Monday, April 9, 2012

၂၀၁၂ ခုနှစ် မြန်မာ့ရိုးရာအတာသင်္ကြန် ၊ နွေရာသီနှင့်ကျန်းမာရေးဆိုင်ရာ ရှောင်ရန် ဆောင်ရန်များ

၂၀၁၂ ခုနှစ် မြန်မာ့ရိုးရာအတာသင်္ကြန် ၊ နွေရာသီနှင့်ကျန်းမာရေးဆိုင်ရာ ရှောင်ရန် ဆောင်ရန်များ



ချမ်းအေးလှသော ဆောင်းတွင်းကုန်ဆုံးသွားသည်နှင့်တပြိုင်နက် ပူပြင်းလှသော နွေဦးရာသီက အသင့် ဆီးကြိုနေလေတော့သည် ။ မကြာခင်ကာလအတွင်း မြန်မာလူမျိုးတို့၏ အမြတ်တနိုးဆင်နွှဲလေ့ရှိကြသော မြန်မာ့ ရိုးရာ အတာရေသဘင်ပွဲကြီးရောက်ရှိလာပေတော့မည် ။ ပူပြင်း လှသော နွေ ရာသီ တွင် ရေ ပက်ကစားပြီး နှစ်သစ်ကိုကြိုဆိုသော အတာသင်္ကြန်ပွဲသည် ကမ္ဘာပေါ် ရှိ နှစ်သစ် ကူးပွဲတော် အားလုံးထက် သစ်လွင်လှပနေကာ အလွန်ပင်ပျော်စရာကောင်းလှပေသည် ။ နွေရာ သီရောက် လာသည်နှင့် တပြိုင်နက် ရာသီဥတုပူပြင်းမှုကြောင့် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်နှင့်အပြိုင် ကျန်းမာရေး ဆိုင်ရာ ကဏ္ဍများလည်း ပါဝင်ပတ်သတ်လာပေသည် ။ လူတိုင်းလူတိုင်း စိတ်လက်ကျန်းမာစွာ သင်္ကြန် အခါတွင်း ကို ပျော်ရွှင် ကြည်နူးနိုင်စေရန် ကျန်းမာပျော် ရွှင်စွာနေထိုင်နိုင် ရန်အ တွက် နွေရာ သီတွင် ဆောင် ရန်ရှောင်ရန် ကျန်းမာရေးအချက်များကို လက်လှမ်းမီ သလောက် တင်ပြလိုက်ရပါသည် ။

ဓါတ်ဆားဆုံးရှုံးမှုနှင့် ပူသောရာသီ

ယခုနောက်ပိုင်းကာလများတွင် အိုဇုန်းလွှာ ပါးလွှာမှုကြောင့် နေရာတိုင်းတွင် အပူချိန်များ သိသာစွာ မြင့်မားလာ ခဲ့သည် ။ တချိန်လုံးအေးခဲ့နေသည့် ရေခဲပြင်ကြီးများပင် အရည်ပျော်ကျ မှုကြောင့် ရေခဲပင်လယ်ဒေသနေ ပင်ဂွင်း ငှက်များ ဒုက္ခရောက်ကြရသည် ။ စက်မှုကမ္ဘာကြီးဖြစ်လာသည်နှင့်အညီ စက်ရုံအလုပ်ရုံများမှ ထုတ် လုပ်သော ဓါတု အငွေ့များ ကာဗွန်ဒိုင်အောက်ဆိုဒ်များနှင့် တခြား လေထုကို ညစ် ညမ်းစေသော အရာများသည်လည်း ကမ္ဘာကြီးပူနွေးလာမှု၏ အဓိက အကြောင်းတစ်ခုပင် ။ ထိုသို့ ရာသီဥတု ပူပြင်းလာ သည်နှင့်အညီ အဲကွန်းလေးထဲတွင် ဇိမ်နှင့် အလုပ်လုပ်ခွင့်မရရှာသော သူတို့အတွက် မှု ချွေးတ လုံးလုံး နှင့်ကတယ့်ကို နေကမ္ဘာကြီးထဲ အလုပ်လုပ်နေရသည့် အတိုင်းပင် ။ အဆိုးသုံး မှာ ချွေးထွက် သန်သူများနှင့် နေပူထဲ အလုပ်လုပ်ကြရသော အခြေခံ လက်လုပ်လက်စား လူတန်းစား များပင်ဖြစ်သည် ။ ချွေး ထွက်လွန်မှုကြောင့် ခန္ဓာကိုယ်ထဲတွင် ရေနှင့်ဓါတ်ဆားများ ဆုံးရှုံးကာ Dehydration ဟုခေါ်သော ရေ ဓါတ်ချို့တဲ့သော အခြေအနေတစ်မျိုးကိုကြုံတွေ့ရလေ့ရှိသည် ။ ထိုအခါမျိုး တွင် ရေနှင့် ဓါတ်ဆားများကို ပြန်လည် ဖြည့်တင်းပေးသော Oral Rehydration Salt ဟုတ်ခေါ်သော ဓါတ်ဆား ထုတ်များ ကို သောက်သုံးပေးရန်လိုအပ်သည် ။ ချွေးထွက်များ၍ ရေနှင့်ဓါတ်ဆားများ ချို့တဲ့သောကြောင့် ခေါင်းမူးခြင်း ၊ မော ပန်းနွမ်းနယ်ခြင်း ၊ ကိုယ်လက်မအီမသာဖြစ်ခြင်း ၊ နှုံးခွေခြင်း ၊ သွေးပေါင်ကျခြင်း စသည်တို့ကို ခံစားရသည် ။

သာမန် ချွေးထွက်လွန်၍ မောပန်းနွမ်းခွေခြင်းများအတွက် ကိုမှု ဓါတ်ဆားနှင့် ဖျော်ရည်ဖြစ်စေ ရေဖြစ်စေ ပြန်လည် သောက်သုံးပေးပါက အဆင်ပြေမည်ဖြစ်သော်လည်း အလွန်အ မင်း သွေးပေါင် ကျကာ ချွေး ထွက်လွန်ခြင်းမှတဆင့် Shock ( သတိလစ်ခြင်း ) ဖြစ်နိုင်ပါသည် ။ ထို့ကြောင့် နေပူထဲတွင် အလုပ် လုပ်နေရသူများအဖို့ ချွေးထွက်များခြင်းကိုလည်း လစ်လှူရှုမထားသင့်ပေ ။

ဆောင်ရန် - အလုပ်သဘာဝအရ နေပူထဲတွင် လုပ်နေရသည်မှာ မှန်သော်လည်း ဖြစ်နိုင်လျှင် အရိပ်အာ ၀သ ထဲတွင် နားနားနေနေ အလုပ်လုပ်ရန်လိုသည် ။ ဓါတ်ဆားဖျော်ထားသော သောက်ရေများကို ကိုယ်နှင့်မ ကွာ ဆောင်ထားသင့်သည် ။ သက်ကြီးရွယ်အိုများအနေဖြင့် အလွန်ပူ ပြင်းသော နေ့လည် ခင်းအချိန် များတွင် အရိပ်အာဝါသကောင်းသော သစ်ရိပ်ဝါးရိပ်များတွင် နေထိုင်သင့်သည် ။ ကလေးငယ် များအား လည်း နေပူထဲတွင် ထွက်မဆော့စေပဲ အရိပ်ရသော နေရာများတွင် နားနားနေနေ ဆော့ကစားပါစေ ။ သီးစုံဓါတ်ဆားနှင့် ရေများများ တိုက်ရန်လိုပါသည် ။
ရှောင်ရန် - နေပူထဲတွင် ဆက်တိုက် အချိန်ကြာမြင့်စွာ အလုပ်လုပ်ခြင်း ၊ ပူပြင်းသည့်နွေ ရာသီအချိန် တွင် ချွေးထွက်သန်သူဖြစ်ပါက ရေသောက်နည်းခြင်း ၊ ဦးထုပ် နှင့်ဦးခေါင်းသို့ဆောင်းစရာတစ်ခုခုမပါပဲ အပြင် သို့ထွက်ခြင်း ။

