Monday, April 28, 2014

တိရိစ္ဆာန်များကိုBonsai အဖြစ်ပြုလုပ်ခြင်းနှင့် key changeအဖြစ်ရောင်းချခြင်းအား ဆန့်ကျင်ကြပါစို့

တိရိစ္တာန်များကိုBonsai အဖြစ်ပြုလုပ်ခြင်းနှင့် key changeအဖြစ်ရောင်းချခြင်းအား ဆန့်ကျင်ကြပါစို့ 



လူတွေမှာတကယ်ပဲ သနားညှာတာစိတ်မရှိတော့တာလား အသွေးချင်းအသားချင်း စာနာစိတ်မရှိတော့တာလား ဒါမှမဟုတ် ... ရက်စက်ကြမ်းတမ်းတဲ့စိတ်တွေ မွေးဖွားလာခဲ့တာလားဆိုတာ ပြုလုပ်သူကာယကံရှင်တွေပဲသိပါလိမ့်မယ် ။ တစ်ကမ္ဘာလုံးက စာနာထောက်ထားသူတွေက တိရိစ္ဆာန်ညှင်းပမ်းမှုမှ ကာကွယ်စောင့်ရှောက်ရေးကို အားတက်သရော ဆောင်ရွက်နေချိန်မှာ အင်တာနက်မှသတင်း ၂ ပုဒ်ကို ဝေမျှပေးလိုက်ပါတယ် ။



ပထမသတင်းကတော့ အရှင်လတ်လတ် ငါးကလေးတွေ နဲ့လိပ်ကလေးတွေကို ကီးချိန်းအဖြစ်အိတ်ထဲမှာ ထည့်သွင်းရောင်းချခြင်းဖြစ်ပါတယ် ။ ( သတင်းအမှန်ပါ )



တရုတ်ပြည်ရဲ့လမ်းမကြီးတွေမှာ လိပ်ကလေးတွေကို လက်ဆောင်အဖြစ် အိတ်ကလေးတွေထဲထည့်ပြီး ရောင်းချနေကြတာတွေ့ရတယ် ဒီလိပ်ကလေးတွေက အသက်ရှင်နေတုန်းပါပဲ ။ စတိုးဆိုင်ပိုင်ရှင်ကတော့ ဒီလိုကီးချိန်းလေးတွေထဲက လိပ်ကလေးတွေဟာ တစ်လမှ ၃ လအထိအသက်ရှင်တယ်လို့ဆိုတယ် တစ်ကောင်ကို 5RMB ပေးရပါတယ် ။ တော်တော်ရက်စက်ကြမ်းကြုတ်ပြီး လက်ခံနိုင်ဖွယ်ရာမရှိတဲ့လုပ်ရပ်ပါပဲ ။



 ဒီလို အိတ်ထဲ ထည့်သွင်းခံရပြီးရောင်းချခံရတဲ့လိပ်ကလေးတွေငါးကလေးတွေဟာ အသက်ရှုကြပ်ပြီးတစ်ချိန်မှာ မချိမဆန့်ဝေဒနာခံစားရပြီးသေဆုံးကုန်ကြတော့မှာပါ ။ ပြုလုပ်ရောင်းချသူတွေကို ပလပ်စတစ်အိတ်ကြီးထဲထည့်ပြီး လမ်းလယ်ခေါင် ချရောင်းကြရင်ဖြင့် ဘယ်လိုနေကြမှာပါလိမ့် ။



ငွေရှာဖို့အတွက် တခြားနည်းလည်းမရှိဘူးလားလို့မေးစရာရှိပါတယ် ။ တကယ်တော့ ရောင်းတဲ့သူမှာရော ၀ယ်တဲ့သူမှာရော ၂ ဦး ၂ ဖက်စလုံးမှာ အကုသိုလ်များလွန်းလှပါတယ် ။ မီဒီယာတွေကနတဆင့်အစိုးရဟာ ဒီသတင်းကြားပြီး ဒီလိုလုပ်ရပ်တွေကို တရားမ၀င်လုပ်ရပ်အဖြစ် သတ်မှတ်ပြီး အမြန်ဆုံးဖယ်ရှားနိုင်ပါစေလို့ပဲ ဆုတောင်းပေးပါတယ် ။

http://skeptics.stackexchange.com/questions/8743/are-bagged-turtles-and-goldfish-sold-as-keychains-in-china
https://www.youtube.com/watch?v=UU1XGXMELyw
http://inhabitat.com/live-animals-trapped-in-plastic-bags-sold-as-key-chains-in-horrifying-chinese-souvenir-scheme/
====================================

