Wednesday, December 29, 2010

အာခေါင်နီနှင့်တစ်ညတာ

အာခေါင်နီနှင့်တစ်ညတာ

သူကြီးတစ်ယောက် မန္တလေးကိုရောက်နေခဲ့ပါပြီ ။ ခရီးသွားတဲ့အတွေ့အကြုံလေးတွေရေးနေကြဆိုတော့ ဒီတခါ လည်း ရန်ကုန် ၊ မန္တလေး ရွှေစင်စင်္ကြာ အဝေးပြေးကားပေါ်မှာ ကြုံတွေ့ရတဲ့ အကြောင်းအရာလေးကို ရေးပြပါဦး မယ် ။ ကားက ၇ နာရီမှ ထွက်တာဆိုတော့ ၆ ခွဲအရောက် ကားဂိတ်ကို ရောက်ခဲ့ပါတယ် ။ လိုက်ပို့တဲ့ လူတွေနဲ့ဆိုတော့ အများကြီးပေါ့ ။ ဒါနဲ့ ခြောက်နာရီခွဲကျော်ကျော် ကားပေါ်လည်းတက်ရော ခုံနံပါတ်က ၂၈ ခင်ဗျ ။ အဲဒီအချိန်တော့ထင်လိုက်သား ဟင် ငါ့ဂဏန်းက ဘူဂဏန်းလို့ ။ (ထားလိုက်ပါလေ ဖဲသမား ဥာဉ်လေးတွေ ပါပါ လာတယ် ဆေးကျောင်းသားဘ၀က အကျင့်တွေဖျောက်ဦးမှ ) ။ ဘေးမှာ ကျတဲ့လူကို ကြည့်လိုက်တော့ လား လား...ကျနော်ကြိုက်တဲ့ ရော့ခ်ကာကြီး အာဇာနည်ခင်ဗျ ။ ဆံပင်ကို အရှည်ကြီးနဲ့ တကယ့်ကိုရော့ခ်ကာစတိုင်ပဲ ။ ဒါပေ မယ့်ကျနော့်အံ့သြမှုကတာရှည်မခံဘူးခင်ဗျ ။ သေချာကြည့်လိုက်တော့မှ အာဇာနည်စတိုင်နဲ့ လူတစ် ယောက်ဖြစ်နေပါကလား ။ စတိုင်ကတော့ ဒင်းကြမ်းကိုတူတာခင်ဗျ ။ ဒါနဲ့ကျနော်လည်းစိတ်ထဲ ကြိတ်ပြီး နာ မည်ပေး လိုက်တယ် ။ အာခေါင်နီလို့ ။

၇ နာရီအတိကျတော့ ကားကစထွက်ပါပြီခင်ဗျ ။ အဲဒီအချိန်မှာ အာခေါင်နီက ဂျင်းဘောင်းဘီအိတ်ထဲက ဖုန်းကိုထုတ်ပြီးစဆက်ပါလေရော ။

" ဟလို...မလား...ဟလို...မ ...မ ကြားလား ဟလို..အော် မရယ် ...မောင်ဖြင့်လွမ်းလိုက်တာ "

(ထိုအချိန်တွင်တစ်ဖက်က ဘာပြောနေမှန်းမသိပါ )

" ဘာ..မ... မကွာ မ မောင့်ကို မယုံဘူးလား ယောင်္ကျားလေးပါကွာ ဘေးမှာ မ ရာ ခက်လိုက်တာ ခဏ "

" ဟို အကို ကျနော့်ဖုန်းလေးတစ်ချက်ပြောပေးပါဗျာ "

" ခင်ဗျာ "

" ဟို ဘေးနာက ယောင်္ကျားလေးဆိုတာ မယုံလို့တဲ့ "

" အော်..ဟုတ်..ဟုတ်ကဲ့ "

ဒါနဲ့ကျွန်တော်လည်းသူ့လက်ထဲကဖုန်းကိုယူလိုက်ပြီး

" ဟလို "