အ၀တ်အစား ဆင်ယင်မှုနှင့် နွေရာသီ

ခေတ်မီပြောင်းလဲလာသော ယဉ်ကျေးမှုများနှင့် ဓလေ့ များအရ ယခုနောက်ပိုင်းလူငယ်လူရွယ်များအကြား အနက်ရောင် ၊ အရောင်တောက်တောက်များကို ကိုယ်ကြပ်ဝတ်ဆင်ခြင်းများ ခေတ်စားလာခဲ့သည် ။ နေ့လည်ခင်းများတွင်ပင် ဂျင်းပင်ကြပ်ကြပ် နှင့် အနက်ရောင် အ၀တ်အစားများဝတ်ဆင်နေကြသော လူငယ်များကို ကြည့်ရသည်မှာ မသက်သာလှပေ ။ အထူးသဖြင့် မိန်းကလေးများ တွင် စတော့ကင် ကျပ်ကျပ် ဘောင်းဘီကျပ်ကျပ်နှင့် ခေတ်နှင့်အညီ ၀တ်စားသည်မှာ တခြားနိုင်ငံများတွင် သူတို့ ရာသီဥတု နှင့်ကိုက်ညီသည်မှာ မှန်သော်လည်း မြန်မာနိုင်ငံ ၏ နွေရာသီ နှင့်တော့ ကိုက်ညီမှုမရှိလှပေ ။ နွေရာ သီတွင် အလင်းပြန်သော အရောင်များဖြစ်သည့် အဖြူရောင်နှင့်အရောင်ဖျော့ဖျော့ ချည်ထည်ပွပွများသာ ၀တ်ဆင် သည့်ပြီး အပူကိုစုပ်ယူထားသည့် အနက်ရောင်ကဲ့သို့ အရောင်များ၊ နိုင်လွန် စသော အထည်များကိုမှု မ၀တ်ဆင် သင့်ပေ ။ ပူပြင်းလောင်မြိုက်သော နေရောင်ပူပူထဲတွင် ချွေးတလုံးလုံးနှင့် အနက်ရောင် ဂျင်းပင်ကျပ်ကျပ် ၀တ်စားဆင်ယင်မှုမှာ ကျန်းမာရေးရှုထောင့်က ကြည့်မည်ဆိုလျှင် မသင့်တော်လှပေ ။

ဆောင်ရန် - အဖြူရောင်နှင့် အရောင်ဖျော့ဖျော့ ချည်ထည်ပွပွများကို သာ ၀တ်ဆင်ပါ ။ နေပူထဲ ထွက်သည့်အခါ လက်ရှည်အကျီင်္ ပွပွ များကို ရွေးချယ်ဝတ်ဆင်ပါ ။ လူငယ်များကြားတွင် စတိုင်မိခြင်းသည် မိမိကိုယ် ကိုယ်ယုံကြည်မှု တိုးစေသည်မှာမှန်သော်လည်း ရာသီဥတု အခြေအနေနှင့် ကျန်းမာရေး ရှုထောင့် ကနေကြည့်ကာ ၀တ်စားတတ်ရန်လည်းလိုပေသည် ။ လေ၀င်လေထွက်ကောင်းသော အပေါက်ကျယ်ကျယ် အကျီများ ကို ၀တ်ဆင်ပါ ။
ရှောင်ရန် - ဂျင်း နှင့်နိုင်လွန်ကဲ့ သော အသားများနှင့် အကျီင်္ ဘောင်းဘီ ကျပ်ကျပ်များ ၀တ်ဆင် ခြင်း ကို ရှောင်ကြဉ်ပါ ။ စတိုင်မမိသော်လည်း အသက်ရှုချောင်ကာ နေရထိုင်ရတာ လွတ်လပ်ပေါ့ပါးမည်ဖြစ်သည် ။

အစားအသောက်ရွေးချယ်မှုနှင့် နွေရာသီ

ချွေးထွက်များသော နွေရာသီတွင် ပူပြင်းသော ရာသီဥတုနှင့်လိုက်လျောညီထွေဖြစ်သော အစားအစာများ ကို ရွေး ချယ်စားသုံးတတ်ရန်မှာလည်း အလွန်အရေးကြီးပေသည် ။ ပူစပ်လှသော အစားအသောက် များထက် စာလျှင် အေးမြ ချိုမြိန်သော အစားအစာများက ပို၍ သင့်တော်သည် ။ အရည်ရွှမ်းသော အစားအစာ များဖြစ်သည့် လိမ္မော်သီး ၊ ပန်းသီး ၊ သစ်တော်သီး ၊ ရှောက်ချိုသီး စသော အသီးအနှံများကိုလည်း များများစား သုံးပေးရန်လိုအပ်ပေသည် ။ ပူစပ်ပူလောင်နိုင်သော ရခိုင်မုန့်တီ စသော အစားအစာများကိုမှု အပူချိန် မမြင့်သော ညနေပိုင်း နေရိပ်ချိန်များတွင်သာ စားသုံးသင့်ပါသည် ။ နွေရာသီတွင် အထူးသဖြင့် ၀က်သား ၊ ဒံပေါက်ကဲ့သို့ သော အစားအစာများကိုမှု သွေးတိုးရှိသူများအဖို့ အထူးသတိထားရမည်ဖြစ်သည် ။

ဆောင်ရန် - အရည်ရွှမ်းသော သစ်သီးများ ၊ ဖျော်ရည်များ ကိုသောက်သုံးသင့်ပြီး အေးမြချိုမွှေးသော အစား အစာများကို စားသုံးသင့်ပါသည် ။
ရှောင်ရန် - ချွေးထွက်များစေပြီး ပူလောင်စေသော ရခိုင်မုန့်တီ စသော အစားအစာများနှင့် သွေးတတ်စေသော အစာ များကို မစားသင့်ပေ ။