နောက်သတင်းတစ်ခုကတော့ ကြောင်ကလေးတွေကို ဘွန်ဆိုင်းအဖြစ် ပုလင်းတွေထဲမှာ ထည့်သွင်းရောင်းချခြင်းဖြစ်ပါတယ် ။ တရားဝင်လိုလိုပြုလုပ်ရောင်းချနေတဲ့ဆိုက်ကတော့ http://bonsaikitten.com/bnw.html ဖြစ်ပါတယ် ။ တချို့သတင်းဆိုက်တွေမှာ Hoax သတင်းမှားလို့ ဖော်ပြနေကြတာလည်းတွေ့ရပါတယ် ။

http://struckbyenlightning.wordpress.com/2010/03/29/bonsai-kittens-82-hoax/

မှာပြောထားတာကတော့ MIT Grad students အုပ်စုကဒီ Bonsai Kitten ဆိုက်ကို ပြုလုပ်ခဲ့တာလို့ဆိုပါတယ် ။ သတင်းထဲမှာတော့ တော်တော်ကြောက်ခမန်းလိလိပါပဲ ဂျပန်မှာ ပြုလုပ်ရောင်းချတာလို့ဆိုပါတယ် ။



ဒါကတော့ကြောင်ကလေးတွေကို Bonsai လုပ်ဖို့လိုအပ်တဲ့အရာတွေပါ ။ အသေးစိတ်ကိုတော့ စိတ်ဆင်းရဲလွန်းလို့ ချမရေးချင်ပါဘူး ဆေးထိုးတဲ့အဆင့်ဆင့်တွေအများကြီး ဖန်အိမ်ထဲနေနိုင်အောင်လေ့ကျင့်ပေးတဲ့အဆင့်တွေအများကြီးပါပဲ  ။ ကုသိုလ်ကံမကောင်းလို့သတ္တ၀ါ လာဖြစ်ရတဲ့ကြားထဲ ဒီလို လူတွေတွေကြောင့် ဘယ်လောက်များ ဒုက္ခခံစားရမှာပါလိမ့် ။



၁ ။ ပထမဆုံးအဆင့်အနေနဲ့ ကြောင်ကလေးကို အစာအငတ်ခံထားပြီး ၁၂ နာရီကြာတဲ့အခါ Ketamine , Valium 2mg ဆေးထိုးလိုက်ပါတယ် ။ ထည့်သွင်းမယ့် ဖန်ပုလင်းကို အစာစားဖို့အပေါက်ရင် ကျင်ကြီးကျင်ငယ်စွန့်ဖို့အပေါက်ရယ် ဖောက်ထားပါတယ် ။



၂ ။ ကြောင်ကိုပုလင်းထဲသွတ်သွင်းပြီးတဲ့အခါမှာတော့ အစာစားတဲ့ပိုက်ကိုမထည့်ရသေးပါဘူး အသက်ရှုဖို့ကတော့ တစ်လက်မရဲ့လေးပုံတစ်ပုံလောက်ပဲရှိတဲ့အပေါက်ကလေးကနေရှုရပါတယ် ။



၃ ။ အဲဒီနောက်မှာ ကျင်ကြီးကျင်ငယ်စွန့်ချင်ရင် အပေါက်ထဲကနေ စွန့်ရပြီး တော်တော်လေးကို ဒုက္ခဝေဒနာခံစားနေရတဲ့အဖြစ်ကို ခံစားလို့ရနိုင်မှာပါ ။ အဲဒီလိုပြုလုပ်တဲ့ လူတွေကိုလည်း ပုလင်းကြီးထဲ သွတ်သွင်းချင်စိတ်တွေဖြစ်လာမိတာတော့အမှန်ပဲ တော်တော်လေးကို ကိုယ်ချင်းစာစိတ်မရှိတဲ့ လုပ်ရပ်ပါ ။

