်တက်လာခြင်းတို့နဲ့ ဆက်နွယ်မှုရှိတယ်လို့ ဆိုပါတယ် ။ ဘီတာကာရိုတင်းကို အသည်းနဲ့တခြား သားဥအိမ် တို့လို နေရာတွေ မှာသိုလှောင် ပါတယ် ။ ကြွက်တွေမှာစမ်းသပ်ချက်အရတော့ ဒီလို သိုလှောင်ထား တဲ့ဘီတာ ကာရတိုတင်းကို ခန္ဓာကိုယ် ကနေ ဘီတာမင်အေအဖြစ် မပြောင်းပေးနိုင်ဘူးလို့ဆိုပါတယ် ။ အီကွေတာ နဲ့ ဝေးတဲ့နိုင်ငံတွေ မှာတော့ ဗီတာမင်ဒီတွေသိုလှောင်ထားခြင်းဟာ အေးခဲတဲ့ဆောင်းရာသီမှာဆိုရင် Osteoporosis ဆိုတဲ့အရိုး ပွရောဂါ ကို ကာကွယ်ပေးနိုင်ယုံသာမကပဲ တခြား ဗီတာမင်ဒီချို့တဲ့ခြင်းနဲ့ ဆက်နွယ်နေတဲ့အခြေအနေကိုပါ အဆင်ပြေစေ ပါတယ် ။ အများစုကတော့ annatto လို့ခေါ်တဲ့ အစားအစာအရောင် ကိုဘီတာ ကာရိုတင်းအ စားအသုံးပြုကြပါတယ် ။ ဒါဟာ ခန္ဓာကိုယ်ထဲမှာ သိုလှောင်ထားခြင်းမပြုနိုင်ပါဘူး ။

ဘီတာကာရိုတင်းနှင့် အဆုတ်ကင်ဆာ

ဘီတာကာရိုတင်းပါတဲ့ သောက်ဆေးတွေအများကြီး ( high dose) သောက် သုံးခြင်းဟာ ဆေးလိပ်သောက် သူတွေမှာ အ ဆုတ်ကင်ဆာ ဖြစ်ပွားမှုနှုန်း ကိုမြင့်တက်နိုင်ချေရှိပါတယ် ။ ဒါကြောင့် ဘီတာကာရိုတင်းရဲ့ Oncologyဟာ နေ့စဉ် ဆေးအချိန်အဆအများကြီးသောက်သုံးနေမှုနဲ့ ဆေးလိပ်သောက်သုံးနေမှု နှစ်ခုစလုံး
အပေါ်အခြေခံပါတယ် ။

ကျန်းမာရေးအပေါ် အကျိုးသက်ရောက်မှု

ကာရိုတင်းတွေဟာ ဓါတ်တိုးဆန့်ကျင်ဂုဏ်သတ္တိတွေရှိပါတယ် ။ ဗီတာမင်အေဟာ glycoproteins တွေ ထုတ်လုပ်မှုဖြစ်စဉ်မှာ ပါဝင်ရုံသာမကပဲ တခြား ဇီဝ လုပ်ငန်းဆောင်တာတွေအမျိုးမျိုးကို ထမ်းဆောင်ပေးပါတယ် ။ ဗီတာ မင်အေ တွေသာ ချို့တဲ့ခဲ့မယ်ဆိုရင်တော့ အရိုးဖွံ့ဖြိုးမှု မူမမှန်ဖြစ်လာခြင်း ၊ မျိုးပွားအဂါင်္ ဆိုင်ရာချို့ ယွင်းမှုများ ၊ မျက်ကြည်လွှာခြောက်သွေ့ခြင်း ( xerophthalmia) စသည်တို့ဖြစ်စေနိုင်ပါတယ် ။ ဈေးကွက်ထဲမှာ ၀ယ်ယူရရှိနုင်တဲ့ ဘီတာကာရိုတင်းထုတ်ကုန်တွေဟာ အများစုကတော့ မှို ၊ အပင် ၊ ရေညှိ နဲ့ palm oil ကနေ ထုတ်လုပ် ထားကြတာဖြစ်ပါတယ် ။ ဘီတာ ကာရိုတင်းဟာ retionol အဖြစ်ပြောင်းပေးပြီး ဒါဟာ အမြင်အာ ရုံအတွက် မရှိမဖြစ်လိုအပ်ပါတယ် ။ Retinoic acid အဖြစ်လည်း ဆက်လက်ပြောင်းပေးပြီး အဲဒါဟာ ဆဲလ်တွေခွဲခြားခြင်းနဲ့ ဆဲလ်တွေကြီးထွားလာခြင်းဖြစ်စဉ်တွေအတွက်လည်းအလွန်အဆုံးဝင်ပါကြောင်း တင်ပြ လိုက် ရပါတယ် ။

Ref : wikipedia

သက်တန့်ချို
(For Living Life Journal coming issue)

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Friday, September 16, 2011

ထူးဆန်းသောသတ္တ၀ါ လူပျံတော် Mothman

ထူးဆန်းသောသတ္တ၀ါ လူပျံတော် Mothman



မျက်မြင်တွေ့ဖူးသူများဆွဲပြသော ပုံကြမ်း

Mothman ဆိုတာဟာ အလွန်ထူးဆန်းတဲ့ ဒဏ္ဍာရီဆန်တဲ့အကောင်တစ်မျိုးဖြစ်ပြီး ၁၉၆၆ ခုနှစ် နိုဝင်ဘာ ၁၅ ရက်နေ့ မှ ၁၉၆၇ ဒီဇင်ဘာ ၁၅ ရက်နေ့ အတွင်းမှာ အနောက် ဗာဂျီးနီးယားပြည်နယ်ဧရိယာတစ်ဝှိုက်မှာ မြင်တွေ့ ခဲ့ ရတယ်လို့ အစီရင်ခံစာတွေမှာ ဖော်ပြခဲ့ပါတယ် ။ စာရေးသူ John Keel သူ့ရဲ့ ၁၉၇၅ ခုနှစ်မှာ ထုတ် လုပ်ကျော်ကြားခဲ့တဲ့ The Mothman Prophecies ဆိုတဲ့စာအုပ်မှာ ဒီလူပျံတော်အကောင်တွေဟာ သဘာဝ အလျှောက်ထူးဆန်းတဲ့အခြေအနေမျိုးရှိတဲ့ နေရာဒေသတွေနဲ့ ဆက်နွယ်မှုရှိတယ်လို့ဆိုပါတယ် ။