အရေပြားထိမ်းသိမ်းမှုနှင့် နွေရာသီ

မကြာခင် အတာသင်္ကြန်အချိန်အခါ ကျရောက်လာမည်ဖြစ်သောကြောင့် ကြီးကြီးငယ်ငယ် အပျိုအအို မရွေး ရေထွက်ကစားကြတော့မည်ဖြစ်သည် ။ အသားအရေကို တန်ဖိုးထား ဂရုစိုက်တတ်သူများအဖို့ ထိုအချိန် ကာလသည် အလွန်ကို အရေးကြီးသော ကာလဖြစ်ပေသည် ။ နေပူကြီးထဲတွင် အသားအရည်ကို နေရောင်ဖြင့် အပူလောင် ခဏနေလျှင် ရေဖြင့် အအေးခံ ထိုသို့ ပူလိုက်အေးလိုက်ဖြင့် အရေပြားအား ထိတွေ့စေခြင်းသည် အရေပြားပျက်ဆီးခြင်းကိုဖြစ်ပေါ်စေသည် ။ ရေဒါဏ်နေဒါဏ်တို့ကြောင့် အရေပြား လောင်ခြင်း မွဲခြောက်ခြင်း အသားပက်ခြင်းများကိုလည်းဖြစ်ပေါ်စေသည် ။ ထို့ကြောင့် နွေရာသီ တွင် နေပူထဲ သို့ ရေထွက်က စားမည်ဆိုလျှင် SPF ( Sun protection factor ) ပါဝင်သော Sun screen , sun block များကို လိမ်းပြီးမှ ထွက်ကစား သင့်သည် ။ အသားအရေကို မထိခိုက်စေရန် လက်ရှည်များကို ၀တ်ဆင်ရန်လည်းလိုသည် ။ ညနေအချိန်အခါများတွင် အေးမြသော သနပ်ခါးစစ်စစ်များကိုလိမ်းပြီးလည်း အသားအရည်ကို ထိမ်းသိမ်းနိုင် ပါသည် ။ အရေးကြီးသည်မှာ အပြင်ထွက်သည့်အခါ နေလောင်ဒါဏ်ခံ ခရင်မ် သို့မဟုတ် လိုးရှင်း တစ်ခုခု လိမ်းဖို့မမေ့ပါနှင့် ။

ဆောင်ရန် - အပြင်သို့ ထွက်သည့်အခါ Sun Screen , Sun Block တစ်ခုခုလိမ်းပါ အသားအ ရည်ပျက်ဆီးမှုမရှိစေရန် ညနေစောင်းအချိန်တွင် သနပ်ခါးရည်ကျဲကျဲ လိမ်းခြယ်ပေးပါ ညအိပ်ခါနီး အချိန်တွင်လည်း အရည်ရွမ်းသော သခွားသီး ကွင်းကလေးများကို မျက်နှာပေါ် နာရီဝက်ခန့် တင်ပေး ထားခြင်းဖြင့် အသားအရေကို ထိမ်းသိမ်းထားနိုင်ပါသည် ။ သခွားသီးတွင် အစိမ်းရောင်ခြယ် Chlorophyll ကလိုရိုဖီးလ် ပါဝင်ပြီး အိုမင်းရင့်ရော်စေသော ဓါတ်တိုးဆန့်ကျင်ပစ္စည်းများကို ဖယ်ရှားပေးသည့် Antioxidant ပါဝင်ပါသည် ။
ရှောင်ရန် - အကျီလက်ပြတ်ဝတ်ကာ နေပူထဲ ထွက်ကစားခြင်း မည်သည့် နေလောင်ဒါဏ်ခံ ခရင်မ် မှမလိမ်းပဲ နေပူထဲ ရေထွက်ကစားခြင်း

နေ့စဉ်အလေ့အကျင့်များနှင့် နွေရာသီ

နောက်ဆုံးအနေနှင့်ပြောလိုသည်မှာ မိမိတို့ နေ့စဉ် ပြုမှုနေသော အလေ့အကျင့်များပင်ဖြစ်သည် ။ တချို့ ဆိုလျှင်နေပူထဲမှ ချက်ချင်းပြန်လာပြီး ရေတန်းချိုးပြီးလျှင် အပူရှပ်ကာ ဖျားနာခြင်း သတိလစ်ခြင်းများ ဖြစ်ပေါ် ကာ ဒုက္ခရောက်ကြရသည် ။ ချွေးသံတရဲရဲနှင့် အိမ်ပြန်ရောက် သည်နှင့် ရေတန်း ချိုးလေ့ရှိ သည့်အ လေ့ အကျင့်များကို ရှောင်ရှားရပေမည် ။ နောက်တစ်ချက်မှာ နေပူကြီးထဲမှ ချက်ခြင်းပြန်လာပြီးသည်နှင့် အဲကွန်းခန်း ထဲသို့ တန်းမ၀င်ပါနှင့် အပူအအေးမမျှတမှုကြောင့် ခေါင်းမူးဝေခြင်း ဖျားနာခြင်းတို့ ဖြစ်ပေါ်စေနိုင် သည် ။ နေပူထဲမှ ပြန်လာပြီးသည်နှင့် နေရိပ်တွင် ခေတ္တနားနေပါ ။ ချွေးနည်းနည်းတိတ်သွားမှသာ တခြားကိစ္စရပ်များ ဆက်လက်ဆောင်ရွက်စေလိုသည် ။

ဆောင်ရန် - နေပူထဲမှ ပြန်လာပြီးသည်နှင့် ရေတန်းမချိုးပဲ သောက်ရေကို အ၀သောက်ပြီး ခေတ္တခဏခန့် နားနေပါ ။ ပြီးမှသာ ရေချိုးပါ ။ အအေးခန်းထဲ တန်းပြီးလည်း မ၀င်ပါနှင့် အပြင်တွင် နား နားနေနေ နေပြီးမှသာလျှင် အဲကွန်းခန်းထဲ ၀င်သင့်ပါသည် ။
ရှောင်ရန် - အပူထဲမှ ပြန်ရောက်သည်နှင့် ရေချိုးခန်းထဲတန်းဝင်ပြီးခေါင်းလောင်းချိုးခြင်း ၊ နေပူထဲမှ ပြန်လာပြီးသည်နှင့် အဲကွန်းခန်းထဲ တန်းဝင်ခြင်း

အချုပ်အားဖြင့်ဆိုရသော် နွေရာသီတွင် ဆောင်ရန် ရှောင်ရန်များမှာ သိပ်အရေးမကြီးလှဟု ထင်စရာ ရှိသော်လည်း တကယ်တမ်းတွင်မှု အချို့ကိစ္စများသည် အသက်အန္တရာယ် ရှိသည်အထိ အလွန် အရေးကြီးပေသည် ။ သာမန် အသေးအဖွဲလေးပါဟု ဂရုမပြုပဲ နေမိသောကြောင့် ဒုက္ခရောက်ကြ ရသည်မှာလည်းမနည်းလှပေ ။ ထို့ကြောင့် ၂၀၁၂ ခုနှစ် အတာသင်္ကြန်ပွဲတော်ကြီးကို ကျန်းမာပျော်ရွှင်စွာ ဆင်နွဲလိုသူများအဖို့ အထက်ပါ ဆောင်ရန်ရှောင်ရန်များကို သေချာစွာ လေ့လာ မှတ်သားကြပြီး လိုက်နာကြခြင်းအားဖြင့် နှစ်သစ်အချိန်အခါသမယကို မင်္ဂလာရှိစွာ ပျော်ပျော်ရွှင်ရွှင် ကြိုဆိုနိုင်ကြပါစေလို့ ဆုတောင်းပေးရင်း အဆုံးသတ်လိုက်ပါတယ် ။

သက်တန့်ချို
9 April 2012

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Thursday, April 5, 2012

မြစ်ဆုံစီမံကိန်းပြန်လည်စတင်ခြင်း အရိပ်အယောင်များနှင့်ပတ်သတ်၍ သမ္မတကြီးသို့ ရေးသောစာ

မြစ်ဆုံစီမံကိန်းပြန်လည်စတင်ခြင်း အရိပ်အယောင်များနှင့်ပတ်သတ်၍ သမ္မတကြီးသို့ ရေးသောစာ



