Wednesday, April 23, 2014

ရှူးဖိနပ်အသစ်ဝယ်ချင်တဲ့ ဥာဏ်တုံးသူ


ရှူးဖိနပ်အသစ်ဝယ်ချင်တဲ့ ဥာဏ်တုံးသူ

သေးငယ်တဲ့တိုင်းပြည်တစ်ပြည်မှာ Zheng လို့ခေါ်တဲ့ ခပ်တုံးတုံးလူတစ်ယောက်နေထိုင်သတဲ့ ။ တစ်နေ့တော့ သူဟာ သူ့ခြေထောက်တွေအတွက် ရှူးဖိနစ်အသစ်ဝယ်ချင်တဲ့စိတ်ဖြစ်ပေါ်လာခဲ့တယ် ။ ပထမဆုံး Zheng ဟာ သူ့ခြေထောက်ကို ပေတံနဲ့တိုင်းပြီး ရလာတဲ့အတိုင်းအတာကို စာရွက်ပေါ် ချရေးခဲ့တယ် ။ ပြီးတော့ ဖိနပ်ဆိုင်ကို အလျင်အမြန်ထွက်လာခဲ့ပါတယ် ။

ဖိနပ်ဆိုင်ရောက်တဲ့အခါမှာ သူ့အိပ်ကပ်ထဲ စမ်းကြည့်တဲ့အခါ ဖိနပ်အတိုင်းအတာ မှတ်ထားတဲ့ စာရွက်က အိမ်မှာကျန်နေခဲ့ပြီဆိုတာ သူသိလိုက်ရတယ် ။ အားနာစွာနဲ့ပဲ ဖိနပ်ဆိုင်ရှင်ကိုပြောတယ် ။ “ အိမ်မှာ ကျွန်တော်ဖိနပ်အတိုင်းကျန်ခဲ့တယ်ဗျာ .. ဘယ်အရွယ်အစားလဲ မသိဘူး ကျနော် အမြန်ဆုံးသွားယူပါ့မယ် တစ်မိနစ်လောက်ပါပဲ ” အဲဒီလိုပြောပြီး သူဟာ မြန်နိုင်သမျှ မြန်အောင်ပြေးပြီးအိမ်ကိုပြန်လာခဲ့တယ် ။

အိမ်ပြန်ရောက်တဲ့အခါ ဖိနပ်အရွယ်အစား မှတ်ထားတဲ့ စာရွက်ကိုတွေ့ပြီး ဖိနပ်ဆိုင်ကို ပြန်လာခဲ့တယ် ။ ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ ဖိနပ်ဆိုင်က ပိတ်သွားခဲ့ပါပြီ ။ သူ ကြိုးစားပြေးပြီးယူခဲ့ပေမယ့်လည်း ဖိနပ်အသစ်တွေမရခဲ့ဘူး ။

အဲဒီနောက်မှာ သူ့အဖြစ်အပျက်ကိုမြင်တဲ့လူတစ်ယောက်ကမေးတယ် ။ “ ဖိနပ်ဝယ်ဖို့က ခင်ဗျားအတွက်လား တစ်ယောက်ယောက်အတွက်လားဗျ ” “ ကျွန်တော့်အတွက်ပါဗျ ”လို့ Zheng ကပြန်ဖြေတယ် ။

“ ဟင် ဒါဆို .. ခင်ဗျား ခြေထောက်တွေကို ဖိနပ်ဆိုင်မှာ တစ်ခါတည်းစီးကြည့်ပြီး ဘာလို့မတိုင်းခဲ့တာလဲ ”

==========================

တုံးလွန်း အလွန်းတယ်ဆိုတာ ရိုးသားတယ် ကောက်ကျစ်တယ်နဲ့မဆိုင်ပါဘူး ။ လောကကြီးမှာ တုံးလွန်းသူတွေဟာ လိုချင်တဲ့အရာတစ်ခုကို ခက်ခက်ခဲခဲ ယူကြရသလို ဆုံးရှုံးမှုတွေလည်း အမြဲ ကြုံရလေ့ရှိတယ် ။

သက်တန့်ချို
A Foolish Man Buys Shoes by Hao Zhuo

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

No comments:

Post a Comment