ဒီတော့ ကျွန်တော့်အနေနဲ့ပြောချင်တာကတော့

ပထမသတင်းသည် သတင်းမှန်ဖြစ်ပြီး ဒီလို ကီးချိန်းပြုလုပ်သူတွေကို ထိထိရောက်ရောက်အရေးယူနိုင်ပါစေ ။ တရုတ်အစိုးရအနေနဲ့လည်းတင်းတင်းကြပ်ကြပ်တားမြစ်နိုင်ပါစေ ။

ဒုတိယသတင်းသည် သတင်းမှားဖြစ်ပါစေ တကယ်ပဲ MIT ကျောင်းသားတွေလက်ဆော့ထားတဲ့ အတုအယောင် ဆိုက်တစ်ခုဖြစ်ပါစေး။ တကယ်သာအစစ်ဆိုရင်တော့ တော်တော်ရက်စက်ယုတ်မာတဲ့လုပ်ရပ်ပါပဲ ။

သက်တန့်ချို
28 April 2014













စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Friday, April 25, 2014

“ ကိုးကွယ်ရာကို စော်ကားကြပြန်ပြီ ”

“ ကိုးကွယ်ရာကို စော်ကားကြပြန်ပြီ ”

ပထမတော့ဒီသတင်းကို တွေ့တွေ့ချင်းဖတ်ယုံပဲဖတ်မိတယ် နောက်မှ ပုံကို download ချပြီး Google Image Search မှာရှာကြည့်တော့ တကယ်စစ်မှန်ကြောင်း link တွေတွေ့ရပါတယ်

ဖြစ်စဉ်ကတော့ ဥရောပနဲ့ ရန်ကုန်နဲ့တိုက်ရိုက်ပြေးဆွဲမယ့် Condor လေကြောင်း ဖွင့်ပွဲကိုလုပ်ခဲ့တယ်လို့သိရပါတယ် ။ အဲဒီဖွင့်ပွဲမှာ Condor လေကြောင်းမှ တာဝန်ရှိသူတွေအပါအ၀င် မြန်မာပြည်က ဂျာမနီနိုင်ငံရောက်မြန်မာသံအမတ် ဦးစိုးနွယ်လည်းပါဝင်တယ်လို့သိရတယ် ။

ဖွင့်ပွဲမှာ မြန်မာနိုင်ငံရဲ့ land mark လို့တင်စားလို့ရတဲ့ မြန်မာတို့အထွဋ်အမြတ်ထားရာ ရွှေတိဂုံစေတီတော် ကို ပုံစံတူ ကိတ်မုန့်ပြုလုပ်ပြီး လှီးခွဲကာ အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ဆိုတယ် ။

=========================

ဒီနေရာမှာ ပြောချင်တဲ့အချက်တွေ ရှိပါတယ် တကယ်တော့ ဘာသာတရားတစ်ခုရဲ့ အထွဋ်အမြတ်ထားရာ သာသနိကအဆောက်အအုံဆိုတာ ဖွင့်ပွဲလုပ်ဖို့ ဖြစ်စေ entertainment တစ်ခုဖြစ်စေ ကိတ်မုန့်တစ်ခုဖြစ်စေ အသုံးချခံရဖို့မဟုတ်ပါဘူး ။ လုပ်လည်းမလုပ်ကောင်းဘူးဆိုတာ Condor မှ တာဝန်ရှိသူများက မသိဘူးဆိုစေဦးတော့ မြန်မာသံအမတ်ကြီး ဥိးစိုးနွယ်ကတော့သိသင့်တယ်ထင်ပါတယ် ။

