Thursday, April 24, 2014

ကြွက်ပေါက်စလေးတွေနဲ့တခြားအိမ်မွေးသတ္တ၀ါငယ်လေးတွေစားသုံးသူမိန်းကလေး




ဂေဟစနစ်ကို ထိမ်းသိမ်းဖို့အတွက် အခုဆိုရင် ဗီတာမင်ပြည့်စုံတဲ့ အသားတွေသာ စားသုံးဖို့ဆိုတဲ့အဆိုတစ်ရပ်ထွက်ပေါ်လာခဲ့တယ် ။ တစ်ပတ်ကြာတဲ့အထိ Kolodzieji ဆို သူမိန်းကလေးဟာ ကြွက်ဖလောင်းလို့ခေါ်တဲ့ကြွက်ပေါက်စလေးတွေကို စားသုံးခဲ့တယ် ။ သူပြောတာကတော့ ဂေဟစနစ်ဆက်လက်ရှင်သန်ဖို့ အသီးအရွက်တွေမစားပဲ ပရိုတိန်းဓါတ်ကြွယ်ဝတဲ့ အခုလို ကြွက်ပေါက်လေးတွေကို စားသုံးခြင်းဖြစ်တာပါတဲ့ ။ သူစားတဲ့ကြွက်ကလေးတွေကိုတော့ အိမ်မွေးတိရိစ္တာန်ဆိုင်ကနေ အရှင် ၀ယ်ယူခဲ့တာဖြစ်ပါတယ် ။ သူ့အတွေးအကြုံတွေကိုလည်း ဝေမျှခဲ့သေးတယ် ။

ကြွက်ဖလောင်းနဲ့ခြင်စားငါးတွေ နဲ့မြွေပေါက်စနလေးတွေကို မီနူးမှာ ရနိုင်ပါတယ် ။ သူမကတော့ တစ်ပတ်လောက်စားပြီးတဲ့အခါ ၃ ပေါင်လောက်ကျသွားကြောင်းနဲ့ ပိုလည်းခွန်အားရှိလာသလို ခံစားရကြောင်းပြောခဲ့တယ် ။ “ အတွေ့အကြုံကတော့တော်တော်လေးနှစ်သက်စရာကောင်းပါတယ် ” လို့ Huffington Post ကို အီးမေးလ်ပို့ခဲ့တယ် ။ အသ်က ၃၂ နှစ်အရွယ် Kolodziej ဟာ Traverse City မှာနေထိုင်သူဖြစ်ပြီး သူမအကြိုက်ဆုံးကတော့ အသားတွေထဲမှာပေါက်တဲ့ သံကောင်တုပ်ပြားကောင်တွေဲ့ဖုံးအပ်ထားတဲ့ချောကလက်ကို အကြိုက်ဆုံးဖြစ်ပါသတဲ့ ။ သင်ရော စိတ်ဝင်စားလို့လား ဒါဆိုရင် သူမပြောတဲ့နည်းအတိုင်းမလုပ်ခင် ဆရာဝန်နဲ့အရင်တိုင်ပင်ကြည့်ပါဦး

Mouse Pie လုပ်ဖို့အတွက် ဒါတွေလိုအပ်ပါတယ်

Ingredients:
4 dead, flayed, skinned, and boiled mice
2 boiled potatoes
¼ cup shredded cheddar cheese
½ cup mixed veggies



Mealworm Fries ကိုပြုလုပ်ဖို့ဒါတွေလိုအပ်ပါသတဲ့

Ingredients:

1 fresh Idaho potato (russet)
2 dozen mealworms—boiled
1 cup chopped scallions



ကိုယ့်လူတွေ ကြွက်ကြိုက်သပဆို စမ်းကြည့်ကြပေတော့

သက်တန့်ချို
http://www.huffingtonpost.com/2014/04/23/candra-kolodziej-mice-pet-store-food_n_5199886.html?utm_hp_ref=weird-news
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Wednesday, April 23, 2014