ဒီအကြောင်းအရာတွေနဲ့ပတ်သတ်ပြီး ၂၀၀၂ ခုနှစ် ရုပ်ရှင်တွေမှာ Keel ရဲ့စာအုပ်တွေကိုအခြေခံပြီး Mothman Prophecies ဆိုပြီး ထင်ရှားကျော်ကြားလာခဲ့တယ် ။

၁၉၉၆ ခုနှစ်ရဲ့ နိုဝင်ဘာ ၁၅ ရက်နေ့မှာပေါ့ ။ Point Pleasant မှ ငယ်ရွယ်တဲ့ စုံတွဲနှစ်တွဲဖြစ်တဲ့ Roger နဲ့ Linda Scarberry ၊ Steve နဲ့ Mary Mallette တို့ဟာ သူတို့ဟာ အဖြူရောင်ထူးဆန်းတဲ့ သတ္တ၀ါကြီးကို မြင်ခဲ့ရကြောင်း ရဲတွေကိုပြောဆိုခဲ့ပါတယ် ။ အဲဒီအဖြူကောင်တွေရဲ့ မျက်လုံးဟာ နီရဲတောက်ပနေပြီး ကားမီးထိုး လိုက်တဲ့အခါ ပိုပြီးထင်ရှားတောက်ပလာတယ်လို့ဆိုပါတယ် ။ သူတို့က ခြေဆယ်ချောင်းနဲ့ အတောင်ပံပါပျံသန်းနေသော လူသား လို့ဖော်ပြခဲ့ကြတယ် ။ အဲဒီအကောင်ကြီးဟာ ဒုတိယကမ္ဘာစစ် လက်နက်ဒဏ် သင့်အပင်တွေ ရှိတဲ့နေရာဖြစ်တဲ့ TNT လို့ခေါ်တဲ့မြို့ဧရိယာ ကို ကားဖြတ်မောင်းလာ စဉ်အနောက် ကနေ တောက်လျှောက် လိုက်လာခဲ့ပါတယ် ။ နောက်ရက်အနည်းငယ်အတွင်းမှာပဲ ဒီလိုမြင်ကွင်းမျိုး ကိုထပ်တူမြင်ခဲ့ ရတယ်လို့ ဆိုတဲ့ လူတွေ ရှိလာပြန်ပါတယ် ။ အဲဒီထဲမှာ စေတနာရှင် မီးသတ်သမား၂ ယောက်လည်းပါပါတယ် ။ သူတို့ကတော့ အဒါကို အနီရောင်မျက်လုံးတဲ့ ကြီးမားတဲ့ငှက်ကြီးတစ်ကောင်ဖြစ်တယ်လို့ဆိုပါတယ် ။ Mason ပြည်နယ်မှ Sheriff George Johnson ကတော့ဒီလိုပြောခဲ့ပါတယ် ။ ` အခုတလော လူတွေ ပြောနေတဲ့ ထူးဆန်တဲ့ သတ္တ၀ါကောင် ကြီးဆိုတာ shitepoke လို့ခေါ်တဲ့ ကြီးမားတဲ့ Heron - ငဟစ်ငှက်ကြီး တစ်ကောင်ပဲဖြစ်ပါလိမ့်မယ် ´ Contractor Newell Partridge က သူလည်းပဲ လယ်ကွင်းနားမှာ အနီရောင်မျက် လုံးတွေနဲ့စူးရှတောက်ပတဲ့ ( ဆိုင်ကယ်မီးလိုမျိုး) မျက်လုံးတွေနဲ့ ထူးဆန်းတဲ့ အကောင်ကြီးကိုတွေ့ခဲ့ဖူးကြောင်း Johnson ကိုပြောခဲ့ပါတယ် ။



သူက ဆက်ပြောခဲ့တာကတော့ အဲဒီကောင်ကြီးတွေ့ပြီးတာနဲ့တပြိုင်နက် သူ့ရဲ့ရုပ်မြင်သံကြားဟာ ဆူညံတဲ့အ သံတွေ ထွက်ပေါ်လာပြီး ဂျာမန် Shepherd ခွေးတစ်ကောင် လည်းပျောက်ဆုံး သွားကြောင်းပြော ဆိုခဲ့ပါတယ် ။ West Virginia Univeristy မှ တောတွင်းတိရိစ္ဆာန်လေ့လာရေး ဇီဝပညာရှင် က သတင်းထောက်တွေ ကိုပြောခဲ့ တာကတော့ ဒီလို ဖော်ပြချက်တွေနဲ့ မြင်ကွင်းတွေဟာ Sandhill Crane နဲ့ဆက်နွယ်မှုရှိတယ်လို့ဆိုပါတယ် ။ Sandhill Crane ဆိုတာ အမေရိကန် ကြိုးကြာနွယ်ဝင်ဖြစ်ပြီး လူတစ်ရပ်လောက်မြင့်ပါတယ် ။ ခြေချောင်း ၇ ချောင်း ရှိပြီးတောင်ပံတွေပါပါတယ် ။ အနီရောင်မျက်လုံးတွေကလည်း ၀ိုင်းစက်နေပြီး အဲဒီငှက်တွေဟာ အသား စား သတ္တ၀ါမျိုးနွယ်တွေဖြစ်တယ်လို့ဆိုပါတယ် ။ ၁၉၆၇ ဒီဇင်ဘာ ၁၅ ရက်နောက်ပိုင်းမှာတော့ လူပေါင်း ၄၆ ယောက် သေဆုံးခဲ့ရတဲ့ Silver Bridge ပြိုပျက်မှုမှာ ဒီ သတ္တ၀ါကြီးဟာ အဓိက တရားခံအဖြစ်ပါ ၀င်ပြီး တဲ့နောက် နောက်ထပ် report တွေထွက်မလာခဲ့တော့ပါဘူး ။



Silver Bridge ပေါ်မှ Mothman

ဒီတံတားကြီးပျက်ဆီးမှုနဲ့ ဒီအကောင်ကြီး ထွက်ပေါ်လာမှု ဟာ ဆက်နွယ်မှုရှိနေတာကိုတော့ ကျွန်တော်တို့ အား လုံးငြင်း လို့မရနိုင်ခဲ့ပါဘူး .။ တချို့လည်း ဒီလူပျံတော်ဟာ ပန်းကန်ပြားပျံ UFO တွေ ကမ္ဘာကို ရောက် ရှိလာ တာ နဲ့ ပတ်သတ်နေရမယ်လို့ ဆိုပါတယ် ။ ဘာပဲပြောပြော ဒီလူပျံတော် Mothman ဟာ ဒဏ္ဍာရီဆန်ဆန် နဲ့ ပုစ္ဆာပေါင်း များစွာ ပေးနေတုန်းပါပဲ ။