သို့



သမ္မတကြီးခင်ဗျား



၂၀၁၂ ခုနှစ်ရဲ့ နှစ်သစ်မင်္ဂလာအချိန်သမယမှာ သမ္မကြီး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ကျန်း မာခြင်း နဲ့ပြည့်စုံ ပါစေလို့ နှုတ်ခွန်းဆက်သလိုက်ပါတယ် ။ ဒီစာလေးတစ်စောင်ဟာ သမ္မတကြီးကို တိုင်းပြည်အတွင်းမှာနေထိုင်တဲ့ သာမန် ပြည်သူတစ်ယောက်က ရေးတဲ့စာလေးတစ်စောင်ဖြစ်ပါတယ် ။ ပထမဦးဆုံးအနေနဲ့ သမ္မတကြီးကို ရင်းနှီး စွာနဲ့ ဦးလေးစိန်လို့ ခေါ်ခွင့်ပြုပါလို့ တောင်းဆိုချင်ပါတယ်ခင်ဗျာ ။



ဦးလေးစိန်ရေ



မနေ့တုန်းကပေါ့ မြစ်ဆုံစီမံရေအားလျှပ်စစ်စီမံကိန်းပြန်လည်စတင်ရန်အတွက် လိုအပ်သော ပစ္စည်းများကို သယ်ယူ ပို့ဆောင်ရန်ခွင့်ပြုပေးနိုင်ရန်အစီရင်ခံတင်ပြခြင်းဆိုတဲ့စာလေးဖတ်လိုက်ရတယ် ဦးလေးစိန် ။



ဦးလေးစိန် နိုင်ငံကို ဦးဆောင်ပြီးတဲ့နောက်မှာ နိုင်ငံဟာ တဖြည်းဖြည်း အလင်းရောင်ရခဲ့တယ် တဖြည်းဖြည်း တိုးတက် လာခဲ့တယ် “၀ုန်း” ကနဲဆို ရွှေနိုင်ငံကြီးတစ်ခုမဖြစ်နိုင်သေးဘူးဆိုတာ ကျွန်တော်နားလည်ပါတယ် ဦးလေးစိန် ။ ဦးလေးစိန်ရဲ့ အစိုးရသက်တမ်းတလျှောက်မှာ အထင်ကရ ပြောင်းလဲမှုတွေများစွာရှိခဲ့တယ် ။

၁ ။ ယုံကြည်ချက်ကြောင့် ဖမ်းဆီးခံထားရတဲ့အကျဉ်းသားတွေ ပြန်လွှတ်ပေးခဲ့တယ် ။

၂ ။ တိုင်းရင်းသားတွေနဲ့အပစ်အခတ်ရပ်စဲရေးကို တတ်နိုင်သမျှ ဆောင်ရွက်ပေးခဲ့တယ် ။

၃ ။ တိုင်းပြည်ရဲ့ ကြယ်ပွင့်ဖြစ်တဲ့ ပြည်သူပြည်သားအားလုံးချစ်မြတ်နိုးတဲ့ အမေစုနဲ့ NLD ကို လက်တွဲခေါ်ခဲ့တယ် ။

၎ ။ မီဒီယာလွတ်လပ်ခွင့်တွေအတော်အသင့်ရခဲ့တယ် ။ “ ဒီအခန်းဖြတ် ” ဆိုတဲ့ဇတ်ကားလို မျိုး တောင် ရိုက်ခွင့်ရခဲ့ကြည့်ခွင့်ရခဲ့တယ် ။



နောက်ဆုံး

ပြည်သူပြည်သားတွေအလွန်ချစ်မြတ်နိုးတဲ့ ဧရာဝတီမြစ်ကြီးကို ထိခိုက်စေမယ့် “မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ” ကို မိမိတို့အစိုးရသက်တမ်း ငါးနှစ်အတွင်းဆက်လက်လုပ်ဆောင်ခြင်းမပြုတော့ပါဘူး လို့ ဦးလေး စိန်ကိုယ်တိုင် ပြည်သူတွေ မီဒီယာတွေရှေ့မှာ ကတိပေးခဲ့တယ် ။



“ ကတိသစ္စာ တည်သောအခါဝယ် နွယ်မြက်သစ်ပင် ဆေးဖက်ဝင်၏ ” ဆိုတဲ့စကားလည်း ဦးလေးစိန်ကြား ဖူးမှာ ပါ ။ အဲဒီကတိ ကို ကျွန်တော်အပါအ၀င်ပြည်သူပြည်သားအားလုံးက ယုံကြည် ခဲ့ကြ ပျော်ရွှင် ခဲ့ကြတယ် ။ ဒါပေမယ့် ဦးလေးစိန် မြန်မာပြည်ရဲ့ အကြီးဆုံး မီဒီယာကြီးတစ်ခုဖြစ်တဲ့ Eleven Media Group ကနေပြီး မြစ်ဆုံစီမံကိန်းဆက်လုပ်နေတဲ့အရိပ်အရောင်တွေတွေ့နေရကြောင်း ထောက်ပြခဲ့ကြတယ် ။





http://www.news-eleven.com/index.php?option=com_content&view=article&id=13058%3A-cpi-&catid=42%3A2009-11-10-07-36-59&Itemid=112 မှာဖတ်နိုင်ပါတယ် ။Link

ဦးလေးစိန်ခွင့်ပြုချက်မရပဲ သူတို့ ခိုးပြီးလုပ်ကြတာလားလို့ ပြည်သူတစ်ယောက်အနေနဲ့ကျွန်တော်တွေးမိတယ်


ဦးလေးစိန်ရေ

မင်းကောင်းမင်းမြတ်တို့မည်သည် ပေးပြီးသားကတိကို အသက်ထက်ဆုံး တည်အောင်စောင့် ထိမ်းလေ့ ရှိကြပါတယ် ။ ဦးလေးစိန်ဟာ ကျွန်တော်တို့ ရင်ထဲက ပြောင်းလဲမှုတွေကို ဖြစ်စေတဲ့ပထမဦးဆုံးသမ္မတကြီးပါ ။ ကျွန်တော်တို့အားလုံးကြည်ညိုကြပါတယ် လေးစားကြပါတယ် ။ ဒီတော့ EMG ကထွက်ပေါ်လာတဲ့ဓါတ်ပုံတွေကို ဦးလေးစိန်အနေနဲ့ တရားဝင်မီဒီယာတွေခေါ်ဆိုပြီး ဘာကြောင့်ဖြစ်တာလည်းဆိုတာ ရှင်းပြရလိမ့် မယ်လို့မြင် မိပါတယ် ။ ဧရာဝတီဟာ ကျွန်တော်တို့ရဲ့အသက်ပါ ဦးလေးစိန်ရယ် ။ အဲဒီလိုပဲ အထက် မှာပြောခဲ့တဲ့“ မြစ်ဆုံစီမံရေအားလျှပ်စစ်စီမံကိန်းပြန်လည်စတင်ရန်အတွက် လိုအပ်သော ပစ္စည်းများ ကို သယ် ယူပို့ဆောင်ရန်ခွင့်ပြုပေးနိုင်ရန်အစီရင်ခံတင်ပြခြင်း ” ဆိုတဲ့စာလေးဟာလည်း တကယ်အစစ်လား အတုလား ဆိုတာ ရှင်းပြပေးဖို့ EMG ကနေ ဦးလေးစိန်တို့အစိုးရအဖွဲ့ဝင်တွေဆီ တောင်းဆိုထားတယ်လို့သိရပါတယ် ။