Guizhou မှ မြည်းပု

 Guizhou မှ မြည်းပု

ဟိုး လွန်လေပြီးသောအခါက Guizhou ပြည်နယ်မှာ မြည်းပု ဆိုလို့တစ်ကောင်မှမရှိခဲ့ပါဘူး ။ ဒါကြောင့်တစ်နေ့မှာ လူတစ်ယောက်ဟာမြည်းပုတစ်ကောင်ကို ၀ယ်ပြီး သဘောင်္နဲ့တင်ဆောင်လာခဲ့တယ် ။ Guizhou ကိုရောက်တဲ့အခါ မြည်းပုကို ဘယ်နေရာမှာ သုံးရမယ်မှန်းမသိသလို ဘယ်မှာ အသုံးဝင်မှန်းလည်းမသိခဲ့ဘူး ။ ဒါကြောင့် ၀ယ်လာတဲ့သူဟာ မြည်းပုကို တောင်ခြေရင်းမှာ ချည်ပြီးထားခဲ့တယ် ။

တစ်နေ့မှာ တောင်ကြားထဲကနေ ကျားတစ်ကောင်ထွက်လာခဲ့တယ် ။ ကျားဟာ မြည်းပုရဲ့ ၀၀ တုတ်တုတ် ခန္ဓာကိုယ်ကိုကြည့်ပြီး ဒါဟာ နတ်တွေဖန်ဆင်းထားတဲ့အကောင်ကြီးဖြစ်ရမယ်လို့ တွေးမိတယ် ။ ဒါကြောင့်တောထဲကိုအလျင်အမြန်ပြေးဝင်ပြီး သစ်ပင်တွေအကွယ်ကနေ မြည်း ကို စောင့်ကြည့်နေခဲ့တယ် ။ တစ်ခါတရံမှာ ကျားဟာ မြည်းပုအနီးကိုသွားခဲ့ပေမယ့် အန္တမရှီနိုင်လောက်တဲ့ သူထွက်ပြေးလို့လွတ်နိုင်လောက်တဲ့အကွာအဝေးကနေပဲ စောင့်ကြည့်နေခဲ့တယ် ။

တစ်နေ့မှာ ကျားဟာ မြည်းပုနားကို ထွက်လာခဲ့တယ် ။ အဲဒီအခါ မြည်းပုဟာ ကြောက်လန့်ပြီး အသံကျယ်ကျယ်နဲ့အော်ဟစ်လိုက်တယ် ။ သူ့ကို စားတော့မယ်လို့ထင်ပြီး ကျားဟာ တောထဲကို အလျင်အမြန်ပဲ ပြေးဝင်သွားပြန်တယ် ။ ခဏကြာတဲ့အခါ ကျားဟာ ဖြည်းဖြည်းချင်းပြန်လှည့်လာပြီး မြည်းပုကို သေချာကြည့်တယ် ။ အဲဒီအခါမှာ မြည်းပုဟာ ခန္ဓာကိုယ်ဝဖီးပေမယ့် ဘာမှ လုပ်နိုင်ကိုင်နိုင်စွမ်းမရှိ တိုက်ခိုင်နိုင်စွမ်းမရှိတဲ့အကောင်ဆိုတာ သဘောပေါက်သွားတယ် ။

ဒီလိုနဲ့ ရက်အနည်းငယ်ကြာတဲ့အခါ ကျားဟာ တဖြည်းဖြည်း မြည်းပုကို ကြောက်တဲ့စိတ်တွေလျော့နည်းလာခဲ့တယ် ပြီးတော့ ခုန်အုပ်လိုက်တယ် ။ မြည်းပုဟာ အလွန်စိတ်ဆိုးပြီး သူ့ခြေထောက်တွေနဲ့ ကျားကို ကန်လိုက်တယ် ။ ကျားဟာ ၀မ်းသာအားရစွာနဲ့ မြည်းပုကို ပြောလိုက်တယ် ။ “ ဒီလို အကောင်ကြီးကြီး ၀၀ဖီးဖီးတွေက ဘာမှလည်းလုပ်နိုင်စွမ်းမရှိပါလား ” အဲဒီလို ပြောပြီး ကျားဟိန်းသံပေးလို့ မြည်းပုကို တစ်ခါတည်းခုန်အုပ်ပြီးစားလိုက်ပါတော့တယ် ။