" အော်..အကို ကျေးဇူးပါနော် ကျွန်မက ဘေးနားက မိန်းကလေးဖြစ်မှာစိုးလို့ "

( တိန်...စိတ်ထဲက မြည်တဲ့အသံပါ )

" ဟုတ် ကျားစစ်စစ်ကြီးပါခင်ဗျ "

ကျွန်တော်လည်းပြောပြီးပြီးချင်းဖုန်းပြန်ပေးလိုက်တယ် ။ မဟုတ်ရင် အာခေါင်နီရဲ့ မနဲ့ ကျားမ အရှုပ်တော်ပုံက တော် တော်နဲ့ပြီးမယ်မထင်ဘူး ။ ဒါနဲ့ ဆယ်မိနစ်လောက် ကားပေါ်မှာစကားပြောပြီးတော့ သူဖုန်းပိတ်လိုက်တယ် ။ မကြာဘူး ခင်ဗျ ထောက်ကြဲံ့လောက်လည်းရောက်ရော

" ဟလို မ ...မ ဘာလုပ်နေလဲ ဟလို.... မောင့်အသံကြားရလား မ..နော်လူကြားထဲမထွက်နဲ့ မ..အ ခု ဘယ်မှာ လဲ...မ ..မ "

ဘုရား..ဘုရားငါတော့ ဒီတစ်ညတော့ သေပြီထင်တယ် ။ ဒီ မနဲ့ အာခေါင်နီရဲ့ကြားမှာ သေပြီထင်တယ် ။ နောက်မှ တွေးမိတယ် ။ေ အာ် အဝေးပြေးလမ်း သစ်ကြီးရောက်ရင်တော့ ဖုန်းမမိလောက်တော့ပါဘူး ။ ဒါဆို အိပ်လို့ရ လောက်ပြီထင်ရဲ့ ။ ဒါပေမယ့် ကျွန်တော့်အထင်မှားသွားတယ်ဗျာ ။ ဘယ်ကလာ သူ့ဖုန်းကလည်း ဂြိုလ်တု ဖုန်းလားမသိပါဘူး ။ GSM ရော CDMA ရော မမိတဲ့ အဝေးပြေးလမ်းမအလယ်ကြီးမှာ တ မ မနဲ့ နာရီ ၀က်တစ်ကြိမ်လောက်ဆက်နေပြန်ရော ။

ထားပါတော့ ။ ဒါနဲ့ Pioneer ( ၁၁၅ မိုင်ယာဉ်ရပ်နားစခန်း) ရောက်ပါလေရော ။ အာခေါင်နီခမျာ ။ သူများ တွေထမင်းစားနေတဲ့အချိန်သူ့မှာ တမ မ နဲ့ ဖုန်းဆက်နေရတုန်းဗျာ ။ ကျွန်တော်အတော်သနားသွားတယ် ။ ဧကာန သူ့ကို သူ့ရဲ့ မက နာရီဝက်တစ်ကြိမ် Report တင်ရမယ်များမှာထားသလားမသိပါဘူး ။ ဒါနဲ့ နာရီ ၀က်ပြည့်တော့ ပြန်ထွက်ပါလေရော ။ ပြီးတော့ နေပြည်တော် ရောက်ခါနီးမှေးကနဲ တစ်ချက်ငိုက်သွားမိတယ် ။ အဲဒီအချိန်မှာပဲ

" မ...မ ဟလို...မ ကျွန်တော်နေပြည်တော်ရောက်နေပြီဗျ ...ဘာ...ကားဆရာနဲ့အဆင်မပြေဘူးဟုတ်လား မ... မတို့ ဇက်ကူးနေပြီလား အိုကေအိုကေ ဒါဆို မောင် မနက်တက်လာခဲ့မယ် နော် မောင်မောင်းမယ် မ..မ .."

