လူကြီးတွေထက်စာရင် ကလေးတွေ အထူးသဖြင့် ဖြူစင်နုနယ်တဲ့ကလေးတွေမှာ
ဖြစ်ပျက်ခဲ့တဲ့အကြောင်းကိုအခြေခံပြီး Action တွေပြုမူတတ်ကြပါတယ် ။
ဥပမာ လူကြီးတစ်ယောက်က ကလေးတစ်ယောက်ကို ကွယ်ရာမှာ ခေါင်းကို နာအောင်ခေါက်လိုက်တယ်ဆိုပါတော့
အဲ့ဒီကလေးက နောက်တစ်ကြိမ် အဲ့လူကြီးနားမကပ်တော့သလို စကားမပြောတတ်သေးရင်တောင် သူ့ခေါင်းကို ပုတ်ပုတ်ပြပြီး လူကြီးကို လက်ညှိုးထိုးပြလေ့ရှိတယ်
သူ့ကို ခေါင်းခေါက်တာ ဒီလူကြီးဆိုတဲ့သဘော ။
ဒီနေ့ Victoria သမီးလေး သိပ်တော်ပါတယ် အဖြေက ရှင်းရှင်းလင်းလင်းကို ဘယ်သူဘယ်ဝါဆိုတာ ပေါ်ထွက်လာပြီမို့ ရှေ့ဆက်ပြီး တရားရေးရာဥပဒေအရ ဘယ်လို ဆုံးဖြတ်ချက်တွေပေးပြီး ဘယ်လိုဆောင်ရွက်မလဲဆိုတာ အမြဲစောင့်ကြည့်နေပါတယ် ။
အခု အချိန်မှာ အပြောချင်ဆုံးအရေးချင်ဆုံးက
" အမှန်တရားကို ဝိုင်းဝန်းဖုံးကွယ်ထားခဲ့သူအားလုံး ပါဝင်ပတ်သတ် ဖုံးဖိခဲ့သူအားလုံး တန်ပြန်သော အကျိုးသက်ရောက်ပါစေ "
အမှန်တရားဖက်က ရပ်တည်ပေးတဲ့ သူအားလုံး ကိုယ်ရောစိတ်ရော ကူညီဆောင်ရွက်ပေးနေသူအားလုံးကို အမှန်တကယ်ပဲ Congrats လုပ်ပါတယ်
----------------------------------------------
ကိုကိုအငယ်နဲ့ ကိုကိုအကြီးရေ
လူ့လောကကြီးက ထင်သလို လုပ်လို့မရဘူး မကောင်းမှုဟူသည် ဆိတ်ကွယ်ရာမရှိပဲ အမှန်တရားဆိုတာ တစ်နည်းနည်းနဲ့ ပေါ်ထွက်လာလေ့ရှိတယ်ဆိုတာ မင်းတို့သိကြပါစေကွာ ။
သက်တန့်ချို
11-Sept-2019
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
Wednesday, September 11, 2019
Friday, September 6, 2019
ဘ၀မှာ ...