================================

Apprearance ဆိုတဲ့ ပုံပန်းသဏ္ဍန်က ဘယ်လောက်ပဲ ဟိတ်ဟန်ကောင်းနေပါစေ Ability ဆိုတဲ့လုပ်နိုင်စွမ်းကသာ အဆုံးအဖြတ်ပေးသွားတာပါ ။

သက်တန့်ချို
The Donkey of Guizhou by Hao Zhuo

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

ရှူးဖိနပ်အသစ်ဝယ်ချင်တဲ့ ဥာဏ်တုံးသူ


ရှူးဖိနပ်အသစ်ဝယ်ချင်တဲ့ ဥာဏ်တုံးသူ

သေးငယ်တဲ့တိုင်းပြည်တစ်ပြည်မှာ Zheng လို့ခေါ်တဲ့ ခပ်တုံးတုံးလူတစ်ယောက်နေထိုင်သတဲ့ ။ တစ်နေ့တော့ သူဟာ သူ့ခြေထောက်တွေအတွက် ရှူးဖိနစ်အသစ်ဝယ်ချင်တဲ့စိတ်ဖြစ်ပေါ်လာခဲ့တယ် ။ ပထမဆုံး Zheng ဟာ သူ့ခြေထောက်ကို ပေတံနဲ့တိုင်းပြီး ရလာတဲ့အတိုင်းအတာကို စာရွက်ပေါ် ချရေးခဲ့တယ် ။ ပြီးတော့ ဖိနပ်ဆိုင်ကို အလျင်အမြန်ထွက်လာခဲ့ပါတယ် ။

ဖိနပ်ဆိုင်ရောက်တဲ့အခါမှာ သူ့အိပ်ကပ်ထဲ စမ်းကြည့်တဲ့အခါ ဖိနပ်အတိုင်းအတာ မှတ်ထားတဲ့ စာရွက်က အိမ်မှာကျန်နေခဲ့ပြီဆိုတာ သူသိလိုက်ရတယ် ။ အားနာစွာနဲ့ပဲ ဖိနပ်ဆိုင်ရှင်ကိုပြောတယ် ။ “ အိမ်မှာ ကျွန်တော်ဖိနပ်အတိုင်းကျန်ခဲ့တယ်ဗျာ .. ဘယ်အရွယ်အစားလဲ မသိဘူး ကျနော် အမြန်ဆုံးသွားယူပါ့မယ် တစ်မိနစ်လောက်ပါပဲ ” အဲဒီလိုပြောပြီး သူဟာ မြန်နိုင်သမျှ မြန်အောင်ပြေးပြီးအိမ်ကိုပြန်လာခဲ့တယ် ။

အိမ်ပြန်ရောက်တဲ့အခါ ဖိနပ်အရွယ်အစား မှတ်ထားတဲ့ စာရွက်ကိုတွေ့ပြီး ဖိနပ်ဆိုင်ကို ပြန်လာခဲ့တယ် ။ ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ ဖိနပ်ဆိုင်က ပိတ်သွားခဲ့ပါပြီ ။ သူ ကြိုးစားပြေးပြီးယူခဲ့ပေမယ့်လည်း ဖိနပ်အသစ်တွေမရခဲ့ဘူး ။

အဲဒီနောက်မှာ သူ့အဖြစ်အပျက်ကိုမြင်တဲ့လူတစ်ယောက်ကမေးတယ် ။ “ ဖိနပ်ဝယ်ဖို့က ခင်ဗျားအတွက်လား တစ်ယောက်ယောက်အတွက်လားဗျ ” “ ကျွန်တော့်အတွက်ပါဗျ ”လို့ Zheng ကပြန်ဖြေတယ် ။

“ ဟင် ဒါဆို .. ခင်ဗျား ခြေထောက်တွေကို ဖိနပ်ဆိုင်မှာ တစ်ခါတည်းစီးကြည့်ပြီး ဘာလို့မတိုင်းခဲ့တာလဲ ”