မြန်မာနဲ့ ဧရာဝတီဆိုတာ ခွဲခြားလို့မရတဲ့အရာတွေပါ ဦးလေးစိန် ရယ် ။ ဦးလေးစိန်ရပ်တန့်ထားတဲ့အရာကို CPI ကနေ ဆက်လုပ်တယ်ဆိုတာ သေချာရင်တော့ ဒါဟာ ဦးလေးစိန်ကို တိုက်ရိုက်စော်ကားတာ မြန်မာပြည်ကို တိုက်ရိုက်စော်ကားတာ ကျွန်တော်တို့ပြည်သူပြည်သားအားလုံးကို တိုက်ရိုက်စော်ကားတာနဲ့အတူတူပါပဲ ။ ကျွန်တော်တို့အားလုံး ဟာ မျက်မှောက် ၂၀၁၂ ခုနှစ်မှာအားလုံး သတင်းအ ချက်အ လက်တွေဖွံ့ဖြိုးတိုးတက်လာတဲ့အညီ အကုန်လုံးမျက်စိပွင့်နားပွင့်ဖြစ်လာကြပါပြီ ။ ဒါဟာလည်း ဦးလေးစိန် ရဲ့ ကျေးဇူးကြောင့်ဆိုတာ ကျွန်တော် ယုံကြည်လက်ခံပါတယ် ။ ဒါကြောင့် EMG က ဒေါက်တာ သန်းထွဋ်အောင်ပြောတဲ့စကားလေးတစ်ခွန်းကို ကျွန်တော်လည်းအကြွင်းမဲ့သဘောတူပါတယ် ။“ မြစ်ဆုံ စီမံကိန်း ရပ်ဆိုင်းထားမယ်ဆိုတာကို သမ္မတက လွှတ်တော်ကတစ်ဆင့် ထုတ်ပြန်ထားတာပါ။ နိုင်ငံတစ်နိုင်ငံရဲ့ အာဏာအရှိဆုံး သမ္မတရဲ့ ဆုံးဖြတ်ချက်ကို မည်သည့် အဖွဲ့အစည်းကဖြစ်စေ၊ မည်သည့် ဒေသဆိုင်ရာ အာဏာပိုင်တွေကဖြစ်စေ၊ CPI ကဖြစ်စေ၊ Asia World က ဖြစ်စေ ဒီအမိန့်ကို ကျော်လွန်လုပ်ဆောင်တာဟာ လုံးဝမဖြစ်သင့်ပါဘူး။ မြစ်ဆုံ စီမံကိန်းနဲ့ဆိုင်တဲ့ CPI က တရုတ်နိုင်ငံသားတွေနဲ့ အေးရှားဝေါလ် ကုမ္ပဏီအနေနဲ့ ဒီဒေသ ဒီဧရိယာကနေ အမြန်ဆုံးထွက်သွားပါ ” ဆိုတဲ့စကားလေးပါပဲ ။

ဦးလေးစိန်ရေ


လျှပ်စစ်ပိုင်းနဲ့ပတ်သတ်လို့ပြောရပါဦးမယ် ။ လျှပ်စစ်တွေ ဘယ်လို ထုတ်တယ် ဘယ်လိုနည်း ပညာတွေသုံး တယ်ဆိုတာ ကျွန်တော်ဟာ သာမန်ပြည်သူတစ်ယောက်မို့ တိတိကျကျနားမလည်ပါဘူးဦးလေးစိန် ။ ဒါပေမယ့် လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းပြောခဲ့တဲ့စကားလေးတော့ ပြန်ကြားယောင်နေမိသေးတယ် ။ “ မြန်မာနိုင်ငံ ရဲ့အတိုင်း အတာနဲ့ဆိုရင် မီဂါဝပ် ၁၅၀၀ ဆိုရင်လုံလောက်ပါတယ်ပိုတောင်ပိုလျှံနေပါပြီ ပိုနေရင်ဘာ လုပ်မလဲ ရောင်းစားရမှာပေါ့ ” ဆိုတဲ့စကားလေးပါပဲ ။ မနှစ်ကတော့ မီးတွေအမြဲ ပုံမှန်လာတော့ မယ်ဆိုပြီး ပျော်လိုက်ရတာဦးလေးစိန်ရယ် ။ အခု ကျွန်တော်တို့ အပျော်လေးတွေ မှ မပြီးဆုံးသေးခင် လျှပ်စစ်မီး ကို အလှည့်ကျပေးတော့မယ်တဲ့ ။ အကြောင်းပြချက်ကတော့ထုံးစံအတိုင်း ရေအားလျှပ်စစ်နည်းလို့ ၊ သုံးစွဲသူများလို့ အစရှိသဖြင့် ပြောကြဦးမလားပဲ ဦးလေးစိန်ရယ် ။ သံလွင်မြစ်ကြီးပေါ်မှာ ဆည်ဆောက် လျှပ်စစ်ထုတ်ပြီး ရလာတဲ့ လျှပ်စစ်ရဲ့ ၉၀% ကို ထိုင်းနိုင်ငံရောင်း ဦးမယ်ဆိုတဲ့သတင်းလေး လည်းဖတ်လိုက် ရသေးတယ် ။ အခြေအနေတွေက ဘယ်လိုဖြစ်ကုန်တာလည်းဆိုတာ ကျွန်တော်နားမလည်တော့ပါဘူး ။ လျှပ်စစ်ဟာ တကယ်ပဲ မလုံလောက်တာလား ဒါမှမဟုတ် ပိုနေလို့ရောင်းနေရတယ်ဆိုတဲ့လျှပ်စစ်ဟာ ကြားမှာ ဘယ်တွေပျောက် ကုန်တာလဲဆိုတာကိုတော့ ပြည်သူပြည်သားတွေကို ဖြေရှင်းပေးဖို့ ဦးလေးစိန်တို့ မှာတာ ၀န်ရှိတယ်လို့ ကျွန်တော်ကတော့မြင်မိပါတယ် ။



အဆုံးသတ်အနေနဲ့ပြောရရင်တော့ ဦးလေးစိန်ကို ပြည်သူပြည်သားတစ်ယောက်အနေနဲ့တောင်းဆိုချင်တဲ့အချက်တွေကတော့



၁ ။ EMG ကတောင်းဆိုထားတဲ့အတိုင်း “ မြစ်ဆုံစီမံရေအားလျှပ်စစ်စီမံကိန်းပြန်လည်စတင်ရန်အတွက် လိုအပ်သော ပစ္စည်းများကို သယ်ယူပို့ဆောင်ရန်ခွင့်ပြုပေးနိုင်ရန်အစီရင်ခံတင်ပြခြင်း”တကယ်ရှိမရှိ တရားဝင်မီ ဒီယာများသို့ အသိပေးပြန်ကြားခြင်း

၂ ။ လျှပ်စစ်မီးများဖြတ်တောက်ခြင်းအား မည်သည့်အကြောင်းကြောင့် ( ဥပမာ လျှပ်စစ် မီဂါဝပ်မ လုံလောက်ခြင်း ရေအားလျှပ်စစ်နည်းခြင်း ) ဖြစ်သည်ကို ရှင်းလင်းပေးစေလိုခြင်း ။

၃ ။ သံလွင်မြစ်ကို ဆောက်မည့်ရေအားလျှပ်စစ်စီမံကိန်းက စတော့မစရသေးဘူးလို့သိရပါတယ် ။ အဲဒါ ကိုလည်း မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးက သံလွင်မြစ်အတွက် သဘောတူကြမယ်မထင်ပါဘူး ။ စာ ချုပ်တွေ ဘာတွေချုပ်ထားခြင်း လက်မှတ်ထိုးထားခြင်းရှိမရှိနဲ့ တကယ်ဟုတ်မဟုတ်ပြန်ကြားပေးစေလိုပါတယ် ခင်ဗျာ ။