ဘ၀မှာ တန်ဖိုးအရှိဆုံးက
ဘယ်လောက်အောင်မြင်ခဲ့ပြီးပြီလဲမဟုတ်ဘူး
ဖြတ်သန်းရတဲ့နေ့ရက်တိုင်း ဘယ်လို အဓိပ္ပါယ်ရှိခဲ့သလဲဆိုတာပါပဲ
ဘ၀မှာ အပျော်ရွှင်ရဆုံးက
ဘယ်လောက် ငွေစုထားပြီးပြီလဲမဟုတ်ဘူး
ကိုယ်ချစ်ရတဲ့သူတွေအတွက် ဘယ်လောက်ပေးဆပ်ပြီးပြီလဲဆိုတာပါပဲ
ဘ၀မှာ ဂုဏ်အယူရဆုံးက
ဘယ်လောက် အနိုင်ရခဲ့ပြီးပြီလဲမဟုတ်ဘူး
ရန်သူ ဘယ်နှစ်ယောက်ကို ခွင့်လွှတ်ပေးပြီးပြီလဲဆိုတာပါပဲ ။
သက်တန့်ချို
6-Sept-2019
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
ဘယ်လောက်အောင်မြင်ခဲ့ပြီးပြီလဲမဟုတ်ဘူး
ဖြတ်သန်းရတဲ့နေ့ရက်တိုင်း ဘယ်လို အဓိပ္ပါယ်ရှိခဲ့သလဲဆိုတာပါပဲ
ဘ၀မှာ အပျော်ရွှင်ရဆုံးက
ဘယ်လောက် ငွေစုထားပြီးပြီလဲမဟုတ်ဘူး
ကိုယ်ချစ်ရတဲ့သူတွေအတွက် ဘယ်လောက်ပေးဆပ်ပြီးပြီလဲဆိုတာပါပဲ
ဘ၀မှာ ဂုဏ်အယူရဆုံးက
ဘယ်လောက် အနိုင်ရခဲ့ပြီးပြီလဲမဟုတ်ဘူး
ရန်သူ ဘယ်နှစ်ယောက်ကို ခွင့်လွှတ်ပေးပြီးပြီလဲဆိုတာပါပဲ ။
သက်တန့်ချို
6-Sept-2019
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
Thursday, September 5, 2019
မျှော်လင့်မနေပါနဲ့
ကိုယ့်ဘာသာကြိုးစားပါ
ဘယ်သူမှ ကူညီပေးဖို့မျှော်လင့်မနေပါနဲ့
ကိုယ့်ဘာသာပြန်ထပါ
ဘယ်သူမှ လာထူပေးဖို့မျှော်လင့်မနေပါနဲ့
ကိုယ့်ဘာသာအားတင်းပါ
ဘယ်သူမှ အားပေးဖို့မျှော်လင့်မနေပါနဲ့
ကိုယ့်ဘာသာရအောင်ကျော်ဖြတ်ပါ
ဘယ်သူမှ စာနာနားလည်ပေးဖို့မျှော်လင့်မနေပါနဲ့
လောကကြီးက တစ်ခါတစ်ခါ " သားရဲတွင်း " နဲ့တူတယ်
တစ်ယောက်ယောက်ကို မျှော်လင့်မိတာနဲ့
အလိုလို ...အားနည်းလာမှာ သေချာတယ် ။
သက်တန့်ချို
5-Sept-2019
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
ဘယ်သူမှ ကူညီပေးဖို့မျှော်လင့်မနေပါနဲ့
ကိုယ့်ဘာသာပြန်ထပါ
ဘယ်သူမှ လာထူပေးဖို့မျှော်လင့်မနေပါနဲ့
ကိုယ့်ဘာသာအားတင်းပါ
ဘယ်သူမှ အားပေးဖို့မျှော်လင့်မနေပါနဲ့
ကိုယ့်ဘာသာရအောင်ကျော်ဖြတ်ပါ
ဘယ်သူမှ စာနာနားလည်ပေးဖို့မျှော်လင့်မနေပါနဲ့
လောကကြီးက တစ်ခါတစ်ခါ " သားရဲတွင်း " နဲ့တူတယ်
တစ်ယောက်ယောက်ကို မျှော်လင့်မိတာနဲ့
အလိုလို ...အားနည်းလာမှာ သေချာတယ် ။
သက်တန့်ချို
5-Sept-2019
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
Wednesday, September 4, 2019
အခွင့်အရေး
တစ်ခါတစ်လေ နိုင်သွားတယ်ဆိုပြီး ပျော်နေမပါနဲ့