Ref : wikipeida

သက်တန့်ချို
16 Sept 2011

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Thursday, September 15, 2011

တစ်လအတွင်း အမြန်ပိန်စေနည်း၏ လှို့ဝှက်ချက်များ

တစ်လအတွင်း အမြန်ပိန်စေနည်း၏ လှို့ဝှက်ချက်များ




အောက်မှာဖော်ပြထားတဲ့အချက် ၁၀ ချက်ကို တိတိကျကျ တသွေမတိမ်းလိုက်နာဖို့ လိုပါတယ် ။ တစ်ခုခုကို မလိုက် နာပဲ ပျက်ကွက်ခဲ့ရင်တော့ သင့်ရဲ့အမြန်ပိန်စေရေး အိပ်မက်ဟာပျက်ပြယ်သွားမှာ အမှန်ပါပဲ ။ အချက် ၁၀ ချက် လို့ ခွဲထားပေမယ့် ။ အဓိက ခွဲထွက်လာတာ ၃ ချက်ပဲရှိပါတယ် ။

၁ ။ အစားအသောက် အာဟာရပုံစံ
၂ ။ အပြုအမူအလေ့အကျင့် နေထိုင်မှုပုံစံ
၃ ။ ဆေးဝါးအကူအညီရယူခြင်း စသည်တို့ပဲဖြစ်ပါတယ် ။

ပိန်ချင်တဲ့သူအများစုကအထက်ပါ အုပ်စု ၃ ခုထဲက တစ်ခုခုကိုသာ ရရှဖို့ ကြိုးစားနေသူတွေများပါတယ် ။ ဥပမာ ပိန်သေးသောက်နေတဲ့သူဆိုရင် ငါပိန်ဆေးသောက်နေတာပဲ သူ့အလိုလိုပိန်လာမှာပေါ့ ကျန်တာမလိုပါဘူးဆိုပြီး အစားလည်းမလျော့ လေ့ကျင့်ခန်းလည်းမလုပ်ပဲနေလေ့ရှိတယ် ။ အဲဒီလိုနည်းလမ်းနဲ့ သိသိသာသာပိန်သွားတာ သင်တွေ့ဖူးပါသလား ။ တကယ်ပိန်ချင်ရင် သင်ဟာ တကယ်စိတ်အားထက်သန်နေဖို့လည်းလိုတယ် ။ အောက် မှာ ဖော်ပြထားတဲ့အချို့အချက်တွေကို သင့်အနေနဲ့သိပ်အရေးမပါဘူးလို့ ထင်ကောင်းထင်လိမ့်မယ် ။ ဒါပေမယ့် အတကယ် အကျိုးထူးတဲ့အတွက် သင်တိတိကျကျလုပ်ဆောင်ပါ ။ အောက်ပါ ၁၀ချက်ကို လိုက်နာယုံနဲ့ 70 kg , 80 kg 100kg သမားတွေကို 50kg, 60 kg လောက်ထိ လျော့ချပေးနိုင်တယ်ဆိုတာ သင်အံ့သြဖွယ် ရာတွေ့လာပါလိမ့်မယ် ။ ကဲဘာတွေလုပ်သင့်သလဲ ဘာတွေလုပ်ရမှာလဲဆိုတာ လေ့လာကြည့်ကြရအောင် ။

၁ ။ ပထမဆုံး လုပ်ရမှာကတော့ သင့်ရေချိုးခန်း ၊ အလှကြည့်မှန် ၊ သနပ်ခါးစတဲ့ မှန်တွေရှိတဲ့နေရာမှန်သမျှ မှာ “ ငါ သည် တစ်လအတွင်း မုချ ပိန်ကိုပိန်ရမယ် ” ဆိုတဲ့ စာကြောင်းကို ခပ်ထင်းထင်းဖြစ်အောင် ၊ ဆော့ပင် သို့မ ဟုတ် correction pen ဖြင့် ရေးရပါမည် ။ အသံထွက်၍လည်း ယုံကြည်မှုအပြည့်ဖြင့် ဖတ်ရပါမည် ။

၂ ။ ပုံမှန်အစားအသောက် စားတဲ့အလေ့အကျင့်ကို မွေးမြူရပါမယ် ။ ပိန်ချင်တယ်ဆိုရင် စားချင်တဲ့အချိန် စား လို့မ ရပါဘူး ။ အချိန်သတ်မှတ်ပါ ။

-မနက်စာစားချိန် ၊ နေ့လည်စာစားချိန် ၊ ညစာစားချိန် ( ဒီ ၃ နပ်ထက်မပိုရပါဘူး ။ နေ့တိုင်း အချိန်အ တိအကျ တိုင်းအစားပါ ။ ဒါကို Regular Eating pattern လို့လည်းခေါ်တယ် ။

၃ ။ High Calorie Food လို့ခေါ်တဲ့ ကယ်လိုရီတက်စေတဲ့ အစာတွေလုံးဝမစားရပါဘူး ။ Snack လို့ခေါ်တဲ့ သရေစာတွေ ကိုတော့ လုံးဝမစားရပါဘူး ။ ရန်သူလို သဘောထားပါ ။ အကယ်၍ မဖြစ်မနေ စားဖို့ကြုံလာ ရင်လည်း ချင့်ချိန်ပြီးစားရပါမယ် ။ ကယ်လိုရီတက်စေတဲ့ အစားအစာတွေကတော့
- ၀က်သား
- အဆီပါသောငါး
- ရေခဲမုန့်
-ချောကလက်
-ဆီကြော်မုန့်နှင့်သရေစာအမျိုးမျိုး
-ချိုလွန်းသောသစ်သီးများ

၎ ။ နံနက်ခင်းစာကိုပုံမှန်စားနိုင်ပါတယ် ။ နေ့လည်စာကိုတော့ သင့်တင့်ယုံသာစားပါ ။ ညစာကိုတော့နေ့ လည် စာရဲ့ တစ်ဝက်ခန့်သာစားရပါမယ် ။ ညနေခင်းစားစားပြီးရင် လူသာ ကိုယ်လက်လှုပ်ရှားမှုသိပ်မရှိပဲ အိပ်ယာ ၀င်လေ့ရှိတာကြောင့် calorie ပိုတတ်စေပါတယ် ။ စားသောက်တဲ့ ကယ်လိုရီကို ချေဖျက်နိုင်တဲ့ စွမ်းအင်သုံးစွဲမှု energy comsumption မရှိရင် overweight ကိုကျစေမှာမဟုတ်ပါဘူး ။