အဲဒီအသံကြောင့်ပဲ ကျွန်တော့်မှာ ပြန်နိုးလာရလာပါရော ။ အင်းဒီအတိုင်းဆို ငါတော့ တရေးမှ အိပ်ရမယ်မ ထင်ပါလား ။ ဒါနဲ့ နေပြည်တော်ကနေပြန်ထွက်တော့လည်း ကားက လုံးဝအမှောင်ချထားပြီး ။ တကြီ ကြီ နဲ့သူ့မှာ မက်ဆေ့တွေ ပို့နေတုန်း ။ တကားလုံးလည်းအိပ်ကုန်ကြပြီဆိုတော့ ဖုန်းဆက် တဲ့အကြိမ် အရေအ တွက်တော့လျော့သွားတယ် ။ တဖြည်းဖြည်းလေးအေးလာတော့ ကျနော်လည်း ပြန်ငိုက် လာပြန်တယ် ။ အံမယ် သတိရလာလို့ကြည့်လိုက်တော့ အာခေါင်နီကကျွန်တော့်ပခုံးကို မှီလို့ဗျာ ။ အပီကိုယူနေလိုက်တာများ ။ ကျွန်တော့်မှာ ကြာတော့လက်အံပါသေလာတယ် တောင့်တောင့်ကြီးနေရတော့ ။ ကျွန်တော် လှုပ်လိုက် လို့နိုးသွားရင်လည်းအားနာစရာကြီးဆိုတော့ ။ အင်း ဒါနဲ့ ဖုန်းကဗျာ ကံကောင်းချင်တော့ ၀င်လာပါရော ။ သူလည်းလန့်ဖြန့်ပြီး

" ဟလို...မ..မ မောင်ကွာ ဖုန်းပြတ်ပြီးတော့ပြန်ခေါ်သေးတယ် ..မ..မ. ဘယ်သူနဲ့စကားပြောနေသေးလဲ ..မ မှန်မှန် ပြောနော် မ..."

ကျွန်တော်လည်း အတော်ကြီးညစ်သွားမိတယ် ။ ထားလိုက်ပါလေ ။ ဟော်တယ်ကျတော့မှ နှပ်တော့မယ်ပေါ့ ။ ဒါနဲ့ ဆက်ပြောဦးမယ် ။

မနက် သုံးနာရီခွဲလောက်ကျတော့ မန္တလေးရောက်ခါနီးမှာ ထပ်ပြီး နားပါသေးတယ် ။ အဲဒီတချိန်လုံး လည်းဖုန်း ပြောကောင်းတုန်း ။ ပြီးတော့ ခရီးဆက်လာပြန်ရောဆိုပါတော့ ။ ထုံးစံအတိုင်းအာခေါင်နီက ကျွန်တော့်ပခုံး ပေါ်ခေါင်းကြီးတင်လို့ ။ ကျွဲဆည်ကန်ကားဝင်းထဲလည်းဝင်ရော အဲဒီတော့မှ အာခေါင်နီက သက်ပြင်းချလိုက်ပြီး

" ဟလို အဖေ ကျွန်တော်မန်းတလေးရောက်နေပြီ ဆိုင်ကယ်လွှတ်လိုက်ပါ ဒါပဲနော် "