တော်တော်လေး ရှက်ဖွယ်ကိစ္စဖြစ်တာမို့ သမိုင်းဝင် ရွှေတိဂုံစေတီတော် ကို စော်ကားလိုက်ခြင်းနဲ့အတူတူပါပဲ ။ မြန်မာပြည်ရဲ့ အင်လေးကန် ဒါမှမဟုတ် ရှမ်းတောင်တန်း ဒါမှမဟုတ် ဦးပိန်တံတား နောက်ပြီး ဇီးကွက်ရုပ်ဗျာ ကြိုက်တာကို ကိတ်မုန့်လုပ်လို့ရရဲ့သားနဲ့ ဘာလို့များ ရွှေတိဂုံစေတီကိုမှပုံတူယူရတာလဲ စိတ်ထဲကို တကယ် မကောင်းဖြစ်မိသွားတယ် ။

ဘယ်သူ့မှာ တာဝန်ရှိသလဲဆိုတော့ “ ရွှေတိဂုံစေတီပုံတူကိတ်မုန့်တော့မလုပ်ကောင်းပါဘူးဗျာ တခြားဟာပြောင်းလုပ်ပါလို့ ” အကြံမပေးခဲ့တဲ့ သံအမတ်ကြီးပဲ အပစ်တင်ရမယ်ထင်ပါတယ် ။ ကျွန်တော်တို့ စာဖတ်သူ စာရေးသူတွေအနေနဲ့ဘာမှ ထိရောက်အောင် မလုပ်နိုင်ဘူးဆိုပေမယ့်

အခုလို သာသနိကအဆောက်အအုံကို အသုံးချခံပစ္စည်းတစ်ခုအဖြစ်အသုံးပြုတာကိုတော့ ငရဲကခွင့်လွှတ်မယ်မထင်ပါနဲ့ ။

1 . http://www.anna.aero/2012/11/13/condor-becomes-first-airline-to-fly-to-burma-from-europe/
2 . http://www.anna.aero/2013/05/30/myanmar-international-capacity-up-50pc/
3 . http://www.anna.aero/2012/11/13/new-airline-routes-launched-6-12-november-2012/
http://funpoper.com/november-the-airline-launched-first-non-stop.html

တခါတခါ အတွေးအခေါ် နဲ့လုပ်ရပ်တွေက ဘာသာတရားနဲ့ လူတွေကို ထိခိုက်စေတာမျိုးဖြစ်သွားစေတတ်ပါတယ်
အခုကိစ္စကို ဘာမှမဟုတ်ဘူးဆိုပြီးငြိမ်မနေသင့်ပဲ တစ်ခုခု သာသနာရေးဖက်ကိုတောင်းပန်တာဖြစ်ဖြစ် ဘယ်လိုဘယ်အကြောင်းကြောင့်ရွှေတိဂုံစေတီပုံစံတူ ကိတ်မုန့်လုပ်ပြီး ဒီလိုပွဲမှာ လှီးဖြစ်ခဲ့သလိုဆိုတာ ဖြေရှင်းသင့်တယ်လို့မြင်မိပါတယ် ။

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

လင်မယားတွေကြားမှာ

လင်မယားတွေကြားမှာ

အနေဝေးနေတဲ့အခါ

- အမြဲမက်ဆေ့ပို့နေစရာမလိုပါဘူး လင်မယားပဲဟာကို
- အမြဲ သတိရနေစရာမလိုပါဘူး တစ်သက်လုံး အတူနေရမယ့်ဟာကို
- အမြဲ လွမ်းနေဖို့မလိုပါဘူး အတူတူအမြဲရှိနေတာပဲကို
- အမြဲ ချစ်တယ် ပြောနေဖို့မလိုပါဘူး ဒါတွေက ရည်းစားတွေပဲလုပ်တဲ့ဟာကို

အတူရှိနေတဲ့အခါ

- ထွေးပွေ့ထားဖို့မလိုပါဘူး လင်မယားဖြစ်နေပြီပဲကို
- အနားကပ်နေစရာမလိုပါဘူး တစ်သက်လုံးရှိနေရမှာပဲကို
- တွတ်တီးတွတ်တာ ပြောနေဖို့မလိုပါဘူး စကားများများပြောရင်ရန်ဖြစ်မှာပဲကို
- ဂရုတစိုက်နဲ့အလျော့ပေးဖို့မလိုအပ်ပါဘူး အမြဲ ခေါင်းငုံ့နေရဦးမယ်