၅ ။ နေ့စဉ်ပုံမှန်အလေ့အကျင့်တွေကိုမွေးမြူရပါမယ် ။ သင်ဟာ အလွယ်တကူလုပ်နိုင်တဲ့အလုပ်တွေကို စက် ပစ္စည်းတွေ ချည်း အားကိုးနေတဲ့အကျင့်ကိုဖျောက်ပါ ။

- စက်ကလေးနဲ့ ဖုန်စုပ်မည့်အစား တံမြက်စည်းကို ပြောင်နေအောင်လှဲပါ ။ ဒါဟာ စွမ်းအင်သုံးစွဲနည်းပါ ။
- အလွယ်တကူလမ်းလျှောက်သွားနိုင်တဲ့နေရာကို သင် ဘတ်စ်ကားစီးသွားပါသလား ။ အဲဒီအကျင့်ကိုဖျောက်ပါ ။ လမ်းလျှောက်နိုင်တဲ့ နေရာဆို လမ်းလျှောက်သွားပါ ။
-အ၀တ်လျှော် ၊ ပန်းကန်ဆေး ဒါတွေကို စက်ကိုအားကိုးတဲ့အကျင့်ဖျောက်ပြီး သင်ကိုယ် တိုင် ချွေးထွက် လာတဲ့အ ထိ ကိုယ့်အားကိုယ်ကိုးပါ ။ သွေးလေလည်ပတ်မှုများပြီး အဆီကျစေပါတယ် ။

၆ ။ ဒီအပြုအမူတွေပြောင်းယုံနဲ့ မလုံလောက်သေးပါဘူး ။ ဒါဟာ weight ကို ထပ်မတက်အောင် maintain လုပ်တဲ့ အဆင့်ပဲရှိပါတယ် ။ လျော့ချဖို့ဆိုရင် ပုံမှန်လေ့ကျင့်ခန်းလုပ်ဖို့လိုပါတယ် ။ သင်လုပ်နိုင်သမျှ အစွမ်း ကုန်ပြင်းပြင်းထန်ထန်လုပ်ဖို့လိုပါတယ် ။
- ရေကူးခြင်း
- ပြေးခြင်း
- ကြိုးခုန်ခြင်း
- ယောဂလေ့ကျင့်ခန်းလုပ်ခြင်း
- လမ်းလျှောက်ခြင်း

၇ ။ အချိန်အကြာကြီးထိုင်ရမယ့်အလုပ်ကို ရှောင်ပါ ။ ဥပမာ ရုပ်ရှင်ကြည့်ခြင်း ၊ စာအကြာကြီးထိုင်ရေးခြင်း ၊ သီချင်း အကြာကြီးနားထောင်ခြင်း ။ ဒီလို အကြာကြီးလုပ်ရမယ့်အလုပ်ကို မဖြစ်မနေလုပ်ရမယ်ဆိုရင်လည်း ၄၅ မိနစ်ထက် မပိုပါစေနဲ့ ။ ၁၅ မိနစ်လောက်ကိုယ်လက်လှုပ်ရှားပြီးမှပြန်လုပ်ပါ ။

၉ ။ သင်ဟာ ပိန်ဆေးတစ်ခုခုကိုလည်းသောက်ဖို့လိုပါတယ် ။ ဥပမာ Sibutramine , Orlistat ပါဝင်သော ဆေး တစ်မျိုးမျိုးကိုသောက်သုံးခြင်းကိုဆိုလိုပါတယ် ။ Sibutramine ဟာ FDA က approve လုပ်ထား တဲ့ အစာစား ချင်စိတ် ကိုထိမ်းချုပ်ပေးတဲ့ တစ်ခုတည်းသော ဆေးဖြစ်ပါတယ် ။ နေ့စဉ်ပုံ မှန်တိုင်းအတိ အကျသောက် ဖို့လိုပါတယ် ။ သောက်လိုက်မသောက်လိုက်ဆို ဘာအကျိုးမှမရှိပါဘူး ။ ဘေးထွက်ဆိုးကျိုးကို နားလည်တတ် ကျွမ်း သူတွေနဲ့ တိုင်ပင်ပြီး ကိုယ့်အတွက် ဘာဆိုးကျိုးတွေရှိနိုင်သလဲဆိုတာ ဆန်းစစ်ပါ ။

၁၀ ။ နောက်ဆုံးအချက်ကတော့ ပုံမှန်ကိုယ်အလေးချိန်ချိန်ပေးရပါမယ် ။ ကိုယ်ဒီလိုတစ်နေ့ တာလုပ်တဲ့အ တွက်ဘယ်လောက်ထိကျသွားသလဲဆိုတာ အမြဲဆန်းစစ်နေရပါမယ် ။

တစ်ပတ်အတွင်းဘယ်လောက်ထိ ကိုယ်လုပ်နိုင်သလဲဆိုတဲ့အပေါ်မူတည်ပြီး တစ်လအတွင်း အံ့သြဖွယ် ရာ ကောင်းအောင် ကိုယ်အလေးချိန်ကို အထက်ပါနည်းလမ်းတွေနဲ့လျော့ချပစ်နိုင်ပါတယ် ။ မယုံမရှိနဲ့နော်း)

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Wednesday, September 14, 2011

ART (အေအာတီ) အကြောင်းသိကောင်းစရာ (အပိုင်း ၁)

ART (အေအာတီ) အကြောင်းသိကောင်းစရာ (အပိုင်း ၁)




အေအာတီဆိုသည်မှာ အိတ်ခ်ျအိုင်ဗွီ ( HIV) ပိုးအား ဆေးဝါးများဖြင့်ကုသခြင်း ( Antiretroviral Therapy) ကို ဆိုလိုခြင်းဖြစ်သည် ။ အေအာတီဖြင့် ကုသရာတွင် HIV ပိုးကို ထိရောက်သော ဆေးသုံးမျိုးပေါင်းစပ်ပြီး သုံးလေ့ရှိ သည် ။ ဤကဲ့သို့ ဆေးသုံးမျိုးပေါင်းစပ်ပြီး သုံးစွဲခြင်းမှာ HIV ပိုးသည် အလွယ်တ ကူ ဆေး ပြီးနိုင်သော ကြောင့် ဖြစ်သည် ။ ဆိုလိုသည်မှာ HIV ပိုးသည် အလွယ်တကူ ဆေးမတိုးသော ပိုးဖြစ်သွားနိုင်သည် ။ ဆေးသုံး မျိုးပေါင်းစပ်ပြီးသုံးမှသာလျှင် HIV ပိုးအား တပြိုင်နက် ဖိနှိပ် ဖျက်ဆီးနိုင်မည်ဖြစ်သည် ။