ဦးလေးစိန် မှာ အဖက်ဖက် က ဖိအားတွေ တွန်းအားတွေနဲ့ ရင်ဆိုင်နေရတယ်ဆိုတာ ကျွန်တော်နားလည်ပါတယ် ။ နိုင်ငံ ကို ဦးဆောင်တဲ့ သူတစ်ယောက်အနေနဲ့တော့ ဒီဖိအားတွေကို ခံနိုင်အား ကျော်လွန်နိုင်စွမ်းရှိရပါမယ် ။ ဒါကြောင့် အမှားတွေကို ဖယ်ပြီးအမှန်တွေကို လုပ်ဆောင်ရပါမယ် ။ ပြည်သူနဲ့တစ်သားတည်းရှိရပါမယ် ။ ပြည်သူ ကို လျှို့ဝှက်ထားရမယ့်ကိစ္စဆိုတာ မရှိရပါဘူး ။ မြစ်ဆုံ နဲ့ CPI အရေးကိုလည်း ရှင်းရှင်းလင်း လင်းမြန်မြန်ဆန်ဆန်သိချင်နေပါပြီ ။


ဦးလေးစိန်တစ်ယောက် ၂၀၁၂ ခုနှစ်မဟာသင်္ကြန်မှာ ပျော်ရွှင်ကြည်နူးနိုင်ပါစေ ။ နှစ်သစ်အခါသမယမှာ တိုင်းပြည်အကျိုး ၊ ဘာသာအကျိုး ၊ သာသနာအကျိုးကို စွမ်းစွမ်းတမံဆောင် ရွက်နိုင် တဲ့ ပြည်သူတွေ ရင်ထဲက ပြည်သူတွေချစ်တဲ့ ပထမဦးဆုံး သမ္မတကြီးဖြစ်နိုင်ပါစေလို့ ဆုတောင်းရင်း အဆုံးသတ် လိုက်ပါတယ် ။

မြန်မာပြည်သားတစ်ဦး

သက်တန့်ချို (Blogger)

5 April 2012



Photo : EMG , Demo Waiyan



ဒီစာလေးဟာ သမ္မတကြီး ဖတ်ဖြစ်မဖြစ် အစိုးရ တာဝန်ရှိသူတွေဖတ်ဖြစ်မဖြစ်ဆိုတာကတော့ ဒီစာလေးကို လာဖတ်ကြတဲ့ အင်တာနက်သုံးစွဲကြသူတွေရဲ့ Share လုပ်ခြင်းနဲ့အများကြီးသက်ဆိုင်ပါတယ် ။

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Wednesday, April 4, 2012

မြစ်ဆုံစီမံကိန်းပြန်စနေပြီ အကြောင်းကြားစာနှင့်ပတ်သတ်၍ဖြေရှင်းချက်

မြစ်ဆုံစီမံကိန်းပြန်စနေပြီ အကြောင်းကြားစာနှင့်ပတ်သတ်၍ဖြေရှင်းချက်

ဒီမနက်မှာ သတင်းတစ်ခုတွေ့လိုက်ရတယ် ။ မူရင်းသတင်းကို အရင်ဖော်ပြပေးချင်ပါတယ် ရေးသူက ဒီမိုဝေယံဖြစ်ပြီး သူ့ဘလော့မှာ တင်ထားပါတယ် ။ ဧရာဝတီဘလော့မှာလည်း ဒီသတင်းတင်ထားပါတယ် ။

ကျွန်တော်တို့ အမိဧရာဝတီအတွက် အရေးကြီးပြန်ပြီ ညီနောင် အပေါင်းတို့ရေ..

http://www.demowaiyan.org/2012/04/cpi.html


ကချင်ပြည်နယ် ဝန်ကြီးချုပ်ထံသို့ တရုတ် CPI ကုမ္ပဏီမှ မြစ်ဆုံစီမံကိန်း ပြန်လည် စတင်ရန်အတွက် လူနှင့်ပစ္စည်းများ ပြန်လည်ဝင်ရောက် တင်ပို့ခွင့် ပြုရန် အကြောင်းကြားစာ..



အများပြည်သူရဲ့ ဆန္ဒသဘောထားကို အသိအမှတ်ပြုတဲ့ အနေနဲ့ မြစ်ဆုံဆည် စီမံကိန်းကို ရပ်ဆိုင်း လိုက်ပါပြီဆိုတဲ့ ပြီးခဲ့တဲ့ ၂၀၁၁ခုနှစ် စက်တင်ဘာလ (၃၀)ရက်နေ့က ကြေငြာချက်ကို လေ့လာ ဆန်းစစ်ရပါတော့မယ်။ ဒီကြေငြာချက်ဟာ ကျွန်တော်တို့ ပြည်သူတွေကို ပျက်ရယ်ပြုနေသလားပဲ..။ ပြီးခဲ့တဲ့ မတ်လ ဆန်းကတည်းက တရုတ်အင်ဂျင်နီယာတွေ ပြန်ရောက်နေကြောင်း ဒီမိုဝေယံဖေ့စ်ဘွတ်နဲ့ ဘလော့ဂ်မှာ အကြိမ်ကြိမ်ဖော်ပြခဲ့ပါတယ်...။

ယခုအထက်ပါ.. ကချင်ပြည်နယ်အစိုးရထံကို CPI ကုမ္ပဏီမှ အင်ဂျင်နီယာနဲ့ လုပ်သားဦးရေ (၅၀၀)အတွက် ကဒ်ပြားတွေ ထုတ်ပေးဖို့နဲ့ စက်ယန္တယား အစရှိတာတွေ ပြန်လည်တင်သွင်းဖို့ အခွန်ကင်းလွတ်စွာနဲ့ ဝင်ရောက် ခွင့်ပြုဖို့ မတ်လ(၂၈)ရက်နေ့ ရက်စွဲနဲ့ ကျွန်တော်ပြည်သူတွေ ရွေးကောက်ပွဲမှာ အာရုံစိုက်နေချိန်ကို အခွင့်ကောင်းယူပြီး နောက်ကျောကနေ တောင်းဆိုနေပါပြီ..။ ကဲကျွန်တော်တို့ ပြည်သူတွေ ဘာဆက် လုပ်ကြမလဲ.. ကျွန်တော်တို့ တမျိုးသားလုံးနဲ့ ဆိုင်တဲ့အရေးပါ...။ အားလုံးဘက်ပေါင်းစုံက ဖော်ထုတ်၊ ကန့်ကွက် ကြပါ...။

ဒီမိုဝေယံ

ဘလော့ဂ်မှာ အင်္ဂလိပ်လို ရေးသားတောင်းဆိုချက်နဲ့ ဓါတ်ပုံ ကြည့်ရှုနိုင်ပါတယ်..