==========================

တုံးလွန်း အလွန်းတယ်ဆိုတာ ရိုးသားတယ် ကောက်ကျစ်တယ်နဲ့မဆိုင်ပါဘူး ။ လောကကြီးမှာ တုံးလွန်းသူတွေဟာ လိုချင်တဲ့အရာတစ်ခုကို ခက်ခက်ခဲခဲ ယူကြရသလို ဆုံးရှုံးမှုတွေလည်း အမြဲ ကြုံရလေ့ရှိတယ် ။

သက်တန့်ချို
A Foolish Man Buys Shoes by Hao Zhuo

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Thursday, April 10, 2014

MH370 ထူးဆန်းစွာပျောက်ဆုံးမှု အဖြေထွက်ပြီလား ( သို့မဟုတ် ) Diego Garcia လေဆိပ်မှာ ရှိနိုင်တဲ့ MH370


MH370 ထူးဆန်းစွာပျောက်ဆုံးမှု အဖြေထွက်ပြီလား ( သို့မဟုတ် ) Diego Garcia လေဆိပ်မှာ ရှိနိုင်တဲ့ MH370 



မှတ်ချက် ။   ။ ယူကျူ့မှာ video ဖိုင်အနေနဲ့ကြည့်ချင်ရင် http://www.youtube.com/watch?v=Pp8ZiK23nLc မှာကြည့်နိုင်ပါတယ် ။ 

တော်တော်စိတ်ဝင်စားဖို့ကောင်းတဲ့သီအိုရီတစ်ခုပါပဲ ။ တစ်ခုခု တော့ သေသေချာချာဖြစ်ပျက်ခဲ့တာသေချာပါတယ် ။ Diego Garcia လေဆိပ်ဟာ စစ်သားတွေ အဲဒီနေရာကနေထွက်ခွာဖို့ကို Cancel လုပ်ခဲ့တယ် ဒါပေမယ့်လေယာဉ်ကို ရှာမတွေ့သေးဘူး ။ Black box ကနေထွက်ပေါ်လာတဲ့ Ping တွေကို ဘက်ထရီ မကုန်ခင် နှစ်ကြိမ်မျှ မိခဲ့တယ်လို့ဆိုတယ် ။ 

ယုံချင်ယုံမယုံချင်နေ အောက်မှာ ပြထားတဲ့လင့်တွေကတော့ Diego Garcia မှာ MH370 ရှိနိုင်တယ်ဆိုတဲ့သက်သေတွေဖြစ်တယ်လို့ဆိုပါတယ် ။ 

၁ ။ မော်လ်ဒိုက် ကျွန်းမှာနေတဲ့ ပြည်သူတွေက Low flying jet ( ခပ်နိမ့်နိမ့် ပျံသန်းသွားတဲ့ ဂျက်လေယာဉ် ) တစ်စီးကို တွေ့လိုက်ရတယ်ဆိုတဲ့သတင်း 


၂ ။ ပုံစံတူ တည်ဆောက်ထားသော ဘိုးရင်း ၇၇၇ Storage history



၃ ။ Busted !! အစ္စရေးမှ MH370 လေယာဉ်ပုံစံတူ ( Twin Airplane ) အား Tel-Aviv! တွင်ဖမ်းမိခြင်း 


၎ ။ Tel Aviv တွင် သိမ်းထားသော 777 အားပြင်သစ်မှလွှဲပြောင်းပေးခြင်း




၅ ။ Tel Aviav ရှိ MH370 အမွှာလေယာဉ်ထွက်ပေါ်လာမှုအတွက် အစ္စရေးနှင့် ဆော်နိုတို့၏ အခန်းကဏ္ဍ


၆ ။ Diego Garcia အကြောင်း မိနစ် ၆၀ စာ report လုပ်ထားတဲ့ CBS


၇ ။ အီရန် ၂ ယောက်မှ ခိုးယူထားသော ပါ့စပို့ ကိုင်ဆောင်ပြီးလေယာဉ်ပေါ်လိုက်ပါသွားမှု 


၈ ။ သံတမန်ရေးရာရိုက်ခတ်မှုကြောင့်ကမ္ဘာတ၀ှမ်းရှိ သံရုံးများ ပိတ်ထားသော အစ္စရေး 


၉ ။ အစိုးရက သိသာထင်ရှားစွာ ဖုံးကွယ်ထားသော မလေးရှားလေယာဉ် MH370 : သက်သေအားလုံးညွှန်ပြချက်အရ တရားဝင်ပြောကြားချက်များနှင့်ဆန့်ကျင်ဖက်ဖြစ်နေ 