HIV ပိုးအား အေအာတီ ဆေးများဖြင့် ကုသရာတွင် HIV ပိုးမှာ သွေးထဲတွင် အရေအတွက် သိန်းဂဏန်း ၊ သန်းဂဏန်းမှ အကောင်ရေ တိုင်းတာ၍ မရအောင် နည်းသွားနိုင်သည် ။ သို့သော်လည်း HIV ပိုးမှာ ကိုယ်ခန္ဓာမှ လုံးဝ ပျောက် ကင်းသွားခြင်းမရှိ ။ ပိုးအနည်းငယ်မှာ ကိုယ်ခန္ဓာအတွင်း တစ်နေရာတွင် ပုန်းလျှို၍ ခိုအောင်းလေ့ ရှိသည် ။ ထို့ကြောင့် အေအာတီဆေးများကို သုံးစွဲရာတွင် ရပ်တန့်၍ မရပါ ။ ဆေးဝါးများရပ်တန့်လိုက်သည်နှင့် ပုန်းလျှိုနေသော HIV ပိုးများမှာ လျှင်မြန်စွာ ပြန်လည်ပွားများလာမည်ဖြစ်ပြီး အချိန်တန် လျှင် ရောဂါ လက္ခဏာ များ ပြန်လည်ပေါ်ပေါက်နိုင်သည် ။

အေအာတီဆေးများဖြင့် ကုသပြီး HIV ပိုးမှ ကိုယ်ခန္ဓာအတွင်းတွင် သိသိသာသာ လျော့နည်းလာသည်နှင့်အမျှ ကိုယ်ခန္ဓာ၏ ခုခံစွမ်းအားမှာ ပြန်လည်ကောင်းမွန်လာပြီး ဆက်လက်နေထိုင်ကောင်းသွားမည်ဖြစ်သည် ။ HIV ပိုးမှာ ခန္ဓာကိုယ်အတွင်း သိသိသာသာလျော့နည်းသွားသော်လည်း ပိုးကောင်ရေ အနည်းငယ် ကျန်နေ၍ လည်းကောင်း ၊ HIV ပိုးမှာ လွယ်လင့်တကူဆေးမတိုးသည့် ပိုးသို့ ကူးပြောင်းနိုင်၍ တကြောင်း ART ဆေးများကို စသောက်ပြီဆိုပါက အမြဲတမ်း ဆက်လက်သောက်သွားရန်လိုအပ်သည် ။

ဆေးကို အချိန်မှန်မှန်သောက်ရန်လိုအပ်သည် ။ ဆေးကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း အလုံးရေ အတိအကျသောက် ရန်လိုသည် ။ ဆရာဝန်မညွှန်ကြားပဲနှင့် ဆေးမရပ်ရ ၊ ဆေး မဖြတ်ရ ၊ ဆေးသောက်ရန် မမေ့ပါနှင့် ။ ဆေးအပိုအမြဲဆောင်ထားပါ ။ ဆေးပြတ်ပြီးမှ မ၀ယ်ပါနှင့် ။ မှတ်ပုံတင်ပြီး တရားဝင် တင်သွင်း ထားသော အေအာတီဆေးများကိုသာသုံးပါ ။ နေကောင်းနေသော်လည်း ဆရာဝန်ချိန်းသည့်အတိုင်းမှန်မှန်ပြပါ ။ ဆေး၏ ဘေးထွက်ဆိုးကျိုးများရှိမရှိ ဆေးထိရောက်မှု ရှိမရှိကို ဆရာဝန်မှ ရံဖန်ရံခါ စစ်ဆေးကြည့်ရန် လိုအပ်ပါ သည် ။ လိုအပ်ပါက ဆရာဝန်က အချိန်မီ ဆေးပြောင်းပေးပါလိမ့်မည် ။

အေအာတီဆေးများကို ဆရာဝန်ညွှန်ကြားမှုမရှိပဲ မသောက်ပါနှင့် ။ အေအာတီဆေးများကို ခုခံစွမ်းအားအတိုင်းအတာတစ်ခုထိ ပျက်စီးမှသာ စတင်တိုက်လေ့ရှိသည် ။ ဆရာဝန်မှ ဆုံးဖြတ်ပေးလိမ့်မည် ။ ရောဂါလက္ခဏာများ ပေါ်ပေါက်နေသူများတွင် ရောဂါလက္ခဏာကို ဖြစ်ပေါ်စေသော အခြားရောဂါပိုးများကို စတင်ကုသပြီးမှ အေအာတီဆေးများကို စတိုက်လေ့ရှိသည် ။

အေအာတီဆေးများကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း စနစ်တကျ စွဲသောက်သွား မည်ဆိုပါက နေကောင်းနေ ပြီး ပုံမှန် သက်တမ်းစေ့ နေနိုင်သွားမည်ဖြစ်ပါသည် ။




အေအာတီဆေးတွေကို အဓိကအားဖြင့် ၄ မျိုးခွဲထားနိုင်ပါတယ် ။ အဲဒါတွေကတော့

၁ ။ NRTI ( Nucleoside Reverse Transcriptase Inhibitors ) - Nucleoside Reverse Transcriptase အင်ဇိုင်း အား ပိတ်ဆို့သော ဆေးဝါးများ

၂ ။ NNRTI (Non-Nucleoside Reverse Transcriptase Inhibitors ) - Nucleoside မဟုတ်သော Reverse Transcriptase အင်ဇိုင်းအား ပိတ်ဆို့သော ဆေးဝါးများ

၃ ။ PI ( Protease Inhibitors) - Protease အင်ဇိုင်းအား ပိတ်ဆို့သော ဆေးဝါးများ

၎ ။ Fixed dose combinations - ဆေးအချိန်အဆအား fixed လုပ်ထားသော ပေါင်းစပ်ဆေးဝါးများ စသည် တို့ဖြစ်ပါတယ် ။

၁ ။ NRTI ( Nucleoside Reverse Transcriptase Inhibitors )

Zidovudine
Lamivudine
Stavudine
Emtricitabine
Didanosine
Tenofovir
Abacavir စသည်တို့ဖြစ်ကြပါတယ် ။