#######################################

ဒီနေရာမှာ ကျွန်တော်တို့စဉ်းစားစရာတွေအများကြီးရှိပါတယ် ။

၁ ။ သမ္မတကြီးကိုယ်တိုင် ကတိပေးထားတဲ့ အစိုးရသက်တမ်း ၅ နှစ်အတွင်းမလုပ်ပါဘူးဆိုတဲ့ အရာဆိုတော့ ဒီသတင်း ရဲ့ တိကျသေချာမှုဟာ ဘယ်လောက်ရှိမလဲ ။

၂ ။ EMG မှာတော့ မြစ်ဆုံစီမံကိန်းအရိပ်အယောင်တွေ့တယ်ဆိုတာကိုတော့ ဖတ်လိုက်ရတယ်

၃ ။ ဒီ ဓါတ်ပုံဟာ အစစ်ဖြစ်နိုင်မလားဆိုပြီး ကျွန်တော်လိုက်ရှာကြည့် တဲ့အခါ အောက်ပါ အတိုင်းပုံ တချို့တွေ့ ခဲ့ ရတယ် ။


ပုံကိုကြည့်ပြီး အပေါ်ဆုံးကပုံဟာ ဖိုတိုရှော့နဲ့ဖန်တီးထားတဲ့ Hoax news ဆိုတာ ထင်ရှားသွားပါတယ် ။ ကျွန်တော် စဉ်းစားမိတာ တကယ်သာဆိုရင် ကျွန်တော်တို့ user တွေမပြောနဲ့ တကယ့်ထိပ်သီး မီဒီယာ ကြီးတွေက ငြိမ်နေပါ့မလား ဥပမာ EMG , 7 days , Messenger အစရှိသဖြင့်ပေါ့ ။

ဒီသတင်းဟာ လုံးဝမဖြစ်နိုင်ပါဘူး ဖန်တီးထားတဲ့ အရာတစ်ခုသာဖြစ်ပါတယ် ။ ဒီလို ပြောလိုက်တဲ့အတွက် ကျွန်တော်ဧရာဝတီကို မချစ်လို့မဟုတ်ပါဘူး ။ သမ္မတကြီးလုပ်နေတဲ့အလုပ်ဟာ ကလေးကစားစရာမဟုတ်ပါဘူး ။ နိုင်ငံတစ်နိုင်ငံရဲ့ခေါင်းဆောင်တစ်ဦးအနေနဲ့ပေးထားတဲ့ကတိပါ ။ သူ့ကတိကို ကျွန်တော်ယုံပါတယ် တခြား သူတွေ ကိုလည်းယုံစေချင်ပါတယ် ။ တကယ်သာ ဒီသတင်းအစစ်အမှန်ဖြစ်ခဲ့မယ်ဆိုရင် တနိုင်ငံ လုံးလည်း ကန့်ကွက် ကြမှာ မလွဲမသေပါပဲ ။

ဧရာဝတီအားချစ်ခင်သော ဧရာဝတီသားတစ်ဦး

သက်တန့်ချို
4 April 2012

အားလုံးပဲ သတင်းနဲ့ပတ်သတ်ပြီးစိတ်အေးနိုင်ကြပါစေ ။

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Tuesday, April 3, 2012

လူတစ်ယောက်ဟာ သူ့ရဲ့ လုပ်နိုင်တာထက်ကျော်လွန်ပြီးလုပ်နိုင်စွမ်းရှိရမယ်

လူတစ်ယောက်ဟာ သူ့ရဲ့ လုပ်နိုင်တာထက်ကျော်လွန်ပြီးလုပ်နိုင်စွမ်းရှိရမယ်



ဘရုစလီဟာ ဒဏ္ဍာရီထဲက ကိုယ်ခံပညာသူရဲကောင်းဖြစ်ပါတယ် ။ “ ဘရုစ် ဟာ တစ်နေ့ကို ကျွန်တော်နဲ့အတူ ၃ မိုင်ပြေးတယ် တကယ့်ကို နေရာကောင်းတွေပါပဲ ကျွန်တော်တို့ဟာ သုံးမိုင်ကို နှစ်ဆယ့်တစ်မိနစ် (သို့မဟုတ် ) နှစ်ဆယ့်နှစ်မိအတွင်းပြေးခဲ့ကြတယ်။ တစ်မိုင်ကို ၈ မိနစ်အောက်အတွင်းမှာပေါ့ ။ (မှတ်ချက် - ဘရုစလီရဲ့ ၁၉၆၈ ခုနှစ်က ကိုယ်ပိုင်မှတ်စုမှာတော့ တစ်မိုင်ကို ၆ မိနစ်ခွဲနဲ့ ပြေးခဲ့တယ်လို့ မှတ်သားထားပါတယ် )

တစ်မနက်ခင်းမှာ သူ ကျွန်တော့်ကိုပြောတယ် ။ “ ငါတို့ ငါးမိုင်ပြေးကြရအောင် ” တဲ့ ။ ကျွန်တော် သူ့ကိုပြန်ပြော ခဲ့တယ် ။ “ ဘရုစ် ငါ ငါးမိုင်တော့မပြေးနိုင်ပါဘူး ငါ က မင်းထက်လည်းအသက် နည်းနည်းကြီးတယ်လေ ငါ အဲဒီလောက်တော့ မပြေးနိုင်ဘူး ” သူက ကျွန်တော့်ကိုပြောတယ် ။ “ ငါတို့ အတူပြေးပြီး ၃ မိုင်ရောက်တဲ့အခါ ငါတို့အ ရှိန်ကိုပြောင်းလိုက်မယ်လေ နောက်ထပ် ၂ မိုင်ပဲကျန်တော့မှာ မင်းလုပ်နိုင်မှာပါ ”

ကျွန်တော်ပြန်ပြောခဲ့တယ် ။ “ ကောင်းပြီ လေ ငါတို့ ပြေးကြတာပေါ့ ” ဒီလိုနဲ့ ကျွန်တော်တို့ဟာ အတူပြေး ခဲ့ကြတယ် ။ ၃ မိုင်အထိရောက်လာပြီး ၄ မိုင်အတွင်းကို ကျွန်တော်တို့ရောက်လာပါပြီ ကျွန်တော် ၃ မိုင်ကျော်ပြီးတော့ လေးမိုင်အတွင်းမှာ သုံး ၊ လေး မိနစ်လောက်အထိတော့ အဆင်ပြေပါဘူးတယ် ကျွန်တော် တကယ့်ကို ရပ်လိုက်ချင်ပါပြီ ရင်တွေက တဒိန်းဒိန်းခုန်နေပြီး အလွန်ကိုမောနေပါပြီ ကျွန်တော် ဆက်ပြီးမသွားနိုင်တော့ဘူး သူ့ကို ကျွန်တော်ပြောလိုက်တယ် “ ဘရုစ် ငါဒီထက်ပိုဆက်ပြေးရင် ” “ ငါတို့ပြေးနေ တာပဲလေ ” “ ငါဒီထက်ပိုထက်ပိုဆက်ပြေးရရင်ငါ နှလုံးအမောဖောက်ပြီး သေသွားလိမ့်မယ် ”

ဘရုစ်ကပြောတယ် “ အဲဒါဆိုလည်း သေလိုက်ပါ ” ဒါဟာ ကျွန်တော့်ကို မခံချင်စိတ်ဖြစ်စေပြီး ကျွန်တော် ငါးမိုင် အထိဆက်ပြေးခဲ့တယ် ။

အဲဒီနောက်မှာ ကျွန်တော် အိမ်ပြန်ရေချိုးပြီး သူ့ကို အဲဒီအကြောင်းပြောချင်နေခဲ့တယ် ။ “ မင်းဘာလို့ အဲဒီလိုပြော ရတာလဲ ” သူ ကပြန်ဖြေခဲ့တယ် ။

