Thursday, January 19, 2012

ကမ္ဘာ့အသေးဆုံးခွေးကလေး ဘရန်ဒီ

ကမ္ဘာ့အသေးဆုံးခွေးကလေး ဘရန်ဒီ



Heaven sent brandy လို့ အမည်ရတဲ့ခွေးကလေးဟာ ကမ္ဘာ့အသေးဆုံးခွေးကလေးအဖြစ် မှတ်တမ်းဝင် သွားခဲ့ပြီဖြစ်ပါတယ် ။ သူဟာ ကုတ်ဘူးတစ်ဘူးစာထက်ပိုပြီးမကြီးပါဘူး ။ ချစ်စရာ သေးသေးလေးမို့ တိရိစ္တာန် လေးတွေ ချစ် တတ်သူများအဖို့တော့ အသည်းယားဖွယ်ကောင်းနေမှာ အမှန်ပါပဲ ။












သက်တန့်ချို

ှSource : http://news.xinhuanet.com/english/photo/2012-01/18/c_131366247.htm

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Wednesday, January 18, 2012

ချစ်ခြင်းအတွက် ----



ချစ်ခြင်းအတွက် ----



မေ့နေခဲ့တာမဟုတ်ပါဘူး ----

အချိန်ကာလ ကြီးကသာ---တဖြည်းဖြည်းရွေ့နေခဲ့တာပါ

တဖြည်းဖြည်းအသက်တွေကြီးရင့်လာတဲ့အခါ

ကိုယ့်သဏ္ဍာန်ကိုယ်--မပီသတော့သလိုမျိုး

ခင်ဗျားကို ----တိုးတိုးပြီး စိုးမိုးနေမိခဲ့



လူတွေကလည်းခက်တယ် ----

ရေဒီယိုအသံကြားလည်း လက်ခုပ်ထတီးကြတယ်

ရုပ်မြင်သံကြားမြင်လည်း လုပ်ခုပ်ထတီးကြတယ်

ခွေးနှစ်ကောင်ကိုက်လည်း လက်ခုပ်ထတီးကြတယ်

ဟုတ်တယ် ----

မရှိခြင်းထက်---မသိခြင်းကပိုခက်တယ်ဆိုပါစို့

ကျွန်တော်ကတော့---ခင်ဗျားကို -- အသိရှိရှိနဲ့

မြတ်နိုးနေခဲ့တဲ့ကောင်ပါ



မေ့ပစ်လိုက်စမ်းပါ

လူတွေကြုံတွေ့ရလေ့ရှိတဲ့ ခင်ဗျားဘ၀ရဲ့ လောကဓံတွေကို

ရှေ့မှာ မြူတွေ ပြယ်တော့မဲ့ ကောင်းကင်ပြင်---

ကြယ်ကလေးတွေလည်း ---မှိတ်တခါလင်းတလှည့်

ခင်ဗျားရဲ့ အနုပညာဆန်မှုကို ဦးညွှတ်နေကြ



မှေးစက်လှည့်ပါ

ဒီကောင့်ရင်ခွင်နွေးနွေးမှာ ပကာသန မပါပေမယ့်

ဗလာမကတဲ့ ချစ်ခြင်းအနန္တတွေရှိပါတယ်

အရာရာမှာ---ပန်းတွေပွင့်စေချင်ခဲ့သူတစ်ယောက်မို့

ချစ်သူ----

ချစ်ခြင်းအတွက်----

အပြစ်ကင်းစေကွယ် ------


သက်-တန့်-ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Tuesday, January 17, 2012

လေးနှစ်တိုင်တိုင်ဦးခေါင်းထဲမှာ ဓါးသွားစိုက်ဝင်နေခဲ့သူ

လေးနှစ်တိုင်တိုင်ဦးခေါင်းထဲမှာ ဓါးသွားစိုက်ဝင်နေခဲ့သူ




တက်စီ ဒရိုင်ဘာ တစ်ဦးဖြစ်သူ အသက် ၃၇ နှစ်အရွယ် Mr Li ဆိုသူဟာ လူဆိုးတွေရဲ့ လုယက်တိုက်ခိုက်မှုကို ခံခဲ့ရပြီး ဦးခေါင်းကို ဓါးနဲ့ ထိုးသွင်းခံခဲ့ရပါတယ် ။ အဲဒီအခါမှာ သူတို့အသုံးပြုတဲ့ဓါးဟာ ဓါးရိုးကျွတ်သွားခဲ့ပြီး ဓါးသွား ဟာ ဦးခေါင်းခွံထဲ ဦးခေါင်းခွံနဲ့နားကြားထဲမှာ ကျန်ရှိနေခဲ့ပါတယ် ။