၂ ။ NNRTI (Non-Nucleoside Reverse Transcriptase Inhibitors )

Zevirapine
Efavirenz စသည်တို့ဖြစ်ကြပါတယ် ။

၃ ။ PI ( Protease Inhibitors) - Protease အင်ဇိုင်းအား ပိတ်ဆို့သော ဆေးဝါးများ

Indinavir
Nelfinavir
Saquinavir
Ritonavir
Lopinavir + Ritonavir
Atazanavir စသည်တို့ဖြစ်ကြပါတယ် ။

၎ ။ Fixed dose combinations

Lamivudine 150mg + Zidovudine 300mg
Lamivudine 150mg + Stavudine 30/40mg
Lamivudine 150mg + Stavudine 30/40mg + Nevirapine 200mg
Lamivudine 150mg + Zidovudine 300mg + Nevirapine 200mg

Ref : www.fda.gov,accessed on 1st September 2007
DHHS Guidelines

မှတ်ချက် - အေအာတီအကြောင်းသိကောင်းစရာ (အပိုင်း ၂) မှာတော့ ဆေးဝါးတွေ အကြောင်းအသေး စိတ်နဲ့ ဆေး အ ချိန်အဆ ၊ ဘေးထွက်ဆိုးကျိုးနဲ့ Guideline တွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ် ။

This article was published by Cipla for Health Education about ART

သက်တန့်ချို
14th September 2011

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Tuesday, September 13, 2011

သားအိမ်အသားလုံး Myoma/Fibroid အကြောင်း

သားအိမ်အသားလုံး Myoma/Fibroid အကြောင်း




လောကကြီးက ခေတ်မှီလာတာနဲ့အမျှ ရောဂါတွေက လည်းဆန်းသထက်ဆန်းလာပါတယ် ။ ကင်ဆာတွေ အလုံးအကျိတ်တွေကလည်းများမှများ ။ ဒီတစ်ခါတင်ဆက်ပေးချင်တဲ့အကြောင်းကတော့ Myoma လို့ခေါ်တဲ့ သားအိမ်အသားလုံး ၊ သားအိမ်မှာ အလုံးတည်ခြင်းအကြောင်းဖြစ်ပါတယ် ။ ကင်ဆာမဟုတ်တဲ့ ဒီသားအိမ်အလုံးဟာ အမျိုးသမီးထုတွေမှာ အဖြစ်များလေ့ရှိပါတယ် ။ အိမ်ထောင်ပြုသားမွေးမပြုလုပ်ကြတဲ့အပျိုကြီးတွေမှာ အဖြစ်များပါတယ် ။ အပျိုကြီးတွေမှာသာမကပဲ အိမ်ထောင်ကျပြီးတချို့ က သားသမီးမယူကြဘူး နောက်ပြီးသားသမီးဦးရေ နည်းတဲ့သူတွေပေါ့ အဲဒီလိုလူတွေမှာလည်းဖြစ်လေ့ရှိကြပါတယ် ။ အသက် ၄၀ ၀န်းကျင်လောက်ရှိတဲ့အမျိုးသမီးတွေ အယောက် ၂၀၀ လောက်ကိုသာ Ultrasound ရိုက်ကြည့်မယ်ဆိုရင် ၂၀ ရာခိုင်းနှုန်းလောက်အမျိုးသမီးတွေမှာ အရွယ်အစားအမျိုးမျိုးနဲ့အသားလုံးတွေကို တွေ့ရမှာဖြစ်ပါတယ် ။ တချို့တွေကတော့ခွဲစိတ်ကုသဖို့ မလိုအပ်ပါဘူး ။ ဘယ်လိုလူမျိုးတွေလည်းဆိုတော့ ဘာရောဂါလက္ခဏာမှလည်းမပြ ၊ နောက်ဆက်တွဲ စီစစ်ကြည့်တဲ့အခါမှာလည်း အရွယ်အစားဟာ ဆက်လက်မကြီးထွားလာတဲ့သူတွေဖြစ်ပါတယ် ။


ဘယ်လိုနေရာတွေမှာဖြစ်တတ်သလဲ ?



ဒီလိုအသားလုံးတွေဟာ သားအိမ်တစ်ခုလုံး နေရာအနှံ့ဖြစ်ပွားနိုင်ပါတယ် ။ အမျိုးအစားနေ နဲ့ကြည့်မယ် ဆိုရင်တော့ သားအိမ်နံရံအတွင်းဖြစ်ပွားခြင်း ၊ သားအိမ်နံရံအပြင်တွင်ဖြစ်ပွားခြင်း နဲ့သားအိမ် လှိုဏ်ခေါင်း အတွင်းဖြစ်ပွားခြင်းဆိုပြီး သုံးမျိုးခွဲခြားနိုင်ပါတယ် ။ သားအိမ်နံရံအပြင်ဖက်နဲ့ သားအိမ်လှိုဏ်ခေါင်းအတွင်း ဖြစ်တဲ့ အမျိုးအစားတွေဟာ ညှာတံရှည်နဲ့အလုံးတွေဖြစ်နိုင်ပါတယ် ။

ဘယ်လိုလက္ခဏာတွေဖြစ်တတ်သလဲ ?

အလုံးအရွယ်အစား ကြီးတဲ့အခါ ၀မ်းဗိုက်အောက်ပိုင်းမှာ စမ်းမိပါတယ် ။ လက္ခဏာတွေကတော့ ဓမ္မတာ သွေးပေါ် မှု မူမမှန်ခြင်း ၊ ရက်ရှည်ကြာစွာ သွေးဆင်းခြင်း ၊ သွေးဆင်းချိန်တွေမှာ ကိုက်ခဲခြင်း စတာတွေ ဖြစ်နိုင် ပါတယ် ။ သားဥပြွန်တွေရှိတဲ့ သားအိမ်ထိပ်ပိုင်းနေရာတွေမှာ ဖြစ်တဲ့အခါ သားဥပြွန်တွေ ကျဉ်းသွား တတ်ပါ တယ် ။ ပြီးတော့ ပိတ်ဆို့မှုတွေဖြစ်တဲ့အခါ သားသမီးမရနိုင်တဲ့ ပြဿနာတွေပါ ကြုံတွေ့ရနိုင်ပါတယ် ။ သားအိမ် လှိုဏ်ခေါင်းအတွင်းမှာ အလုံးတည်တဲ့အခါမှာလည်း အကယ်၍ ကိုယ်ဝန်ရလာခဲ့အခါ သန္ဓေသား တွယ်ကပ် မှုကို အနှောက်အယှက်ဖြစ်စေတဲ့အတွက် ကိုယ်ဝန်ပျက်ကျခြင်းတွေကြုံရနိုင်ပါတယ် ။

