Thursday, September 25, 2014

ကိုယ့်တန်ဖိုးကိုယ်မြှင့်တင်ပါ





မြင့်မြတ်တဲ့ အမျိုးသမီးက ခွင့်လွှတ်ခြင်းကို လက်ကိုင်ထားတယ်
အာဃာတ နဲ့ ရမ္မက်ကိုဦးစားမပေးဘူး

မြင့်မြတ်တဲ့ အမျိုးသားက ကိုယ့်တာဝန်ကိုယ်ယူတတ်တယ်
ဆန္ဒနဲ့ အတ္တကို ဦးစားမပေးဘူး

သိက္ခာရှိတဲ့အမျိုးသမီးက ကိုယ့်တန်ဖိုးကိုယ် မြှင့်တင်တယ်
သိက္ခာရှိတဲ့ အမျိုးသားက ကိုယ့် ဆန္ဒကို ကိုယ့်တန်ဖိုးနဲ့ချိုးနှိမ်တယ်

လေးစားဖွယ်ကောင်းတဲ့လူတွေက သူတစ်ပါးကိုလည်း လေးစားတတ်သလို
သူတို့အကျိုးထက် သူတစ်ပါးအကျိုးကိုဖြည့်ဆည်းရင်းပျော်နေတတ်ကြပါတယ်

သေချာပါတယ်
ကိုယ့်ကိုယ်ကို လေးစားတတ်ဖို့ ဆိုတာကိုယ့်တန်ဖိုးကိုယ်မြှင့်တင်မှဖြစ်နိုင်မယ် ။

သက်တန့်ချို
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

2 comments:

  1. မြင့်မြတ်တဲ့ အမျိုးသမီးက ခွင့်လွှတ်ခြင်းကို လက်ကိုင်ထားတယ်
    အာဃာတ နဲ့ ရမ္မက်ကိုဦးစားမပေးဘူး
    မြင့်မြတ်တဲ့ အမျိုးသားက ကိုယ့်တာဝန်ကိုယ်ယူတတ်တယ်
    ဆန္ဒ နဲ့ အတ္တ ကို ဦးစားမပေးဘူး
    .....မှန်ပါတယ်...% ပြည့် လက်ခံတယ်။
    အချို့ .အချို့  သောယောင်္ကျား/ အမျိုး သမီးတွေက..( မြင့်မြတ်ခြင်း) ဆိုတာတောင်မသိကြပါဘူး....အဲဒီသူတွေနဲ့..ခပ်ဝေးဝေးဘဲနေလိုက်တယ်..။

    ReplyDelete