တရုတ်ပြည်ရဲ့ အနောက်တောင်ဖက် ယူနန် စီရင်စုမမှ ယူဇီလူထုဆေးရုံကို မရောက်ခင်အထိ မစ်စတာ လီဟာ နှစ်ပေါင်းများစွာ ဆိုးရွားတဲ့ ခေါင်းကိုက်ခြင်းကို ခံစားရတယ်လို့ဆိုပါတယ် ။ ဆေးရုံမှ တာဝန်ရှိ သူတစ် ဦးကတော့ “ သူဟာ ကျွန်တော်တို့ဆီကို အလွန်ကြာရှည်တဲ့ခေါင်းကိုက်ခြင်း ရယ် ဘာမှန်းမသိပဲ နားနဲ့ပါးစပ်ထဲ ကနေ သွေးယိုစီးခြင်းတွေနဲ့ရောက်လာခဲ့ပါတယ် ။ ကျွန်တော်တို့သူ့ကို စမ်းသပ်စစ်ဆေးပြီးတဲ့အခါ တစုံတခု မှားနေပြီဆိုတာသိလိုက်ရပါတယ် ”

“ သူ့ဦးခေါင်းထဲမှာ ဒီလိုအရာမျိုး နှစ်ပေါင်းများစွာ ကြာရှိနေပြီး ဘာကြောင့် ဒီလို အသက်ရှင်နေ ထိုင်နေ ရသလဲဆိုတာ ကျွှန်တော် နားမလည်ပါဘူး အမှန်ဆိုဒါဟာ မဖြစ်နိုင်တဲ့ ကိစ္စကြီးပါ ကျွန်တော်တို့ဟာ အပ်အနည်း ငယ်နဲ့ တခြားအရာဝထ္ထု အနည်းငယ်ကိုလည်း သူ့ ဦးခေါင်းထဲမှာ မြင်တွေ့ခဲ့ရသေးတယ် ”

ဆေးရုံရှိ ခွဲစိတ် ဌာနမှခေါင်းဆောင် Luo Zhiwei ကတော့ Mr Li ဟာ ဒီလိုနှစ်ပေါင်းများစွာ ဓါးသွားဦးခေါင်း ထဲမှာ စိုက်ဝင်နေပြီး အသက်ရှင်နေနိုင်တာဟာ ဆေးပညာဆိုင်ရာ ထူးဆန်းအံ့ဖွယ်ပဲဖြစ်ပါတယ်လို့ ဆိုခဲ့ပါတယ် ။

သက်တန့်ချို

http://www.metro.co.uk/weird/855703-man-had-knife-buried-in-face-for-four-years-x-ray-picture

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Monday, January 16, 2012

ထူးဆန်းအံ့ဖွယ် သွေးစုတ်ဖုတ်ကောင်အမျိုးသမီးနှင့်ပုတ်သင် လူသား

ထူးဆန်းအံ့ဖွယ် သွေးစုတ်ဖုတ်ကောင်အမျိုးသမီးနှင့်ပုတ်သင် လူသား




သင်ဟာ ထူးထူးဆန်းဆန်းတွေကို စိတ်ဝင်စားသူတစ်ယောက်ဆိုရင်တော့ ဒီအမျိုးသမီးကို သင့်ရဲ့ ထူးဆန်းထွေ လာ ပြတိုက်ထဲမှာ ထည့်ထားဖို့ သင့်ပါတယ် ။ Oralndo မှာ ပုတ်သင်လူသား Erick Sparague လိုပဲ အခု မက်ဆီ ကိုနိုင်ငံမှာ သွေးစုတ်ဖုတ် တစ်ကောင်ပေါ်ထွက်လို့လာပါပြီ ။