သင့်ကို တမင် အရှုံးပေးခဲ့တာလည်းဖြစ်နိုင်တယ်
တစ်ခါတစ်လေ ပိုင်သွားတယ်ဆိုပြီး ဂုဏ်ယူမနေပါနဲ့
သင့်ကို မလိုချင်လို့ စွန့်ပစ်ခဲ့တာလည်းဖြစ်နိုင်တယ်
တစ်ခါတစ်လေ သာသွားတယ်ဆိုပြီး မာန်တက်မနေပါနဲ့
သင့်ကို ယှဉ်စရာမဟုတ်လို့ နောက်ဆုတ်သွားတာလည်းဖြစ်နိုင်တယ်
တစ်ခါတစ်လေ ရှုံး သွားတယ်ဆိုပြီး ၀မ်းနည်းမနေပါနဲ့
သင့်ကို နောက်တစ်ကြိမ်ပြန်စဖို့ အခွင့်အရေးပေးခဲ့တာလည်းဖြစ်နိုင်တယ် ။
သက်တန့်ချို
4-Sept-2019
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
သင့်ကို တမင် အရှုံးပေးခဲ့တာလည်းဖြစ်နိုင်တယ်
တစ်ခါတစ်လေ ပိုင်သွားတယ်ဆိုပြီး ဂုဏ်ယူမနေပါနဲ့
သင့်ကို မလိုချင်လို့ စွန့်ပစ်ခဲ့တာလည်းဖြစ်နိုင်တယ်
တစ်ခါတစ်လေ သာသွားတယ်ဆိုပြီး မာန်တက်မနေပါနဲ့
သင့်ကို ယှဉ်စရာမဟုတ်လို့ နောက်ဆုတ်သွားတာလည်းဖြစ်နိုင်တယ်
တစ်ခါတစ်လေ ရှုံး သွားတယ်ဆိုပြီး ၀မ်းနည်းမနေပါနဲ့
သင့်ကို နောက်တစ်ကြိမ်ပြန်စဖို့ အခွင့်အရေးပေးခဲ့တာလည်းဖြစ်နိုင်တယ် ။
သက်တန့်ချို
4-Sept-2019
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
Tuesday, September 3, 2019
အဖိုးတန်တဲ့အရာ
" ပုလဲဆိုတာ .. ဘယ်တော့မှ ပင်လယ်ကမ်းစပ်မှာ အလိုအလျောက်သောင်တင်မနေတတ်ဘူး
မင်း ..လိုချင်တယ်ဆိုရင်တော့ ရေထဲ ငုပ်မှ ရမယ် " တဲ့
ဘ၀မှာ .. သင့်အတွက် အဖိုးတန်တဲ့အရာတွေက
အလွယ်တကူရှိနေလိမ့်မှာ မဟုတ်ဘူး
ဘ၀မှာ .. သင်လိုချင်ဖြစ်ချင်တဲ့ ဆန္ဒတွေက
အလွယ်တကူဖြစ်လာလိမ့်မှာ မဟုတ်ဘူး
ဘယ်လောက်ခက်ခဲခက်ခဲ ..
အဖိုးတန်တဲ့အရာတစ်ခုခုကို သင်လိုချင်တယ်ဆိုရင်တော့
ဒုက္ခနဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရမှာ သေချာပါတယ် ။
သက်တန့်ချို
3-Sept-2019
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
မင်း ..လိုချင်တယ်ဆိုရင်တော့ ရေထဲ ငုပ်မှ ရမယ် " တဲ့
ဘ၀မှာ .. သင့်အတွက် အဖိုးတန်တဲ့အရာတွေက
အလွယ်တကူရှိနေလိမ့်မှာ မဟုတ်ဘူး
ဘ၀မှာ .. သင်လိုချင်ဖြစ်ချင်တဲ့ ဆန္ဒတွေက
အလွယ်တကူဖြစ်လာလိမ့်မှာ မဟုတ်ဘူး
ဘယ်လောက်ခက်ခဲခက်ခဲ ..
အဖိုးတန်တဲ့အရာတစ်ခုခုကို သင်လိုချင်တယ်ဆိုရင်တော့
ဒုက္ခနဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရမှာ သေချာပါတယ် ။
သက်တန့်ချို
3-Sept-2019
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
Subscribe to:
Posts (Atom)