“ ဘာကြောင့်လည်းဆိုတော့ မင်းတကယ်သေသွားနိုင်လို့ပဲ ။ အကယ်၍များ မင်းဟာ မင်းလုပ်နိုင်တဲ့အရာ (ရုပ်ပိုင်းဆိုင်ရာဖြစ်စေ ဘယ်လိုအရာပဲဖြစ်ပါစေ ) အပေါ် Limit ဆိုတဲ့ ကန့်သတ်မှုတစ်ခုထားထားမယ်ဆိုရင် အဲဒါဟာ မင်းရဲ့ ကျန်ရှိနေတဲ့ ဘ၀အစိတ်အပိုင်းအပေါ် ဖုံးလွှမ်းသွားလိမ့်မယ် မင်းရဲ့ဘ၀တလျှောက်လုံးနဲ့ မင်းရဲ့ အကျင့်ပိုင်းဆိုင်ရာအထိပေါ့ ။ ဘ၀မှာ Limit ဆိုတဲ့ ကန့်သတ်မှုဆိုတာမရှိဘူး ။ တရှိန်ထိုးမြင့်တက်နေတဲ့ မျဉ်းဖြောင့်တစ်ကြောင်းလိုပဲ ဘ၀ဆိုတာ မရပ်မနားတက်နေရတဲ့ ကုန်းမြင့်တစ်ခုလိုပဲ မင်းသွားနိုင်တာထက် မင်းကျော်လွန်ပြီးသွားရမယ် အကယ်၍များ အဲဒီကန့်သတ်မှုတွေက မင်းကို သတ်လိုက်မယ်ဆိုရင်မင်းသေပြီပဲ လူတစ်ယောက်ဟာ သူ့ရဲ့ လုပ်နိုင်တာထက်ကျော်လွန်ပြီးလုပ်နိုင်စွမ်းရှိရမယ် ”

သက်တန့်ချို
3rd April 2012

A man must constantly exceed his level အားဆီလျော်သလိုဘာသာပြန်သည် ။

မူရင်း - This inspiring story is about Bruce Lee, a legendary martial art master.“Bruce had me up to three miles a day, really at a good pace. We’d run the three miles in twenty-one or twenty-two minutes. Just under eight minutes a mile [Note: when running on his own in 1968, Lee would get his time down to six-and-a half minutes per mile].

So this morning he said to me “We’re going to go five.” I said, “Bruce, I can’t go five. I’m a helluva lot older than you are, and I can’t do five.” He said, “When we get to three, we’ll shift gears and it’s only two more and you’ll do it.”

I said “Okay, hell, I’ll go for it.” So we get to three, we go into the fourth mile and I’m okay for three or four minutes, and then I really begin to give out. I’m tired, my heart’s pounding, I can’t go any more and so I say to him, “Bruce if I run any more,” –and we’re still running-” if I run any more I’m liable to have a heart attack and die.”
He said, “Then die.” It made me so mad that I went the full five miles.

Afterward I went to the shower and then I wanted to talk to him about it. I said, you know, “Why did you say that?”He said, “Because you might as well be dead. Seriously, if you always put limits on what you can do, physical or anything else, it’ll spread over into the rest of your life. It’ll spread into your work, into your morality, into your entire being. There are no limits. There are plateaus, but you must not stay there, you must go beyond them. If it kills you, it kills you. A man must constantly exceed his level.”

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Monday, April 2, 2012

2012 မှာ ရိုးရာ သင်္ကြန်ကနေ Sexy သင်္ကြန်ဖြစ်တော့မှာလား ??

2012 မှာ ရိုးရာ သင်္ကြန်ကနေ Sexy သင်္ကြန်ဖြစ်တော့မှာလား ??



ဒီကြော်ငြာလေးက Mrtv-4 ရဲ့ V Guide စာစောင် ဧပြီလ အထူးထုတ်တွင် ပါဝင်သော စာမျက်နှာများထဲမှ တစ် ခုဖြစ် ပါတယ် ။ Album အလိုက်ကြည့်ချင်ရင် > https://www.facebook.com/media/set/?set=a.340676962656285.77163.144593305597986&type=3




မြန်မာ့ရိုးရာသင်္ကြန်တွင် လူငယ်သဘာဝ လန်းလန်းကလေးနှင့်ပျော်ကြသည်ကို ဘာမှမပြောလို ။ ကျွန်တော် လည်းလူငယ်တစ်ယောက်မို့ လန်းလန်းလေးနှင့်ပျော်ချင်သည် ။ သို့သော် အလန်းလွန်ပြီး လန်မထွက် သွားဖို့ တော့ လိုသည် ။



နေရာတိုင်းလိုလို တွင် အမျိုးသမီးများ ဘီယာသောက်ကာ ဟိုပေါ်ဒီပေါ်ကခုန်နေကြသည်ကိုကြည့်ရင်း တခါတ ရံ နိုင်ငံခြားတိုင်းပြည်တစ်ခုများရောက်နေသလားဟု ထင်မိသည် ။ မြောက်ဥက္ကလာပတွင် တချို့လမ်း များ တွင် ဆောင်းဘောက်များအသားကုန်ဖွင့်ပြီး ကောင်မလေးတွေ လမ်းမထွက် က ကြသည် ။ ယောင်္ကျားလေး အကို မောင်ဖွား များက ဘေးမှ ၀န်းရံကာ ထိမ်းကြရသည်။ ခေတ်ကြီးပြောင်းပြန်လန်နေပြီထင်သည် ။

ယခုနှစ်တွင် ရေစိုခံကင်မရာတစ်လုံးဝယ်ကာ ထို Sexy dance များ လိုက်ပြီးရိုက်ရမလား မပြောတတ် ။ သေချာ တာတစ်ခုက မနှစ်က ဘုန်းကြီးဝတ်ပြီး ဆွမ်းခံအကြွ လမ်းတွင် ထို Sexy dance များကို မနည်းရှောင် ရှားသွား ရသည် ။ အော် ဒီဘ၀တော့ သံသရာက လွတ်မည်မထင် ။ ဆိုင်ရာများက မိန်းကလေး Sexy များအား စင်ပေါ် တင်သာမက စင်အောက်တွင်ပါ မြင်မကောင်းအောင်ဖြစ်ခြင်းများ ထိရောက်စွာသတိပေးသင့်သည် ။



လန်းလန်းကလေးနှင့် ပျော်ကြပါ -- မလန်ထွက်ကြပါစေနဲ့ ကြည့်မကောင်းအောင် အမူးလွန်အောင် မသောက် ကြပါနဲ့ ကိုယ့်လွတ်လပ်ခွင့်နှင့်ကိုယ်ဆိုပေမယ့် တချိန်ကိုယ့်သားသမီးတွေရှေ့ အွန်လိုင်းမှ ဓါတ်ပုံများ သက်သေ ခံဖြစ်ကာ ငါ့မေမေ ငယ်ငယ်က တော်တော်ကဲတာပဲဟု အပြောခံရလျှင် အရှက်တော်များရကြလိမ့်မည် ။

သင်္ကြန်နှင့် ကျန်းမာရေးဆောင်ရန်ရှောင်ရန်များရေးထားတာရှိသည် ။ မကြာမီရက်ပိုင်းတင်ပေးပါမည် ။

၂၀၁၂ သင်္ကြန်မှာ ရွှင်လန်းစွာ ခေတ်မှီစွာ ရေကစားနိုင်ကြပါစေ ။ လန်ထွက်စွာ ခေတ်လွန်စွာ ကစားခြင်း များ ရှောင် ကြစေလို ။

သက်တန့်ချို
2nd April 2012

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................