အကယ်၍ ကိုယ်ဝန်မပျက်ကျခဲ့ရင်လည်း အဲဒီအလုံးတွေကြောင့် သန္ဓေသား အနေအထားမမှန်ခြင်း ၊ လမစေ့ ခင်မွေး ဖွားခြင်း (Preterm labour) ၊ သားအိမ်ဝတွင် တစ်ဆို့နေခြင်းကြောင့် ဗိုက်ခွဲမွေးရခြင်းတွေ လုပ်ရလေ့ ရှိပါတယ် ။ မွေးပြီးတဲ့အခါမှာလည်း သားအိမ်ကျုံ့အား (Uterine contraction force) အားနည်းတဲ့အတွက် အချင်း ကပ်ခြင်း ( retain placenta) ၊ မွေးဖွားပြီးသွေးသွန်ခြင်း ( Post Partum Haemorrhage) စသည်တို့ ကြုံတွေ့ ရနိုင်ပါတယ် ။ အသားလုံးကြီးသော်လည်း ကိုယ်ဝန်ဆောင်စဉ်မှာ သန္ဓေသားကို အနှောက်အယှက် မပေးပဲ သီး သန့် ရှိနေတဲ့အခါဆိုရင်တော့ လစေ့မှ ခွဲမွေးပေးလေ့ရှိပါတယ် ။ တခါတလေဆိုရင် အသား လုံးဟာ နှစ်ရှည်ကြာမြင့်စွာ ဖြစ်ပေါ်နေပြီး ၀မ်းဗိုက်တစ်ခုလုံးပြည့်တဲ့အထိ ၊ ကိုယ်ဝန်လစေ့ အရွယ်အ ထိကြီးမားနိုင်ပါတယ် ။ သားအိမ်ရဲ့ အရှေ့ဖက်မှာ အလုံးကြီးပါက ဆီးအိမ်ကို ဖိနေတဲ့အတွက် ဆီးခဏခဏ သွားလိုခြင်း ၊ ဆီးသွားလို့ မ၀ပဲ ဆီးကျန်ခြင်းနဲ့ ဆီးမသွားနိုင်တဲ့အထိ ဖြစ်တတ် ပါတယ် ။ သားအိမ်ရဲ့အနောက်မှာ အလုံးကြီးတဲ့အခါမှာလည်း ၀မ်းသွားရ ခက်ခဲခြင်း ၊ ၀မ်းကျန်ခြင်းတွေ ခံစားရနိုင်ပါတယ် ။ တချို့သော လူနာတွေမှာဆိုရင် အသားလုံးများစွာရှိပြီး သားအိမ်ရဲ့ နေရာအနှံ့အပြည့်ရှိနိုင်ပါတယ် ။ ဆီးသီးအစေ့ အရွယ်ကနေ ပြီးတော့ ရှောက်သီး ၊ ကျွဲကောသီးအရွယ်ထိ အလုံးပေါင်းရာကျော်တဲ့အထိရှိတတ်ပါတယ် ။

ဘယ်လိုကုသ သလဲ?

အလုံးသိပ်မကြီးရင်တော့ ဗိုက်ခွဲစရာမလိုပဲ မှန်ပြောင်း ( Hysteroscopy) နဲ့ အောက်ဖက်နေထုတ်နိုင်ပါတယ် ။ အလုံးကြီး လို့ဖြစ်စေ ရောဂါလက္ခဏာ ရှိလို့ဖြစ်စေ ၊ လူနာက အသက်၄၀ ကျော်ပြီးတဲ့အခါတွေမှာတော့ သားအိမ် ထုတ်လေ့ ရှိပါတယ် ။ လူနာက အသက်ငယ်သေးပြီးတော့ သားသမီးရယူလိုသူတွေအတွက်ကတော့ အလုံးကို သီးသန့်ထုတ်တဲ့ ( Myomectomy) ကို ပြုလုပ်လေ့ရှိပါတယ် ။ အသားလုံးတွေရဲ့ သဘာဝ ဟာ သွေး ဆုံးပြီးတဲ့အခါ ဆက်လက်မကြီးထွားနိုင်ခြင်း ၊ သေးငယ်သွားခြင်းတွေဖြစ်နိုင်ပါတယ် ။ ဒါဟာ အမျိုးသမီးတွေ ရဲ့ ဟော်မုန်းအပြောင်းအလဲကြောင့် ဖြစ်ပါတယ် ။ သိပ်မကြာသေးခင်က ပေါ်လာတဲ့ Luproid Depot လိုပခေါ်တဲ့ ထိုးဆေးကတော့ ဒီအသားလုံးတွေကို ကျုံ့စေနိုင်ပြီးတော့ ဆက်လက်ကြီးထွား မှုကို ဟန့်တားစေ ပါတယ် ။ မီးယပ်ပေါ်နေစဉ်ကိုက်ခဲခြင်းများကိုလည်း သက်သာစေပါတယ် ။ သားအိမ်ကို သွားတဲ့ သွေး လွှတ်ကြောကိုပိတ်ဆို့ ကုသတဲ့ Embolization နည်းနဲ့လည်းကုသကြပါတယ် ။ တချို့အသက် ကလည်း ၄၀ ကျော် အောက်ပိုင်းအလုံးကလည်းသေးပြီး ဘာလက္ခဏာမှလည်းမခံစားရဘူး Ultrasound ရိုက်ကြည့်လို့ အလုံးရှိမှန်း သိရပြီး စိတ်သောက ရောက်နေရတဲ့ သူတွေရှိပါတယ် ။ ရှင်းပြဖို့လိုအပ်ပါတယ် ။ သားအိမ် ထုတ်ဖို့မ လိုအပ်သလို ၆ လ သို့မဟုတ် တစ်နှစ်တစ်ကြိမ်လောက် Ultrasound နဲ့ စစ်ဆေးပေးဖို့သာ လိုအပ်ပါတယ် ။

သားအိမ်အသားလုံးနဲ့ပတ်သတ်ပြီးဘာတွေသိထားလို့လိုအပ်သလဲ ?

