Thursday, September 25, 2014

ကိုယ့်တန်ဖိုးကိုယ်မြှင့်တင်ပါ





မြင့်မြတ်တဲ့ အမျိုးသမီးက ခွင့်လွှတ်ခြင်းကို လက်ကိုင်ထားတယ်
အာဃာတ နဲ့ ရမ္မက်ကိုဦးစားမပေးဘူး

မြင့်မြတ်တဲ့ အမျိုးသားက ကိုယ့်တာဝန်ကိုယ်ယူတတ်တယ်
ဆန္ဒနဲ့ အတ္တကို ဦးစားမပေးဘူး

သိက္ခာရှိတဲ့အမျိုးသမီးက ကိုယ့်တန်ဖိုးကိုယ် မြှင့်တင်တယ်
သိက္ခာရှိတဲ့ အမျိုးသားက ကိုယ့် ဆန္ဒကို ကိုယ့်တန်ဖိုးနဲ့ချိုးနှိမ်တယ်

လေးစားဖွယ်ကောင်းတဲ့လူတွေက သူတစ်ပါးကိုလည်း လေးစားတတ်သလို
သူတို့အကျိုးထက် သူတစ်ပါးအကျိုးကိုဖြည့်ဆည်းရင်းပျော်နေတတ်ကြပါတယ်

သေချာပါတယ်
ကိုယ့်ကိုယ်ကို လေးစားတတ်ဖို့ ဆိုတာကိုယ့်တန်ဖိုးကိုယ်မြှင့်တင်မှဖြစ်နိုင်မယ် ။

သက်တန့်ချို
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Wednesday, September 24, 2014

ဘယ်တော့မှ လက်မလွှတ်သင့်တဲ့လူ

ဘယ်တော့မှ လက်မလွှတ်သင့်တဲ့လူ

- ဘယ်သူမှ အနားမှာမရှိတော့တဲ့အချိန်မှာတောင် ကိုယ့်အနားမှာ ရှိနေပေးတဲ့သူ

- ကိုယ်ဒုက္ခရောက်နေချိန်မှာတောင် မျက်နှာလွှဲခဲပစ်မလုပ်ပဲ ကူညီစောင့်ရှောက်ပေးတဲ့သူ

- ခွင့်မလွှတ်နိုင်တဲ့အမှား ကျူးလွန်မိတာတောင် နောက်ဆုံးအကြိမ်အဖြစ် ခွင့်လွှတ်ပေးနိုင်တဲ့သူ

- ကိုယ့်အခက်အခဲတွေကို သူဖြေရှင်းရမယ့် အခက်အခဲလို့မှတ်ယူတဲ့သူ

- ကိုယ်ဘယ်လောက်လွှတ်ချလွှတ်ချ သူ့ဖက်က လုံးဝ လက်မလွှတ်ချတဲ့သူ

သက်တန့်ချို 
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Tuesday, September 23, 2014

သူတစ်ပါးစိတ်ချမ်းသာရင် ကုသိုလ်ပိုရပါတယ်


မှတ်သားဖွယ် စကားတစ်ခွန်းကြားဖူးတယ်

" ဘယ်အရာကိုမှ မလိုချင်ရင် သင့်မှာ အရာအားလုံးပြည့်စုံနေလိမ့်မယ်
တစ်ခုခုကို လိုချင်နေပြီဆိုရင်တော့ လိုချင်နေသမျှ စိတ်ဆန္ဒနဲ့ထပ်တူ သင့်မှာ ကွက်လပ်တွေဖြစ်ပေါ်လာလိမ့်မယ် " တဲ့

တကယ်တော့ ကျွန်တော်တို့ ပိုင်ဆိုင်သမျှ အရာအားလုံးဟာ
( ရွှေ ၊ ငွေ ၊ ရာထူး ၊ ဂုဏ် တွေက အစ )
တကယ့် ပိုင်ဆိုင်မှု အစစ်တွေမဟုတ်ကြဘူး

တကယ့်ပိုင်ဆိုင်မှုအစစ်ဖြစ်တဲ့
မေတ္တာတရား ဆိုတဲ့ သူတစ်ပါးကို အေးချမ်းစေလိုတဲ့စိတ်
စေတနာတရား ဆိုတဲ့သူတစ်ပါးကို ကောင်းစားစေလိုတဲ့စိတ်
မုဒိတာတရား ဆိုတဲ့သူတစ်ပါးကောင်းစားရင်ကိုယ်ပါ ၀မ်းသာကြည်နူးတတ်တဲစိတ်