ယခုနှစ်မှာတော့ ( Believe it or not ) ကို စိတ်ဝင်စားတဲ့လူတွေအကုန်လုံးက မက်ဆီကိုနိုင်ငံမှ Maria Jose Cristerna aka ကို မက်ဆီကန် သွေးစုတ်အမျိုးသမီးအဖြစ် သတ်မှတ်လိုက်ကြပါပြီ ။ သင်တို့ယုံ သ လားတော့ မသိပါဘူး Cristerna ဟာ အခုလို သူမဘ၀ကိုမပြောင်း လဲပစ်ခင် တုန်းက ရှေ့နေချုပ် တစ်ဦးဖြစ် ပါတယ် ။ ယခုတော့သူမရဲ့ အသွင်သဏ္ဍာန်ကို မနှစ်မြို့စရာ ထိတ်လန့်ကြောက် ရွံ့ဖွယ် ရာ သွေးစုတ် ဖုတ်ကောင် အသွင်သဏ္ဍာန်ပြောင်းလဲလိုက်ပါပြီ ။

သူမက ဒီလိုလုပ်ရတာဟာ သွေးစုတ်ကောင်တွေရဲ့ ရက်စက်မှု အစစ်အမှန်ကို စူးစမ်းရှာဖွေခြင်း အား အဆုံး သတ်ရောက်စေချင်လို့ ဖြစ်တယ် လို့ Huffington ပို့စ်ရဲ့ David Moye ကိုပြောဆိုခဲ့ပါတယ် ။ “ သွေးစုတ်ကောင် တစ်ကောင်အနေနဲ့ အစွမ်းကုန် ရက်စက် ကြမ်းကြုတ်ဖို့ကို ကျွန်မအမြဲအိပ်မက်မက်နေခဲ့တာပါ ကျွန်မ က သွေးစုတ်ကောင်ဇတ်လမ်းတွေပါဝင်တဲ့ ကာတွန်းတွေကိုလည်းကြိုက်တယ် ငယ်ငယ်လေး ကတည်း ကဒါကို ရူးသွပ်ခဲ့တာပါ အခုတော့အိပ်မက်တွေတကယ်ဖြစ်လာပါပြီ ” လို့ပြောခဲ့ပါတယ် ။

ကဲ အခု မြင်ကြပြီလား သူမ အိပ်မက်တွေအကောင်အထည်ပေါ်လာပါပြီတဲ့ သွေးစုတ်ကောင်လို ခန္ဓာကိုယ် တစ်ခုလုံး တက်တူးတွေထိုးထားယုံသာမက အပေါက်တွေဖောက်လို့ ခွဲစိတ်ပြီးတော့လည်း တိုက်တေနီယမ် ဂြိုလ်တွေဦးခေါင်း မှာထည့်ထားပါသေးတယ် ။ အော် ငရဲမကြောက် ဘာမကြောက် မိုက်လိုက်ပါဘိ မိန်းကလေး ရယ် ။



နောက်တစ်ယောက် သူ့လို ရူးသွပ်သူကတော့ ပုတ်သင်လူသားတွေ ဖြစ်ပြီး “ ဒီလိုမျိုး ပုံသဏ္ဍာန်ပြောင်းရတာ အရမ်း လှပြီး ကြိုက်နှစ်သက်လှပါတယ် ” တဲ့ ။ ဒီလိုအသွင်သဏ္ဍာန်ဖြစ်ဖို့အတွက် ပညာရှင်တွေက နာရီပေါင်း ၂၀၀ ခန့်အကုန်ခံပြီး ပြုပြင်ပေးခဲ့ရတယ် ။ အထူးသဖြင့် သူ့ရဲ့ ပုတ်သင် အစိမ်းရောင် သေးငယ် တဲ့အ ကွက်လေးတွေ ကိုပုံဖော်ဖို့ နာရီပေါင်း ၆၀ ကြာမြင့်ခဲ့ပါတယ် ။

“ ကျွန်တော်ဟာ အခုဆို နေရာနှစ်ခုမှာ တပြိုင်တည်းတည်ရှိနေနိုင်ပါပြီ ” လို့ Spague ကပြောခဲ့ပေမယ့် ဒါဟာ တကယ်တော့ အတိအကျကြီးမမှန်လှပါဘူး ။ ပထမဆုံးဖယောင်းပုံတူရုပ်ထုကိုတော့ အော်လန်ဒိုက Odditorium မှ Ripley ရဲ့ Believe it or not မှာ ပြသထားပါတယ် ။ ဒုတိယကတော့ နယူးယောက် မြို့မှ Times Square Odditorium မှာ မကြာခင် လာပါလိမ့်မယ်တဲ့ ။

သက်တန့်ချို

Source : http://weirdnews.about.com/od/globalmadness/ss/Weirdest-News-Of-2011_2.htm
http://weirdnews.about.com/od/weirdphotos/ig/Ripley-s-World-of-the-Bizarre/Lizardman-and-Lizardman.htm


စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Saturday, January 14, 2012

Breaking Virus Alert !!

