Tuesday, September 30, 2014

လောကကြီးမှာ လူကဲ့ရဲ့တာမခံချင်ရင် လုပ်စရာ ၃ မျိုးပဲရှိတယ်



လောကကြီးမှာ လူကဲ့ရဲ့တာမခံချင်ရင် လုပ်စရာ ၃ မျိုးပဲရှိတယ်

၁ ။ အလကားနေရင်း ကြွားဝါခြင်းတွေသိပ်မလုပ်နဲ့

၂ ။ နေရင်းထိုင်းရင်း ဘေးနားကလူတွေကို မစော်ကားနဲ့

၃ ။ ပါးစပ်ကနေ ပေါပေါပဲပဲ စကားလုံးတွေ သိပ်မထွက်စေနဲ့ ။

" ဘ၀ပေးကုသိုလ်ကံကောင်းလို့ဖြစ်စေ
ကိုယ်ကြိုးစားလို့ဖြစ်စေ အမြင့်တစ်နေရာကိုရောက်သွားခဲ့ရင်
ဘေးနားကလူတွေ အောက်ခြေကလူတွေကို
လူ လို့ မသတ်မှတ်တော့တဲ့ လူ့အခွံ့ဖြစ်သွားခြင်းကိုရှောင်ကြဉ်ပါ မိတ်ဆွေ "

သက်တန့်ချို

Friday, September 26, 2014

စိတ်နှလုံးသားတံခါး အဖွင့်မမှားမိစေနဲ့





ကိုယ်ပျော်ရွှင်တာ
ကိုယ်ဝမ်းနည်းတာ
ကိုယ်စိတ်ညစ်တာ
ကိုယ်ငိုရတာ သေချာတွေးကြည့်ရင်
ဘယ်သူ့ကြောင့်မှမဟုတ်ပါဘူး

အားလုံးဟာကိုယ့်ကြောင့်ဖြစ်ရတာတွေချည်းပါပဲ

သင့်စိတ်တံခါးမှာ အရာရာကို ရွေးပြီးဖွင့်ပေးနိုင်တဲ့
နှလုံးသား ခလုတ်လေးတွေရှိတယ်

ပျော်ရွှင်ခြင်းကို သာလိုချင်ရင် ပျော်ရွှင်ခြင်းတံခါးကို ဖွင့်ပါ
ဒီလိုမှမဟုတ်ပဲ တခြားသူတွေဆီက တဆင့်ကူးစက်တတ်တဲ့
ဝမ်းနည်းပူဆွေး စိတ်ညစ်စရာနဲ့ ပူလောင်မှု မျက်ရည်တွေကို သင်ခွင့်ပြုမိရင်
သင့်မှာပါ ၀မ်းနည်းစိတ်ညစ်စရာတွေဖြစ်လာမှာပေါ့

တကယ်တော့လောကကြီးမှာ ကိုယ်ကိုယ်တိုင်ကလွဲပြီး
ကိုယ့်ကို ၀မ်းနည်းအောင်ပျော်ရွှင်အောင်လုပ်နိုင်တဲ့သူ မရှိပါဘူး

မပူုလောင်ချင်းဘူးဆိုရင် အပူမီးတွေကိုဝင်စေနိုင်တဲ့နှလုံးသားတံခါးပေါက်ကို
တစ်သက်လုံး ပိတ်ထားလိုက်ပါ ။

သက်တန့်ချို 
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Thursday, September 25, 2014

ကိုယ့်တန်ဖိုးကိုယ်မြှင့်တင်ပါ





မြင့်မြတ်တဲ့ အမျိုးသမီးက ခွင့်လွှတ်ခြင်းကို လက်ကိုင်ထားတယ်
အာဃာတ နဲ့ ရမ္မက်ကိုဦးစားမပေးဘူး

မြင့်မြတ်တဲ့ အမျိုးသားက ကိုယ့်တာဝန်ကိုယ်ယူတတ်တယ်
ဆန္ဒနဲ့ အတ္တကို ဦးစားမပေးဘူး

သိက္ခာရှိတဲ့အမျိုးသမီးက ကိုယ့်တန်ဖိုးကိုယ် မြှင့်တင်တယ်
သိက္ခာရှိတဲ့ အမျိုးသားက ကိုယ့် ဆန္ဒကို ကိုယ့်တန်ဖိုးနဲ့ချိုးနှိမ်တယ်