တဲ့ တစ်ခွန်းမှ ဘုရာစူး အိမ်ကိုတစ်ခွန်းပဲဆက်တယ် ။ ဟီး အားကိုးလိုက်ရပုံများ ။ သူလည်းငိုက်စိုက်ငိုက်စိုက် ကိုယ်လည်းငိုက်စိုက်ငိုက်စိုက် (ဦးခေါင်းတွေပြောပါတယ်) နဲ့ ဆင်းလာပါတယ် ။ ဆိုင်ကယ်တွေအလုအယက်နဲ့ ဟိုဆွဲဒီ ဆွဲနဲ့ ကျွန်တော်လည်းအဆွဲမခံဘူး နည်းနည်းနပ်သွားပြီး သူတို့မဆွဲခင်ကတည်းက ပါလာတဲ့အိတ်ကြီးကို ကား အောက်ကို ခပ်တည်တည်ပစ်ချလိုက်တယ် ဟီး ။ မြေကြီးပေါ်တောင်မရောက်ဘူး ၀ိုင်းလုကြတာ ။ အိတ်ရသွား တဲ့ဆိုင်ကယ်သမားနောက်ကို လိုက်သွားလိုက်တယ် ။ ဆိုင်ကယ်သမားအကြောင်းပြောရဦးမယ် ။ ဘုရားစူး မန္တလေး သားဗျာ ဒါပေမယ့် Golden City Hotel ကို မသိဘူးတဲ့ ။ သူကျွန်တော့်ကိုခေါ်သွားတာ ကျုံးရှေ့ကို ။ ဒါနဲ့ ဟေ့လူ အဲဒီကျုံးရှေ့မှာ Sedona နဲ့ Swam နှစ်ခုပဲရှိတယ် ။ Golden City က အဲဒီမှာမဟုတ်ဘူး ။ ကိုယ်လည်း နေရာတအတိအကျမသိဘူးဗျ ။ ဒါနဲ့ ဟိုလူ့မေးဒီလူ့မေးနဲ့ ဆိုင်ကယ်ပတ်စီးလိုက်ရတာတင် တစ် နာရီ လောက်ကြာသွားတယ် ။

ဒါနဲ့ ဟေ့လူ ဗထူးကွင်းနဲ့မျက်နှာချင်းဆိုင်မှာထင်တယ်ဗျ ဟိုဗျာ ငုဝါလား ဘာလား ကားလက် မှတ်ရောင်း တယ်လေ အဲဒီနားမှာ လို့ပြောလိုက်တော့မှ ဟုတ်လိုက်လေ ဆရာသမားရယ် ကျွန်တော်မေ့နေတာ ဆောရီး နော်တဲ့။ သေရာ ကိုယ့်မှာနှပ်ချိန်တောင်မရှိလိုက်ဘူး ။ အခု ဟိုတယ်မှာ ခဏနားရင်း ဒီပို့စ်လေး တင်လိုက် တာပါ ။ နောက် အတွေ့အကြုံတွေလည်း ဆက်လက်ရေးသားသွားပါ့မယ် ။

(အာခေါင်နီရေ ဒီဘလော့လေးများဖတ်မိရင် ခုံနံပတ် ၂၈ မှာ တောင့်တောင့်ကြီးနဲ့ ခပ်ပေပေ ခေါင်းစွပ်ကြီး စွပ်ထား ပြီး တစ်ညလုံးငုတ်တုတ်မေ့ခဲ့ရတဲ့လူဟာ ကျွန်တော်သက်တန့်ချိုပါ ။ တွေ့ရာမြင်ရာဘလော့ရေးတတ်တဲ့ အကျင့် ရှိတဲ့အတွက် နားလည်ခွှင့်လွှတ်ပေးပါခင်ဗျား)

သူကြီး
(ခေတ္တ မန္တလေး )

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

သူယောင်မယ်သီး

သူယောင်မယ်သီး




ထိုင်းဘာသာစကားနဲ့ဆိုရင်တော့ ဒီအံ့သြဖွယ်ရာ အပင်ကို Nareepol လို့ခေါ်ပါတယ် ။ Naree ဆိုတာက မိန်းက လေးကိုရည်ညွှန်းပြီး pol ဆိုတာကတော့ သစ်ပင် ၊ အပင်တွေကိုရည်ညွှန်းပါတယ် ။ မလေးလိုဆိုရင်တော့ Buah လို့ခေါ်တွင်ပါတယ် ။ ဒါဟာ ကမ္ဘာပေါ်မှာ ဘုရားသခင်ဖန်ဆင်းပေးခဲ့တဲ့အရာတွေအနက် မှာအထူးဆန်းဆုံး အရာတစ်ခုလည်းဖြစ်ပါတယ် ။ ဘန်ကောက်မှ ကီလိုမီတာ ၅၀၀ လောက်ကွာဝေးတဲ့ Petchaboon စီရင်စုမှာ တကယ့် သူယောင်မယ်သီးတွေသီးတဲ့ သစ်ပင်တွေကို သင်သွားရောက်လေ့လာနိုင်ပါတယ် ။