၁ ။ ကိုယ်ဝန်ယူမယ်ဆိုပြီး သားအိမ်ချန် ၊ အသားလုံးချည်းသီးသန့်ထုတ်မယ်လို့ ရည်ရွယ်ထားသော်လည်း အလုံး အရွယ် အစားက ကြီးမားတယ် နောက်ပြီး အရေအတွက်လည်းများတယ် ခွဲစိတ်တဲ့အခါ အလုံးကြီးပဲသီးသန့် ထုတ်လို့ ခက်ခဲတဲ့အခါ ၊ ခွဲစိတ်နေစဉ်မှာ သွေးထွက်များ ( Massive bleeding) ရှိ၍ လူနာရဲ့အသက်ကို ကယ်တင်နိုင် ဖို့အတွက် သားအိမ်ကို ထုတ်လိုက်ရတာမျိုးလည်းကြုံတွေ့ရနိုင်ပါတယ် ။

၂ ။ ဒါကြောင့် အဲဒီအခြေအနေတွေကို ကာကွယ်ဖို့ ခွဲစိတ်မှု မပြုမီမှာ လိုအပ်ရင် သားအိမ်ပါ ထုတ်ပစ်ဖို့ သဘော တူတဲ့အကြောင်း သဘောတူညီမှု လက်မှတ် ၊ သွေးသွင်းဖို့ အနည်းဆုံး သွေး ၄ လုံး အဆင်သင့်ထားရှိဖို့လည်း လိုအပ်ပါတယ် ။

၃ ။ အလုံးတွေဟာ သားဥပြွန်တွေကို ပိတ်ဆို့နေခြင်းရှိမရှိ သားအိမ်လှိုဏ်ခေါင်းအတွင်းဘယ်လောက် ထိုးဝင်နေ သလဲ ဆိုတာကိုသိဖို့အတွက် ဆေးဓါတ်မှန်လို့ခေါ်တဲ့ Hystosalpingogram ရိုက်ပေးခြင်း ၊ သားအိမ်အတွင်း မှန်ပြောင်းကြည့်ခြင်း Hystoscopy တို့လို မျိုးကို ပြုလုပ်ဖို့လိုအပ်ပါတယ် ။

၎ ။ ခွဲစိတ်မှု မပြုခင်မှာလဲ ခင်ပွန်း သို့မဟုတ် ခင်ပွန်းလောင်းရဲ့ သုတ်ပိုး စစ်ဆေးခြင်း မှုမှန်ခြင်းရှိမ ရှိကိုလည်း စစ်ဆေးထားဖို့လိုပါတယ် ။

၅ ။ ခွဲစိတ်မှု အောင်မြင်ပြီးတဲ့အခါမှာလည်း အနည်းဆုံး ၆ လကြာမှသာလျှင် ကိုယ်ဝန်ယူဖို့ ခွင့်ပြုပါတယ် ။ သိထားဖို့ ကတော့ သားအိမ်ရဲ့အဓိကတာဝန်ဟာ ဓမ္မတာ သွေးပေါ်ဖို့နဲ့ သားသမီးမွေးဖွားဖို့ပဲဖြစ်ပါတယ် ။ လိင်မှု ကိစ္စ ၊ အမျိုးသမီးတွေရဲ့အရည်အသွေးပြောင်းလဲခြင်းအရည်အသွေးယုတ်လျော့မှု အဲဒါတွေနဲ့ ဘယ်လိုမှ မပတ်သတ် ပါဘူး ။

၆ ။ အကယ်၍ အလုံးတွေသာထုတ်ပြီး သားအိမ်ချန်ထားခဲ့ရင်တော့ နောင် ငါးနှစ်မှ ဆယ်နှစ်အတွင်း ထပ်မံမဖြစ် ပွားတော့ပါဘူးလို့ အာမခံချက် မရှိပါဘူး ။

နောက်ဆုံးပြောချင်တာကတော့ Ultrasound အကြောင်းဖြစ်ပါတယ် ။ အယူအဆ လွဲမှားနေ တာလေးတွေ ကိုပြော လိုခြင်းဖြစ်ပါတယ် ။ အမျိုးသမီးမျိုးပွားဆိုင်ရာရောဂါတွေနဲ့ ကိုယ်ဝန်ဆောင်စောင့်ရှောက်ခြင်းတွေမှာ အာထ ရာဆောင်း ဟာ မရှိမဖြစ်လိုမျိုး အလွန်ကို အသုံးဝင်တဲ့ အရာဖြစ်ပါတယ် ။ အာထရာဆောင်းဟာ ဓါတ်ရောင် ခြည်မဟုတ်ပဲ အဏုမြူဓါတ်နဲ့လည်းဆက်စပ်မှုမရှိပဲ အသံလှိုင်းလေးတွေကြောင့် ပဲ့တင် အရိပ်ထင် လာတဲ့ ပုံရိပ်သာဖြစ်ပါတယ် ။ ဒါကြောင့် လူနာနဲ့ သန္ဓေသားကို ဆိုးကျိုးမရှိပါဘူး ။ ကိုယ်ဝန်ရှိစ သုံးလေးပတ် ကနေစပြီး ကိုးလအချိန်ထိ သိရှိ ရှာဖွေလိုတဲ့ရောဂါတွေကို တိကျစွာ ရှာဖွေနိုင်ပါတယ် ။ အမျိုးသမီး အဂါင်္တွေဖြစ် တဲ့ သားအိမ် ၊ သားဥပြွန် ၊ မမျိုးဥ စတဲ့ အတွင်းအဂါင်္တွေမှာဖြစ်တဲ့ရောဂါတွေကိုလည်း ရှာဖွေနိုင်ပါတယ် ။ သားအိမ်နဲ့ ကပ်လျှက်ရှိတဲ့ ဆီးအိမ် ၊ အူမကြီး ၊ သားငံရေ အကျိတ်တွေနဲ့ တခြား အလုံးအဖုများ ကိုပါ တွေ့မြင်နိုင်ပါတယ် ။ ဒါကြောင့်အာထရာဆောင်းရိုက်ရင်ကလေးကိုအန္တရာယ်ဖြစ်စေတယ် ကင်ဆာတွေ ဘာတွေ နဲ့ဥာဏ်ရည်မမှီတော့ဘူးစတဲ့ အယူအဆအလွဲအမှားများကို ရှောင်ရှားသင့်ရပါမယ် ။ အမှန်ကို လည်း မသိသေးတဲ့လူတွေကို လက်ဆင့်ကမ်းပေးရင်း ကျန်းမာရေး ဗဟုသုတများဖြန့်ဝေနိုင်ကြပါစေ ။

Ref : Health Education for Reproductive Health by Prof. Myint Mg Mg
Internet

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................