Tuesday, January 17, 2012

လေးနှစ်တိုင်တိုင်ဦးခေါင်းထဲမှာ ဓါးသွားစိုက်ဝင်နေခဲ့သူ

လေးနှစ်တိုင်တိုင်ဦးခေါင်းထဲမှာ ဓါးသွားစိုက်ဝင်နေခဲ့သူ




တက်စီ ဒရိုင်ဘာ တစ်ဦးဖြစ်သူ အသက် ၃၇ နှစ်အရွယ် Mr Li ဆိုသူဟာ လူဆိုးတွေရဲ့ လုယက်တိုက်ခိုက်မှုကို ခံခဲ့ရပြီး ဦးခေါင်းကို ဓါးနဲ့ ထိုးသွင်းခံခဲ့ရပါတယ် ။ အဲဒီအခါမှာ သူတို့အသုံးပြုတဲ့ဓါးဟာ ဓါးရိုးကျွတ်သွားခဲ့ပြီး ဓါးသွား ဟာ ဦးခေါင်းခွံထဲ ဦးခေါင်းခွံနဲ့နားကြားထဲမှာ ကျန်ရှိနေခဲ့ပါတယ် ။

တရုတ်ပြည်ရဲ့ အနောက်တောင်ဖက် ယူနန် စီရင်စုမမှ ယူဇီလူထုဆေးရုံကို မရောက်ခင်အထိ မစ်စတာ လီဟာ နှစ်ပေါင်းများစွာ ဆိုးရွားတဲ့ ခေါင်းကိုက်ခြင်းကို ခံစားရတယ်လို့ဆိုပါတယ် ။ ဆေးရုံမှ တာဝန်ရှိ သူတစ် ဦးကတော့ “ သူဟာ ကျွန်တော်တို့ဆီကို အလွန်ကြာရှည်တဲ့ခေါင်းကိုက်ခြင်း ရယ် ဘာမှန်းမသိပဲ နားနဲ့ပါးစပ်ထဲ ကနေ သွေးယိုစီးခြင်းတွေနဲ့ရောက်လာခဲ့ပါတယ် ။ ကျွန်တော်တို့သူ့ကို စမ်းသပ်စစ်ဆေးပြီးတဲ့အခါ တစုံတခု မှားနေပြီဆိုတာသိလိုက်ရပါတယ် ”

“ သူ့ဦးခေါင်းထဲမှာ ဒီလိုအရာမျိုး နှစ်ပေါင်းများစွာ ကြာရှိနေပြီး ဘာကြောင့် ဒီလို အသက်ရှင်နေ ထိုင်နေ ရသလဲဆိုတာ ကျွှန်တော် နားမလည်ပါဘူး အမှန်ဆိုဒါဟာ မဖြစ်နိုင်တဲ့ ကိစ္စကြီးပါ ကျွန်တော်တို့ဟာ အပ်အနည်း ငယ်နဲ့ တခြားအရာဝထ္ထု အနည်းငယ်ကိုလည်း သူ့ ဦးခေါင်းထဲမှာ မြင်တွေ့ခဲ့ရသေးတယ် ”

ဆေးရုံရှိ ခွဲစိတ် ဌာနမှခေါင်းဆောင် Luo Zhiwei ကတော့ Mr Li ဟာ ဒီလိုနှစ်ပေါင်းများစွာ ဓါးသွားဦးခေါင်း ထဲမှာ စိုက်ဝင်နေပြီး အသက်ရှင်နေနိုင်တာဟာ ဆေးပညာဆိုင်ရာ ထူးဆန်းအံ့ဖွယ်ပဲဖြစ်ပါတယ်လို့ ဆိုခဲ့ပါတယ် ။

သက်တန့်ချို

http://www.metro.co.uk/weird/855703-man-had-knife-buried-in-face-for-four-years-x-ray-picture

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

2 comments:

  1. အမယ်လေး..ထူးဆန်းလိုက်တာနော်....ကိုသက်တန့်ရှင့်.
    သမီးအမြဲစာတွေလာဖတ်ပါတယ်ရှင့်...ဒီလိုဗဟုသုတတွေ
    အများကြီးကိုမျှဝေပေးလို့ကျေးဇူးတင်ပါတယ်ရှင့်...:)

    ReplyDelete
  2. ဆရာ ကျေးဇူးတင်ပါတယ်။တကယ့်ကို ကောင်းတဲ့အကြောင်းအရာတွေရေးထားတာဗျာ။

    ReplyDelete