Posted @ www.thettantvillage.com
သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Tuesday, December 28, 2010

သူငယ်ချင်းနှင်းဟေမာအတွက်မွေးနေ့လက်ဆောင်ကဗျာ

သူငယ်ချင်းနှင်းဟေမာအတွက်မွေးနေ့လက်ဆောင်ကဗျာ

ဒီဇင်ဘာ မွေးလချင်းတူတဲ့သူငယ်ချင်းနှင်းဟေမာအတွက်မွေးနေ့လက်ဆောင်ကဗျာလေးဖြစ်ပါတယ် ။

တလက်စတည်း ပရောက်စီအခက်အခဲရယ် ဖရီးဒမ်းကနှေးနေတာရယ် နောက်ပြီး Ultrasurf သုံးနေရတာရယ်ကြောင့် ဘလော့ကို စိတ်ရှိသလောက် မသုံးနိုင်ခဲ့ပါဘူး ။ ဒါကြောင့်သူငယ်ချင်းတွေအိမ်တွေကို အချိန်မှန် လည်နိုင်ဖို့ဝေးစွ ကိုယ့်စီဘောက်ကိုလာလည်သွားတဲ့သူငယ်ချင်းတွေကိုတောင် ပြန်မလည်နိုင်တဲ့အဆင့်ကိုရောက်ရှိခဲ့ပါတယ် ။ ကွန်နက်ရှင်လေးကောင်းတဲ့အချိန် Update post လေးတွေအမြန်တင် ၊ စီဘောက်လေးဝင်ရေး ဒီလိုအခြေအနေတွေဖြစ်ခဲ့ပါတယ် ။ အားလုံးကို အထူးပဲတောင်းပန်ပါတယ်ခင်ဗျာ ။ နားလည်ခွင့်လွှတ်ပေးကြပါလို့ ......။

ဒီဇင်ဘာရဲ့.....နှင်း

နှင်းရေ.......
တမိုးကြွေလို့
တဆောင်းလည်းသစ်ပြန်ပြီ
တစ်ရက်ထက်တစ်ရက်
တို့လျှောက်ခဲ့တဲ့လမ်းမှာ
လေးနက်တဲ့အသိဥာဏ်တွေ
ဘ၀ ရဲ့ ဖွင့်ဆိုမှုအတွေးအခေါ်တွေ
ဘာတွေ " ပိုင် " ခဲ့ကြပြီးပြီလဲ.....

ဒီဇင်ဘာရဲ့...
အလွမ်းရောင်သမ်းတဲ့ နှင်းပွင့်တွေ
သူငယ်ချင်း...မင်းကို
ထပ်ပြီးရင့်ကျက်စေပြန်ပြီ
ယဉ်ကျေးမှုနဲ့ ဂါရဝ
တရားအဆုံးအမတွေထဲ
မွေ့လျှော်ပျော်မွှေ့တတ်တဲ့မင်း
"နှင်း" ဆိုတဲ့ အမည်နာမနဲ့
လေးစားသမှု ဂုဏ်ဝထ္ထုတွေ
မင်းရဲ့ အိမ်ကလေးထဲ လင်းလက်စေခဲ့ပြီ.....

နှင်းရေ..
ဘ၀က ခါးတယ်တဲ့
ကိုယ့်လမ်းကိုယ်ဖောက်
ရဲရဲသာလျှောက်
မကြောက်နဲ့သူငယ်ချင်း
တက်ကျိုးရင်လက်ချိုးလှော်မယ်
ဟိုး......မှာ မဝေးတော့ဘူး
ငါတို့မျှော်လင့်နေတဲ့
ရွှေရောင်အနာဂါတ်တွေလေ ....။

သက်တန့်ချို

သူငယ်ချင်းရေ မွေးနေ့လေးမှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် မိဘကိုလုပ်ကျွေးနိုင်တဲ့သမီးအလိမ္မာလေးဖြစ်ပါစေ ။

