Thursday, October 30, 2014

သေသေချာချာ တွေးကြည့်ရင် ၀မ်းနည်းစရာတော့ သိပ်မရှိလှပါဘူး

လူတစ်ချို့က ကိုယ့်အပြစ်ဖြစ်မှာစိုးလို့ သူတစ်ပါးကို အပြစ်ဖို့ဖို့လည်းဝန်မလေးတတ်ကြဘူး

လူတစ်ချို့က ကိုယ့်တာဝန်လွတ်ရင်ပြီးရော သူတစ်ပါးမှာ ၀န်ထုပ်ဝန်ပိုးဖြစ်စေဖို့လည်း မမှုတတ်ကြဘူး

လူတချို့က ကိုယ်အဆင်ပြေရင်ပြီးရော သူတစ်ပါး ဘ၀ကို ချနင်းတတ်ဖို့လည်း ၀န်မလေးတတ်ကြဘူး

တကယ်တော့ ဘ၀တလျှောက်လုံးမှာ
ရယူလိုက်ရတာရော ဆုံးရှုံးလိုက်ရတာရော အရာရာဟာ
သေသေချာချာ တွေးကြည့်ရင် ၀မ်းနည်းစရာတော့ သိပ်မရှိလှပါဘူး

ကိုယ်နဲ့ထိုက်တန်တာသာ ကိုယ့်ဆီ ရောက်လာတတ်ကြတာမဟုတ်လား ။

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Wednesday, October 29, 2014

မနက်ခင်းတစ်ခု စတင်တဲ့အခါ

မနက်ခင်းတစ်ခု စတင်တဲ့အခါ

၁ ။ သင့်စိတ်ထဲက မုန်းတီးမှုတွေကို ဖယ်ထုတ်ထားပါ

၂ ။ ကောင်းသောစကားကို သာ ရွေးချယ်ပြောဆိုပါ

၃ ။ သူတစ်ပါးကို ကူညီနိုင်သမျှ အရာတွေကို ကူညီပေးပါ

၎ ။ ချစ်ခြင်းမေတ္တာတရားနဲ့ ဘေးနားက လူတွေကို ဆက်ဆံပါ

၅ ။ ဘယ်အရာကို မှ မနာလို ၀န်တိုခြင်းမရှိပါစေနဲ့

အထက်ပါ ငါးချက်နဲ့ စတင်တဲ့ မနက်ခင်းတိုင်းဟာ
သင့်အတွက် ကောင်းမွန်ခြင်းတွေကို သာ ယူဆောင်လာမှာ သေချာပါတယ် 

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Tuesday, October 28, 2014

အောင်မြင်ခြင်းကိုပိုင်ဆိုင်မှ ပျော်ရွှင်ရတာမဟုတ်ပါဘူး

သင်အောင်မြင်လာရင် လူတွေ သတိထားမိကြလိမ့်မယ်
သင်ရှုံးနိမ့်သွားရင်တော့ ဘယ်သူမှ သတိထားမိကြမှာမဟုတ်ဘူး

အောင်မြင်သည်ဖြစ်စေ ရှုံးနိမ့်သည်ဖြစ်စေ သင်ပေးဆပ်လိုက်ရတဲ့
အရင်းအနှီးကိုတော့ ဘယ်သူမှ စိတ်မ၀င်စားတတ်ကြဘူး

လူတွေက သင့်ရဲ့ အောင်မြင်ခြင်း ဆိုတဲ့ အရာကိုသာ ကွက်ပြီး စိတ်ဝင်စားကြလိမ့်မယ်
ဒါကြောင့် ပညာရှိတွေပြောခဲ့ကြတဲ့စကားက

" အောင်မြင်ခြင်းနောက်ကိုချည်းပဲ လိုက်မနေပါနဲ့
သင်ရရှိလာမဲ့အောင်မြင်ခြင်းနဲ့ထပ်တူ
သင်ပေးဆပ်ရမဲ့အရင်းအနှီးနဲ့ချိန်ဆကြည့်ပါ

