Tuesday, November 17, 2009
ကမ္ဘာပေါ်ရှိ တန်ဖိုးအကြီးမားဆုံး Iphone
ကမ္ဘာပေါ်ရှိ တန်ဖိုးအကြီးမားဆုံး Iphone
အကယ်၍ သင်ဟာ ဖုန်းသရဲ တစ်ဦး ဆိုရင်တော့ ဒီဖုန်းကိုကြိုက်နှစ်သက်မိမှာ အမှန်ပါပဲ ။ Australia မှာနေတဲ့ Peter Aloisson က ဒီအိုင်ဖုန်းကို ပြုလုပ်ထားခြင်း ဖြစ်ပါတယ် ။ အကျိုးဆက်ကတော့ အိုင်ဖုန်း ဘုရင်မ (ကမ္ဘာပေါ်မှာ တန်ဖိုးအကြီးမားဆုံး ) ဖြစ်သွားပါတယ် ။ စိန်အလုံးပေါင်း ၁၃၈ လုံးကို အသုံးပြုထားပြီး အဲဒီစိန်တွေကို Princess cut လို့လည်း ခေါ်ပါတယ် ။ စိန်အလေးချိန်ပေါင်း ၁၇.၇၅ ကာရတ်ရှိပြီး ရွှေဖြူပေါင်း ၁၈ ကီလိုနဲ့ပြုလုပ်ထားပါတယ် ။တန်ဖိုးက ဒေါ်လာ ၁၇၆ ၄၀၀ ဖြစ်ပါတယ် ။ Brilian cut diamonds တွေချည်းပဲ ပြုလုပ်ထားတဲ့ ဖုန်းကတော့ ဒေါ်လာ ၆၆၁၅၀ ကျပါတယ် ။
စာရေးသူ.....သက်တန့်ချို (၁၁း၄၀ ည ၁၆.၉.၀၉)
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
8 comments:
  1. အော်... သူတို့လည်း ငွေပေါနေကြတယ် ထင်တယ်နော် တန်ဆာဆင်စရာ ဖုန်းကိုတောင် အခုလို လုပ်နိုင်တယ်။
    ခင်မင်လေးစားလျှက်
    ReplyDelete
  2. ကြိုက်တော့ကြိုက်တယ်။ ဒါပေမယ့် ၀ယ်ဘူး။
    အဟီးးးးးးးး
း)
    ReplyDelete
  3. မင်္ဂလာပါ ကိုသက်တန့် ရေ..
    ဖုန်းလေးကိုတော့ လိုချင်သား။ မ၀ယ်နိုင်လို့သာ။
    ခင်မင်စွာဖြင့်
    ကိုမျိုး
    ReplyDelete
  4. မကိုင်ရဲပါဘူး။
    ပျောက်သွားရင်နှမြောစရာကြီး...
    ReplyDelete
  5. မောင်လူအေးNovember 19, 2009 at 9:00 AM
    ရွှေဖြူ ၁၈ ကီလိုဆိုတော. ၃၇ ပေါင် ကျော်လေးမှာနော်....ဟမ်းဖုန်းမဟုတ်ပဲ ထမ်းဖုန်းဖြစ်နေမှာပေါ. ... အင်း .. i phone တလုံးကို ဘယ်လို ၃၇ပေါင် လေးအောင်လုပ်တယ်မသိ ..... ဘာသာပြန်များ လွဲသလားဗျာ ...
    ReplyDelete
  6. ဟုတ်ပါ့ကိုလူအေးရေ...မှားသွားပြီ 18K လို့ရေးထားတာဗျ ဟီး ဆောရီး....
    ReplyDelete
  7. ၀ယ်ပေးနိုင်တာလည်းမဟုတ်ပနဲ့ 
    nokia n8
    iphone 4
    sony xeperia x10
    htc desire
    black berry
    လိုချင်တယ် ၀ယ်ပေးဝယ်ပေးးးးးးးးးးးးးးးး
း( ဂရားဂရား
    ReplyDelete
  8. မြန်မာတွှေအတွက်ဝေးလွန်းနေတယ်ဖုန်းဈေးတွေပဲကျပါစေဆုတောင်းပေးပါတယ်
    ReplyDelete