လေးစားဖွယ်ကောင်းတဲ့လူတွေက သူတစ်ပါးကိုလည်း လေးစားတတ်သလို
သူတို့အကျိုးထက် သူတစ်ပါးအကျိုးကိုဖြည့်ဆည်းရင်းပျော်နေတတ်ကြပါတယ်

သေချာပါတယ်
ကိုယ့်ကိုယ်ကို လေးစားတတ်ဖို့ ဆိုတာကိုယ့်တန်ဖိုးကိုယ်မြှင့်တင်မှဖြစ်နိုင်မယ် ။

သက်တန့်ချို
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Wednesday, September 24, 2014

ဘယ်တော့မှ လက်မလွှတ်သင့်တဲ့လူ

ဘယ်တော့မှ လက်မလွှတ်သင့်တဲ့လူ

- ဘယ်သူမှ အနားမှာမရှိတော့တဲ့အချိန်မှာတောင် ကိုယ့်အနားမှာ ရှိနေပေးတဲ့သူ

- ကိုယ်ဒုက္ခရောက်နေချိန်မှာတောင် မျက်နှာလွှဲခဲပစ်မလုပ်ပဲ ကူညီစောင့်ရှောက်ပေးတဲ့သူ

- ခွင့်မလွှတ်နိုင်တဲ့အမှား ကျူးလွန်မိတာတောင် နောက်ဆုံးအကြိမ်အဖြစ် ခွင့်လွှတ်ပေးနိုင်တဲ့သူ

- ကိုယ့်အခက်အခဲတွေကို သူဖြေရှင်းရမယ့် အခက်အခဲလို့မှတ်ယူတဲ့သူ

- ကိုယ်ဘယ်လောက်လွှတ်ချလွှတ်ချ သူ့ဖက်က လုံးဝ လက်မလွှတ်ချတဲ့သူ

သက်တန့်ချို 
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Tuesday, September 23, 2014

သူတစ်ပါးစိတ်ချမ်းသာရင် ကုသိုလ်ပိုရပါတယ်


မှတ်သားဖွယ် စကားတစ်ခွန်းကြားဖူးတယ်

" ဘယ်အရာကိုမှ မလိုချင်ရင် သင့်မှာ အရာအားလုံးပြည့်စုံနေလိမ့်မယ်
တစ်ခုခုကို လိုချင်နေပြီဆိုရင်တော့ လိုချင်နေသမျှ စိတ်ဆန္ဒနဲ့ထပ်တူ သင့်မှာ ကွက်လပ်တွေဖြစ်ပေါ်လာလိမ့်မယ် " တဲ့

တကယ်တော့ ကျွန်တော်တို့ ပိုင်ဆိုင်သမျှ အရာအားလုံးဟာ
( ရွှေ ၊ ငွေ ၊ ရာထူး ၊ ဂုဏ် တွေက အစ )
တကယ့် ပိုင်ဆိုင်မှု အစစ်တွေမဟုတ်ကြဘူး

တကယ့်ပိုင်ဆိုင်မှုအစစ်ဖြစ်တဲ့
မေတ္တာတရား ဆိုတဲ့ သူတစ်ပါးကို အေးချမ်းစေလိုတဲ့စိတ်
စေတနာတရား ဆိုတဲ့သူတစ်ပါးကို ကောင်းစားစေလိုတဲ့စိတ်
မုဒိတာတရား ဆိုတဲ့သူတစ်ပါးကောင်းစားရင်ကိုယ်ပါ ၀မ်းသာကြည်နူးတတ်တဲစိတ်

အဲ့ဒီစိတ် ၃ ခုကိုသာ တစ်နေ့ထက်တစ်နေ့ တိုးပွားအောင်ကြိုးစားကြရမှာပါ

သူတစ်ပါးစိတ်ချမ်းသာရင် ကုသိုလ်ပိုရပါတယ် ။

သက်တန့်ချို


စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................