Breaking Virus Alert !!




ဂျီတော့မှာ ဗိုင်းရပ်တစ်မျိုး ယခု ရက်ပိုင်း ကြောက်မက်ဖွယ်ပျံ့နှံ့လို့နေပါ တယ် ။ ဗိုင်းရပ်ရဲ့စာသားကတော့ OMG is this your picture? http://j.mp/x69ySs?d=a9a3a3 ဆိုပြီးဖြစ်ပါတယ် ။ သတိလက် လွတ် နှိပ်လိုက် ရင်တော့ ကိုယ့် စက်ထဲကို ဖိုင်တစ်ခု install လုပ်ဖို့ပြောပါတယ် ။ ကိုယ်က yes ကိုနှိပ်မိရင်တော့ အဲဒီစက်ကို လည်းကူးစက်သွားပြီး အဲဒီအကောင့်ကိုပါ ဗိုင်းရပ်ကူးသွားပါပြီ ။

ဗိုင်းရပ်က ဘာတွေလုပ်သလဲ ?

ဘာတွေလုပ်သလဲဆိုတော့ ကိုယ်မပြောပဲနဲ့ ကိုယ့် Contact ထဲက သူငယ်ချင်းတွေဆီကို အထက်ပါ OMG is this your picture? http://j.mp/x69ySs?d=a9a3a3 ဆိုတဲ့လင့်ကို ဆက်လက်ဖြန့်ပါတယ် ။ ပိုဆိုးတာက အရင်ဗိုင်းရပ်တွေနဲ့မတူတဲ့အချက်ကတော့ ဒီဗိုင်းရပ်က အဲဒီအကောင့်နဲ့လုပ်ထားတဲ့ အဲဒီအချိန်ဖေ့ ဘုတ်ဖွင့်ထား တဲ့ လူတွေသူငယ်ချင်းတွေဆီပါ အကုန်လုံး Chat message သို့မဟုတ် Message အဖြစ်လိုက်ပို့တာပါပဲ ။ သူငယ်ချင်းတို့ဆီ ရောက်လာခဲ့ရင်လည်း မဖွင့်ကြည့်ကြပါနဲ့ ။ မနှိပ်ကြပါနဲ့ ။ အခြားသူတွေကိုလည်း ဆက်လက်ဖြန့်ဝေပေးကြပါ ။ အကယ်၍ နှိပ်မိတယ်ဆိုရင်တော့စက်ကို restart အမြန်ချပြီး Activated Antivirus တစ်ခုခုနဲ့ အစအဆုံး Full scan ပြန်ဆွဲပေးဖို့လိုပါလိမ့်မယ် ။

မှတ်ထားရမှာက သူငယ်ချင်းက ကိုယ့်ကို မက်ဆေ့ပို့တာမဟုတ်ပါဘူး ဗိုင်းရပ်သာဖြစ်ပါတယ် ။ မနှိပ်မိ ဖို့ နှိပ်မိခဲ့ရင်လည်း ဗိုင်းရပ်ကို အမြန်စစ်ပြီး သတ်ဖို့လိုပါတယ် ။

ကျနော့်ဆီလည်း အစ်မ နတ်သမီးဆီက အဲဒီမက်ဆေ့ဝင်လာလို့ မေးကြည့်တော့ သူပို့တာမဟုတ် မှန်းသိရပါတယ် ဗိုင်းရပ်က အလိုအလျောက်ပို့နေခြင်းဖြစ်ပါတယ် ။ ဒါကြောင့် အစ်မ နတ်သမီး (white angel ) အကောင့်မှာရှိသမျှလူတွေကို ဒီလင့်လေး တွေပေးပါလိမ့်မယ်ဖေ့ဘုတ်မှာရော မနှိပ်ကြပါနဲ့ ဗိုင်းရပ်ဖြစ်ပါတယ် သူ့စက်ထဲ ဗိုင်းရပ်ဝင်သွားလို့ဖြစ်ပါတယ် တခြားသူတွေ မကူးကြစေဖို့ မျှဝေပေးကြပါခင်ဗျာ ။

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................