တခါတလေ အောင်မြင်ခြင်းနောက် ကျော်ကြားခြင်းနောက်ကို လိုက်နေရင်းနဲ့
ကိုယ့်ရဲ့အဖိုးတန် အချိန်တွေ ကုန်ဆုံးမှန်းမသိ ကုန်ဆုံးနေတတ်တယ် " တဲ့ ။

အောင်မြင်ခြင်းကိုပိုင်ဆိုင်မှ ပျော်ရွှင်ရတာမဟုတ်ပါဘူး
တခါတလေ အဓိပ္ပါယ်ရှိရှိ ရှုံးနိမ့်သွားရတာက အဓိပ္ပါယ်မရှိပဲ အောင်မြင်နေတာထက်
ပို ကျေနပ်ဖို့ကောင်းပါတယ် ။

သက်တန့်ချို 

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Monday, October 27, 2014

သင့်ဘ၀ရဲ့အချိန်တွေကို မဖြုန်းတီးမိပါစေနဲ့


လူတစ်ယောက်ချင်းစီအတွက် အချိန်က သိပ်တန်ဖိုးရှိပါတယ်

သင့်ဘ၀ရဲ့အချိန်တွေကို

- ကိုယ့်ကို တန်ဖိုးမထားတတ်တဲ့လူတွေနဲ့ မကုန်ဆုံးမိစေနဲ့

- လူတစ်ယောက်ရဲ့တန်ဖိုးကို ရွှေငွေ ဂုဏ်ရာထူးတွေနဲ့ ဆုံးဖြတ်တတ်တဲ့သူတွေနဲ့ မကုန်ဆုံးမိစေနဲ့

- လူပေါင်းစုံက သင့်အပေါ်ပေးတဲ့ ထင်မြင်ချက်တွေကြားမှာ မကုန်ဆုံးမိစေနဲ့

- ဒရာမာနဲ့ ဟန်ဆောင်မှုတွေကြားမှာ မနစ်မြုပ်မိစေနဲ့

- သိပ်အရေးမပါလှတဲ့ မျက်နှာဖုံးတပ် ဆက်ဆံရေးတွေကြားမှာ မကုန်ဆုံးမိစေနဲ့ ။

သက်တန့်ချို 

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Saturday, October 25, 2014

ကိုယ့်ဆီကနေ အပြီးဖျောက်ဖျက်သင့်တဲ့အကျင့် ၃ ခု


ကိုယ့်ဆီကနေ အပြီးဖျောက်ဖျက်သင့်တဲ့အကျင့် ၃ ခု

၁ ။ တစ်ခုခု ဖြစ်လာတဲ့အခါတိုင်း ကိုယ့်အပြစ်မဟုတ် သူတစ်ပါးကို အမြဲ လက်ညှိုးထိုးလွှဲချတတ်သော အကျင့်

၂ ။ ပြဿနာတစ်ခုခုကြုံလာတဲ့အခါ တစ်ပါးသူတွေ ဒုက္ခရောက်ရင်ရောက်ပါစေ ကိုယ်ဒုက္ခမရောက်ရင်ပြီးရော ကိုယ်လွတ်ရုန်းပြေးတတ်သော အကျင့်

၃ ။ ကိုယ်သာရင်ပြီးရော သူတစ်ပါးနာရင်နာပါစေ ကိုယ်အဆင်ပြေရင်ပြီးရော သူတစ်ပါးအပြင်မပြေရင်မပြေပါစေ အမြဲကိုယ့်ဖို့ ကြည့်တတ်သေအကျင့်

ထိုအကျင့် ၃ မျိုးကို ပိုင်ဆိုင်သော လူများအား ဝေးဝေးရှောင်ပါလေ မိတ်ဆွေ
ကိုယ့်မှာ ရှိနေခဲ့ရင်လည်း အမြန်ဖျောက်ဖို့ ကြိုးစားပါလေ ။

သက်တန့်ချို 



စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................