အဲ့ဒီစိတ် ၃ ခုကိုသာ တစ်နေ့ထက်တစ်နေ့ တိုးပွားအောင်ကြိုးစားကြရမှာပါ

သူတစ်ပါးစိတ်ချမ်းသာရင် ကုသိုလ်ပိုရပါတယ် ။

သက်တန့်ချို


စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Saturday, September 20, 2014

အမုန်းမီးတောက်တွေနဲ့ပူလောင်နေသလား


လောကမှာ အခက်အခဲအားလုံး နဲ့ အပူသောက
အမုန်းမီးတောက်တွေအားလုံးကို အနိုင်ယူနိုင်တဲ့
အစွမ်းအထက်ဆုံး လက်နက် သင့်ဆီမှာရှိပါတယ် ။

အဲ့ဒါကတော့ မေတ္တာတရား ပါပဲ

ခွင့်လွှတ်ပြီး မစွန့်လွှတ်နိုင်ရင် မအေးချမ်းသလို
စွန့်လွှတ်ပြီး မခွင့်လွှတ်နိုင်ရင်လည်းမအေးချမ်းပါဘူး

တကယ်အေးချမ်းချင်ရင် တပြိုင်တည်း ခွင့်လွှတ်လိုက်သလို တပြိုင်တည်းစွန့်လွှတ်ရလိမ့်မယ်

သင်မယုံဘူးဆိုရင် သိပ် ဒေါသထွက်ပြီး သိပ်မုန်းတီးနေတဲ့ လူကို ခွင့်လွှတ်ခြင်း စွန့်လွှတ်ခြင်းနဲ့အတူ
အေးချမ်းတဲ့မေတ္တာ ထားကြည့်လိုက်

ကိုယ်ပါ အလိုလို အေးချမ်းသွားတာ တွေ့လိမ့်မယ်

သက်တန့်ချို 


စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Friday, September 19, 2014

အမျိုးသမီးကင်ဆာကာကွယ်ရေးအထိမ်းအမှတ် အခမ်းအနားပြုလုပ်မည်

အမျိုးသမီးကင်ဆာကာကွယ်ရေးအထိမ်းအမှတ် အခမ်းအနားပြုလုပ်မည်

၂၀၁၄ ခုနှစ် ၊ စက်တင်ဘာ ၂၈ ရက်နေ့ မနက် ၈ နာရီကနေစပြီး၁၂ နာရီအချိန်အထိ ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်ရှိ သူနာပြုတက္ကသိုလ် တွင်ကျင်းပမည်ဖြစ်ပါသည် ။

စိတ်ပါဝင်စားသူမည်သူမဆို အခမဲ့တက်ရောက်နိုင်ပါသည် ။ တက်ရောက်လာသူများကို အထိမ်းအမှတ် တီရှပ်လက်ဆောင်ပေးအပ်မည်ဖြစ်ပြီး စိတ်ဝင်စားဖွယ်ရာ အစီအစဉ်များအဖြစ်

- ဥာဏ်စမ်းမေးခွန်းများဖြေဆိုခြင်း
- အဖြေမှန်သူများအား ဆုလက်ဆောင်များပေးအပ်ခြင်း
- Photo Gallary ကြည့်ရှုခြင်းအပြင်အမှတ်တရ ဓါတ်ပုံများရိုက်နိုင်ခြင်း
- အမျိုးသမီး ကင်ဆာနှင့်ပတ်သတ်သည့် အသိပညာပေးအစီအစဉ်များ နားထောင်ကြည့်ရှုခွင့်ရခြင်း
- လက်ဆောင်ပစ္စည်းများ ရရှိခြင်း တို့စသည်တို့ပါဝင်ပါသည် ။

ဆက်သွယ်စုံစမ်းစာရင်းပေးရန် - မအိအိခိုင် ( ၀၉၄၃၁၅၈၂၀၈ ) ကိုကျော်သက်နောင် ( ၀၉၂၅၆၁၄၄၈၄၃ ) 

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................