“ အဲဒီလိုအတွေးတွေရှိတဲ့ လင်မယား တွေဟာ အချိန်ကြာလာတာနဲ့အမျှ အဝေးဆုံး သူစိမ်းတွေဖြစ်သွားတတ်ကြတယ် ”

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Thursday, April 24, 2014

မိန်းမအင်္ဂါထဲသေနတ်ဖွက်လို့အဖမ်းခံရတဲ့ ဆယ်ကျော်သက်မိန်းကလေး

မိန်းမအင်္ဂါထဲသေနတ်ဖွက်လို့အဖမ်းခံရတဲ့ ဆယ်ကျော်သက်မိန်းကလေး

April 23 , 2014 :  Dallas Archer ဆိုသူမိန်းကလေးဟာ သူမရဲ့ မိန်းမအဂါင်္ (vagina ) ထဲမှာ North American Arms 22 LR Revolver အမျိုးအစားသေနတ်တစ်လက်ထည့်ဖွက်ယူဆောင်ခဲ့လို့အဖမ်းခံခဲ့ရပါတယ် ။ ပထမဆုံးအဖမ်းခံရတာကတော့ တားမြစ်ထားတဲ့ကားလိုင်စင်နဲ့ကားမောင်းမှုအတွက်အဖမ်းခံရတာဖြစ်ပြီး အခုတော့ Kingsport Police Department မှ အရာရှိတွေက သူမ ကိုယ်ထဲမှာ တစ်စုံတစ်ခုတွေ့ခဲ့ရလို့ ခေါင်းစဉ်ပြောင်းသွားခဲ့ပါပြီ ။

တားဆီးလိုင်စင်နဲ့ကားမောင်းမှုနဲ့အဖမ်းခံရပြီးနောက်မှာ Dallas Archer ကို အမျိုးသမီး အရာရှိတစ်ယောက်က ခန္ဓာကိုယ်ကို စေ့စေ့စပ်စပ်သေသေချာချာရှာတဲ့အခါ “ သူမ မိန်းမအင်္ဂါထဲမှာ အမည်မသိအရာတစ်ခုတွေ့ရှိကြောင်း ” Kingsport Times-News ကို အစီရင်ခံခဲ့တယ် ။ ဒီတော့ သေသေချာချာ ရှာတဲ့အခါမှာတော့ အသက် ၁၉ နှစ်အရွယ် မိန်းကလေးဟာ ကျည်ဖြည့်ထားတဲ့ သေနတ်တစ်လက်ကို မိန်းမအဂါင်္ထဲထည့်ဖွက်ယူဆောင်ကြောင်း တွေ့ရှိခဲ့ရပါတယ် ။ အစီရင်ခံစာတွေအရတော့ “ Dollas ရဲ့ မိန်းမကိုယ်ထဲမှာ North American Arms 22 LR Revolver အမျိုးအစားသေနတ်တစ်လက်ထည့်ဖွက်ယူဆောင်ထားကြောင်း ” လို့ အမျိုးသမီးအရာရှိကအစီရင်ခံခဲ့တယ် ။ ဒီသေနတ်ကို အသက် ၇၀ နှစ်အရွယ် John Souther ဆိုသူဆီမှ ၂၀၁၃ မှာ ခိုးယူခဲ့တာဖြစ်တယ်လို့သိရပါတယ် ။

============

အော် .. ဖွက်စရာရှားလို့ကွယ် မတော်ကျည်ထွက်ကုန်မှဖြင့် မျိုးပါတုံးကုန်ပါဦးမယ် ..