၁၀ ။ အမေရိက စစ်အခြေစိုက်စခန်း - MH370 ပိုင်းလော့၏ အကူလေ့ကျင့်ရေးပျံသန်းစက်မှ ထွက်ပေါ်လာချက် 


၁၁ ။ မလေးရှားလေယာဉ်မှူး၏ မိသားစု မှ လေယာဉ်မထွက်ခွာခင် အိမ်မှပြောင်းရွှေ့သွားခြင်း 


၁၂ ။ မော်လ်ဒိုက်နှင့် Diego Garcia အား ဂူဂဲလ်မြေပုံတွင်မြင်တွေ့ရခြင်း 


===================

ဒါကတော့ People Insider ကနေတင်ဆက်ထားတဲ့သတင်းဖြစ်ပါတယ် ။နောက်ဆုံး Official သတင်းတွေကတော့ Ping ၂ ခု ဆက်တိုက် ဖမ်းယူရခဲ့တယ် ။ ဖြစ်နိုင်ခြေရှိတာကတော့ Black box ရယ် Voice recorder ရယ် ၂ ခုကနေဖြစ်နိုင်တယ် ။ ဒါပေမယ့် ကြိမ်နှုန်း Frequency က 33.331 kHz ဖြစ်နေတဲ့အတွက် ဘယ် Ping က ဘယ်ကနေလာသလဲဆိုတာ ခွဲရခက်နေတယ်ဆိုတဲ့အချက်ဖြစ်ပါတယ် ။ 

အခုထိတော့ Black box ဖြစ်စေ Voice recorder ဖြစ်စေ Debris ဖြစ်စေ ဘာမှရှာမတွေ့သေးပါဘူး ။ ဘက်ထရီသက်တမ်းတွေ့လည်းကုန်သွားပြီဖြစ်တဲ့အတွက် Signal တွေကလည်မှေးမှိန်နေပါပြီ မကြာခင်ပျောက်ကွယ်သွားတော့မှာဖြစ်ပါတယ် ။ 

နောက်ဆုံးဘာမှ တိတိကျကျ ရှာမတွေ့လေလေ အထက်မှာဖော်ပြထားတဲ့အချက်တွေကိုကိုးကားပြီး လေယာဉ်ကို တစ်နေရာမှာ ဖွက်ထားခြင်းဆိုတဲ့ သီအိုရီဖက်ကို အားလုံး ဦးတည်လာနေကြပြီဖြစ်ပါတယ် ။ 

သက်တန့်ချို 
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Wednesday, February 19, 2014

Facebook Page မှာမဟုတ်ပဲ Profile မှာ Comment to Comment reply ပေါ်အောင်လုပ်နည်း

Facebook Page မှာမဟုတ်ပဲ Profile မှာ Comment to Comment reply ပေါ်အောင်လုပ်နည်း 

 

ပေ့ခ်ျတွေမှာပဲ ရတယ်လို့ထင်ရတဲ့ Comment to comment reply feature ဟာ တကယ်တော့ Profile တွေမှာလည်းရပါတယ် ။ ဒါပေမယ့် Public တင်တဲ့ပို့စ်တွေမှာသာ ရနိုင်တာပါ ။ Friend only တင်တဲ့ပို့စ်တွေ ရမရတော့မသိပါဘူး ။ မရလောက်ဘူးထင်ပါတယ် ။ ကဲ Public Post တင်တဲ့ပိုင်ရှင်တွေ ၀ါသနာပါသူများအောက်ပါ အတိုင်းစမ်းကြည့်ရအောင် ။ 


ကွန်ပြူတာပေါ်မှာ ကိုယ်သုံးနေတာ Chrome latest version ဖြစ်ရပါမယ် ။ Mozilla အတွက်လည်းရပေမယ့် အခု Chrome အတွက်ရှင်းပြပေးမှာပါ ။ 


