Wednesday, September 4, 2019

အခွင့်အရေး

 တစ်ခါတစ်လေ နိုင်သွားတယ်ဆိုပြီး ပျော်နေမပါနဲ့
သင့်ကို တမင် အရှုံးပေးခဲ့တာလည်းဖြစ်နိုင်တယ်

တစ်ခါတစ်လေ ပိုင်သွားတယ်ဆိုပြီး ဂုဏ်ယူမနေပါနဲ့
သင့်ကို မလိုချင်လို့ စွန့်ပစ်ခဲ့တာလည်းဖြစ်နိုင်တယ်

တစ်ခါတစ်လေ သာသွားတယ်ဆိုပြီး မာန်တက်မနေပါနဲ့
သင့်ကို ယှဉ်စရာမဟုတ်လို့ နောက်ဆုတ်သွားတာလည်းဖြစ်နိုင်တယ်

တစ်ခါတစ်လေ ရှုံး သွားတယ်ဆိုပြီး ၀မ်းနည်းမနေပါနဲ့
သင့်ကို နောက်တစ်ကြိမ်ပြန်စဖို့ အခွင့်အရေးပေးခဲ့တာလည်းဖြစ်နိုင်တယ် ။

သက်တန့်ချို
4-Sept-2019

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

No comments:

Post a Comment