Tuesday, October 28, 2014

အောင်မြင်ခြင်းကိုပိုင်ဆိုင်မှ ပျော်ရွှင်ရတာမဟုတ်ပါဘူး

သင်အောင်မြင်လာရင် လူတွေ သတိထားမိကြလိမ့်မယ်
သင်ရှုံးနိမ့်သွားရင်တော့ ဘယ်သူမှ သတိထားမိကြမှာမဟုတ်ဘူး

အောင်မြင်သည်ဖြစ်စေ ရှုံးနိမ့်သည်ဖြစ်စေ သင်ပေးဆပ်လိုက်ရတဲ့
အရင်းအနှီးကိုတော့ ဘယ်သူမှ စိတ်မ၀င်စားတတ်ကြဘူး

လူတွေက သင့်ရဲ့ အောင်မြင်ခြင်း ဆိုတဲ့ အရာကိုသာ ကွက်ပြီး စိတ်ဝင်စားကြလိမ့်မယ်
ဒါကြောင့် ပညာရှိတွေပြောခဲ့ကြတဲ့စကားက

" အောင်မြင်ခြင်းနောက်ကိုချည်းပဲ လိုက်မနေပါနဲ့
သင်ရရှိလာမဲ့အောင်မြင်ခြင်းနဲ့ထပ်တူ
သင်ပေးဆပ်ရမဲ့အရင်းအနှီးနဲ့ချိန်ဆကြည့်ပါ

တခါတလေ အောင်မြင်ခြင်းနောက် ကျော်ကြားခြင်းနောက်ကို လိုက်နေရင်းနဲ့
ကိုယ့်ရဲ့အဖိုးတန် အချိန်တွေ ကုန်ဆုံးမှန်းမသိ ကုန်ဆုံးနေတတ်တယ် " တဲ့ ။

အောင်မြင်ခြင်းကိုပိုင်ဆိုင်မှ ပျော်ရွှင်ရတာမဟုတ်ပါဘူး
တခါတလေ အဓိပ္ပါယ်ရှိရှိ ရှုံးနိမ့်သွားရတာက အဓိပ္ပါယ်မရှိပဲ အောင်မြင်နေတာထက်
ပို ကျေနပ်ဖို့ကောင်းပါတယ် ။

သက်တန့်ချို 

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

No comments:

Post a Comment