အဆင့် ၁ ။   ။ အောက်မှာပေးထားတဲ့ လင့် ၂ ခုစလုံးကို ဒေါင်းလုပ်ဆွဲရပါမယ် ။ 





အဆင့် ၂ ။   ။ ၂ ခုစလုံးကို Add လုပ်ပြီး Install လုပ်ပြီးတဲ့အခါ ပုံမှာမြင်ရတဲ့အတိုင်း Chrome Menu နားက Manual Geolocation Extension Icon ကို ကလစ်နှိပ်ပါ ။ 

 

ပြီးရင် Enable လင့်ကိုနှိပ်ရပါမယ် ။ အကယ်၍ ကိုယ့်ဆီမှာ Disable လို့ပေါ်နေပြီးသားဆိုရင် လုပ်စရာမလိုပါဘူး Enable ဖြစ်ပြီးသားပါ ။ New Zealand ဆိုပြီး ရိုက် Search နဲ့ရှာလိုက်ပါ ။ မိုးရေစက်ပုံ အနီလေးထဲမှာ အမဲစက်လေးနဲ့ New Zealand ကိုထောက်ပြထားပြီးတွေ့ပြီဆိုရင်ရပြီ ။ 


အဆင့် ၃ ။   ။ Manual Geolocation Extension ကို Enable လုပ်ပြီးပြီဆိုရင်တော့ နောက်ထပ် Ultimate User Agent Switcher ကို Activate လုပ်ဖို့လိုပါတယ် ။ ပုံမှာပြထားတဲ့အတိုင်း မျှားအနီဝိုင်းလေးကို ကလစ်နှိပ်ပါ ။ ပြီးရင် ပုံမှာပြထားတဲ့အတိုင်း Activate Now!! ဆိုတာကို အမှန် Tick လုပ်ပေးပါ ။ 



အဆင့် ၄ ။ ပြီးရင်တော့ new tab ကိုဖွင့်ပြီး အောက်ပါလင့်ကိုသွားလိုက်ပါ ။ 





အဆင့် ၅ ။   ။ Tablet တွေမှာတွေ့ရတဲ့ Interface မျက်နှာပြင်လိုမျိုးတွေ့ရပါလိမ့်မယ် ။ Check in ကိုနှိပ်ပါ ။ New Zealand နားတ၀ှိုက်ကို အော်တိုရှာပေးပါလိမ့်မယ် ။ တစ်ခုခုကိုရွေးလိုက်ပါ  ။ ဥပမာ Coastlands Mall ပေါ့ ပြီးရင် Only me နဲ့ Status တစ်ခုတင်လိုက်ပါ ။ 



အဆင့် ၆ ။ ပြီးရင် New Tab ဖွင့်ပြီး ပုံမှန် ဖေ့ဘုတ်စာမျက်နှာကိုသွားပါ ( www.facebook.com ) ပြီးတဲ့အခါ သင်တင်ချင်တဲ့စာကို Public Post နဲ့တင်လိုက်ပါ ။ 

 

Amazing !! You are now successfully installed Comment To Comment Reply :D


မူရင်း Trick မှာပြောထားတာကတော့ နေ့စဉ်ကိုယ့် Ultimate User Agent Switcher ထဲကနေပြီး Activate လေးနှိပ်ဖို့လိုပါတယ် Activate မဟုတ်ရင် Comment to Comment Reply ရမှာမဟုတ်ပါဘူး ။ ပြီးရင် touch.facebook.com ကို ၀င်ပြီးတစ်နေ့တစ်ခါလောက်တော့ Only me လေးနဲ့ Check in ၀င်ပေးဖို့လိုပါသတဲ့ ။ ( ဒါက နောက်တစ်နေ့ရောက်တဲ့အခါ Comment to comment reply ပျောက်သွားရင်လုပ်ရမှာကိုပြောတာပါ .. တစ်ခါလုပ်ပြီးမပျောက်သွားဘူးဆိုရင်တော့အိုကေတာပေါ့ ) 


Credit: Arjun, Cryptlife and 99tricks

သက်တန့်ချို ဝေမျှသည် ။ 

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................