သက်တန့်ချို
http://www.upi.com/Odd_News/2014/04/23/Tennessee-teen-arrested-with-loaded-gun-stashed-in-her-vagina/5231398254431/?spt=sec&or=on

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

၁၂ နှစ်အရွယ်မိန်းကလေးက ၇ ပေါင် ကလေးမွေးသတဲ့

 ၁၂ နှစ်အရွယ်မိန်းကလေးက ၇ ပေါင် ကလေးမွေးသတဲ့

16th Apirl 2014 : အသက် ၁၂ နှစ်အရွယ်မိန်းကလေးနဲ့အသက် ၁၃ နှစ်အရွယ် ကောင်လေးတစ်ယောက်တို့ဟာ အခုဆို ဗြိတိန်နိုင်ငံရဲ့ အသက်အငယ်ဆုံးမိဘတွေဖြစ်လာကြပါပြီ ။ အသက် ၁၂ နှစ်အရွယ်မိန်းကလေးဟာ လွန်ခဲ့တဲညကပဲ ၇ ပေါင်ရှိတဲ့ကလေးငယ်တစ်ဦးကိုမွေးဖွားခဲ့တယ် ။ အသက် ၁၁ နှစ်အရွယ်မှာ ကောင်လေးနဲ့စတွေ့ချစ်ကြိုက်ခဲ့ပြီး ကိုယ်ဝန်ဆောင်ခဲ့တာဖြစ်ပြီးကောင်လေးကတော့ သူမအိမ်အနီးမှာနေတဲ့ကောင်လေးဖြစ်ပါတယ် ။


ဗြိတိန်နိုင်ငံက မိဘဖြစ်တည်မှု မှတ်တမ်းတွေမှာ အငယ်ဆုံး စုံတွဲဖြစ်ပြီး သူတို့ စုံတွဲအသက်ပေါင်းလိုက်ရင်တောင် သူမရဲ့မိခင်အသက်ထက်ငယ်နေသေးတာတွေ့ရပါတယ် ။ သူတို့စုံတွဲကိုသိတဲ့လူတွေကတော့ “ တကယ့်ကိုချစ်ကြတဲ့အတွဲ ပါ ” လို့မှတ်ချက်ပေးခဲ့ပြီး ချစ်ကြိုက်ပြီးတစ်နှစ်အကြာမှာ လက်ထပ်ဖို့ ခွင့်တောင်းခဲ့တာဖြစ်ပါတယ် ။ မိန်းကလေးရဲ့အမေဟာ ၂၇ နှစ်အရွယ်ဖြစ်ပြီး အခုဆို UK မှာ အသက်အငယ်ဆုံး အဖွားဖြစ်လို့နေခဲ့တယ် ။ မိန်းကလေးကတော့ကျောင်းပြန်တက်ချင်တယ်လို့ဆိုပါတယ် နှစ်ဖက်စလုံးရဲ့မိဘတွေကလည်းသူတို့ကိုထောက်ပံ့မှုတွေအပြည့်ပေးထားခဲ့ပြီး ဖြစ်နိုင်သမျှ နည်းလမ်းတွေနဲ့ အားပေးခဲ့တယ် ။ ကလေးငယ်လေးရဲ့ဓါတ်ပုံကိုလည်း အွန်လိုင်းပေါ်တင်ခဲ့ပြီး သူတို့ဘယ်လောက်ဂုဏ်ယူရကြောင်းဖော်ပြခဲ့ပါတယ် ။

စုံတွဲကတော့ သူတို့တစ်သက်လုံးမခွဲမခွာအတူနေသွားကြမှာဖြစ်ပြီး သူတို့သမီးငယ်လေးကို အတူတကွ မိသားစုဘ၀တည်ဆောက်မှာဖြစ်ကြောင်းပြောခဲ့တယ် ။

====================

ကဲ ကြားလိုက်မှဖြင့်အထူးအဆန်းတွေချည်းပါပဲ နောက်ဆို ကလေးက ကလေးမွေးပြီး အားလုံးဘယ်တွေဖြစ်ကုန်ကြမယ်မသိတော့ပါဘူး ။

သက်တန့်ချို
http://www.shockingtimes.co.uk/12-year-old-girl-gives-birth-to-7lb-baby/

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................