Friday, December 24, 2010

ချစ်သူတွေမဖြစ်လိုက်ရတဲ့ ချစ်သူများ

ချစ်သူတွေမဖြစ်လိုက်ရတဲ့ ချစ်သူများ

တိတိကျကျ ချစ်သူတွေမဟုတ်ကြပေမယ့်
အလင်းနက်နက် ညဉ့်ယံတွေထဲ
ကြယ်တွေကို ရေတွက်ခဲ့ဖူးကြတယ် ....
တိတိကျကျချစ်သူတွေမဟုတ်ကြပေမယ့်
စူးစူးရှရှ သီချင်းသံစဉ်တစ်ပုဒ်ကို
အတူတူ ဆိုညည်းခဲ့ကြဖူးတယ် ......
တိတိကျကျ ချစ်သူတွေမဟုတ်ကြပေမယ့်
အနာဂါတ်ကောင်းကင်ယံမှာ
မျှော်လင့်ချက်တွေကိုယ်စီပျိုးခဲ့ကြဖူးတယ် ...
တိတိကျကျ ချစ်သူတွေမဟုတ်ကြပေမယ့်
အလွမ်းတွေရဲ့ သိုဝှက်မှုကိုယ်စီအောက်
ငါတို့ မနက်တွေ လင်း ခဲ့ကြဖူးတယ်
တိတိကျကျ ချစ်သူတွေမဟုတ်ကြပေမယ့်
နားလည်မှုကိုယ်စီပေးလို့....
ငါတို့ကိုယ်စီရောင့်ရဲခဲ့ကြဖူးတယ်
လက်ချင်းလည်းမတွဲခဲ့ကြဘူး
အနမ်းတွေလည်းမဝေခဲ့ဘူး
ဒီဆောင်းဦးမှာ.....အေးချမ်းမှုကိုယ်စီနဲ့
ကမ္ဘာတစ်ဖက်ခြမ်းစီပေမယ့်လည်း
ငါတို့သွေးတွေနီးနေခဲ့တယ် .....
ပြန်မဆုံနိုင်ကြတော့ပေမယ့်လည်း...
ငါတို့ဟာ...ချစ်သူတွေမဖြစ်လိုက်ရတဲ့ ချစ်သူတွေပဲကွယ် ။

သက်တန့်ချို

( ချစ်သူလည်းမဟုတ် သူငယ်ချင်းလည်းမဟုတ် တစ်ချိန်တုန်းက ဆံနွယ်တွေအပေါ် နေရာင်ခြည်ကျတိုင်းရွှေအိုရောင်မီးတောက်မီးလျှံတွေ နဲ့ ကျွန်တော့်ရင်ထဲ ကဗျာပေါင်းမြောက်များစွာ ဖြစ်ပေါ်စေခဲ့တဲ့ " သူမ " အတွက် )

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

14 comments:

  1. ကဗျာလေးက ကြည်နူးစရာလေး..

    ReplyDelete
  2. အဲ အဲ ထွက်လာပြီ ထွက်လာပြီ... သူ့ရင်ထဲက အကြောင်းတွေ

    ReplyDelete
  3. ကိုသက်တန့်ရေ ကဗျာလေးဖတ်သွားပါတယ်။

    ReplyDelete
  4. :)
    နှလုံးသား မှတ်တိုင်လေး စိုက်ထူနိုင်ခဲ့တာမျိုးလေ။
    ချစ်သူဖြစ်မလာခဲ့ကြတဲ့ ချစ်ကြသူတွေ ဘယ်လောက်
    တောင်များလိုက်ကြမလဲ။ သေချာပါတယ်...
    သူမ အစစအရာရာအားလုံး အဆင်ပြေစွာရှိနေပါလိမ့်မယ်။
    .... HAPPY MERRY CHRISTMAS ..ပါရှင်။
    ပျော်ရွှင်ပါစေ။

    ..ခင်မင်လျှက်..ခင်မာလာအောင် ..:)

    ReplyDelete
  5. အယ်...
    သူလည်း ကမ္ဘာ တဖက်ခြမ်းမှာပဲတဲ့လား..
    တိုက်ဆိုင်လိုက်တာများကွာ...
    ဒီဇင်ဘာ ၂၄ရက်...
    လွမ်းဆွတ်မှု နှင်းတွေကျလိုက်တာများ...
    ကိုယ့်တကိုယ်လုံးတောင် ရွှဲရွှဲစိုလို့....
    :P

    ReplyDelete
  6. I fond this poem. I have already received it from gmail but I want to see original expression panel.
    Have a nice day.
    One of Reader

    ReplyDelete
  7. လက်ချင်းလည်းမတွဲခဲ့ကြဘူး ...
    အနမ်းလည်းမဝေခဲ့ကြဘူး ...
    တိကျဖို့ မလိုပါဘူးဗျာ ..
    နားလည်မှုဆိုတဲ့ဘာသာစကား
    သူ့ အပြုံးတစ်ချက်နဲ့ တင်
    ကျေနပ်ပါပြီ ....

    ReplyDelete
  8. ချစ်သူတွေဆိုတာက ချစ်သူတွေပါပဲ မဟုတ်လားဗျာ
    တယောက်လက်ကလေးကို တယောက်ကိုင်ဖူးချင်မှလဲ ကိုင်ဖူးမယ် တယောက်နဲ့ တယောက်တရှိုက်မက်မက် နမ်းဖူးချင်မှလဲ နမ်းဖူးပေမဲ့ နှစ်ယောက်စလုံးကတော့ ချစ်ခဲ့ကြတယ်ပဲ မဟုတ်လား.

    ReplyDelete
  9. ရေးးထားတဲ့ ကဗျာလေး
    ကောင်းတယ် ....

    ခင်မင်လျှက်
    ဆောင်းနှင်းရွက်

    ReplyDelete
  10. တိတိကျကျ ချစ်သူတွေမဟုတ်ကြပေမယ့်
    အနာဂါတ်ကောင်းကင်ယံမှာ
    မျှော်လင့်ချက်တွေကိုယ်စီပျိုးခဲ့ကြဖူးတယ် ...
    အရမ်းကောင်းတဲ့ကဗျာလေးတပုဒ်ပါ….:)

    ReplyDelete
  11. ကောင်းလိုက်တာ........ အဲဒီလိုမျိုး ချစ်သူလည်းမဟုတ် သူငယ်ချင်းလည်းမဟုတ်တဲ့ သူတွေလည်း ရှိခဲ့ဖူးကြတယ်နော်......

    ReplyDelete
  12. ကိုသက်တန့်ရေကဗျာလေးကညီမနဲ့တိုက်ဆိုင်နေတယ်
    ခံစားရတယ်အရမ်းပဲ>

    ReplyDelete
  13. အကိုရေကဗျာလေးကိုshare လို့ရမလားဗျာ

    ReplyDelete
  14. share ခွင့်ပေးပါနော်

    ReplyDelete