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Friday, December 24, 2010

ချစ်သူတွေမဖြစ်လိုက်ရတဲ့ ချစ်သူများ

ချစ်သူတွေမဖြစ်လိုက်ရတဲ့ ချစ်သူများ

တိတိကျကျ ချစ်သူတွေမဟုတ်ကြပေမယ့်
အလင်းနက်နက် ညဉ့်ယံတွေထဲ
ကြယ်တွေကို ရေတွက်ခဲ့ဖူးကြတယ် ....
တိတိကျကျချစ်သူတွေမဟုတ်ကြပေမယ့်
စူးစူးရှရှ သီချင်းသံစဉ်တစ်ပုဒ်ကို
အတူတူ ဆိုညည်းခဲ့ကြဖူးတယ် ......
တိတိကျကျ ချစ်သူတွေမဟုတ်ကြပေမယ့်
အနာဂါတ်ကောင်းကင်ယံမှာ
မျှော်လင့်ချက်တွေကိုယ်စီပျိုးခဲ့ကြဖူးတယ် ...
တိတိကျကျ ချစ်သူတွေမဟုတ်ကြပေမယ့်
အလွမ်းတွေရဲ့ သိုဝှက်မှုကိုယ်စီအောက်
ငါတို့ မနက်တွေ လင်း ခဲ့ကြဖူးတယ်
တိတိကျကျ ချစ်သူတွေမဟုတ်ကြပေမယ့်
နားလည်မှုကိုယ်စီပေးလို့....
ငါတို့ကိုယ်စီရောင့်ရဲခဲ့ကြဖူးတယ်
လက်ချင်းလည်းမတွဲခဲ့ကြဘူး
အနမ်းတွေလည်းမဝေခဲ့ဘူး
ဒီဆောင်းဦးမှာ.....အေးချမ်းမှုကိုယ်စီနဲ့
ကမ္ဘာတစ်ဖက်ခြမ်းစီပေမယ့်လည်း
ငါတို့သွေးတွေနီးနေခဲ့တယ် .....
ပြန်မဆုံနိုင်ကြတော့ပေမယ့်လည်း...
ငါတို့ဟာ...ချစ်သူတွေမဖြစ်လိုက်ရတဲ့ ချစ်သူတွေပဲကွယ် ။

သက်တန့်ချို

( ချစ်သူလည်းမဟုတ် သူငယ်ချင်းလည်းမဟုတ် တစ်ချိန်တုန်းက ဆံနွယ်တွေအပေါ် နေရာင်ခြည်ကျတိုင်းရွှေအိုရောင်မီးတောက်မီးလျှံတွေ နဲ့ ကျွန်တော့်ရင်ထဲ ကဗျာပေါင်းမြောက်များစွာ ဖြစ်ပေါ်စေခဲ့တဲ့ " သူမ " အတွက် )

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Las Vegas မှ ရေအောက်လူသားဆန်တာကလော့

Las Vegas မှ ရေအောက်လူသားဆန်တာကလော့




ရေ 117 000 ဂါလံဖြည့်ထားတဲ့ ရေအောက်ကန်ပြီးဟာ Las Vegas မှ Silverton ဟိုတယ်မှာ တည်ရှိပါတယ် ။ Bryson Drescher နဲ့သူ့မိခင် Jenny Drescher နဲ့အတူ ရေအောက်မှာရေကူးနေတဲ့ ဆန်တာကလော့ကို လာ ရောက်ကြည့်ရှူနေပုံဖြစ်ပါတယ် ။ ရေအောက်မှဆန်တာကလော့ဟာ နားမှာ Microphone တပ်ဆင်ထား တဲ့အ တွက်ပြင်ပမှ ကလေးငယ်များနဲ့လည်း ဆက်သွယ်စကားပြောလို့ရပါတယ် ။ ဧည့်သည်တွေကို ခရစ်စမတ်ရာ သီအ တွက် စွဲဆောင်ခြင်းတစ်မျိုးပဲဖြစ်ပါတယ် ။






Posted @ www.thettantvillage.com
သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................