Thursday, May 20, 2010

လှို့ဝှက်ဆန်းကြယ်သော ကျောက်တုံးကြီးများ

လှို့ဝှက်ဆန်းကြယ်သော ကျောက်တုံးကြီးများ



လှို့ဝှက်ဆန်းကြယ်တဲ့ ကျောက်တုံးကြီးတွေကို ကမ္ဘာအရပ်ရပ်နေရာအနှံ့အပြားမှာ တွေ့ရှိခဲ့ရပါတယ် ။ ပိရမစ် တွေကဲ့သို့ပဲ အဲဒီကျောက်တုံးကြီးတွေရဲ့ ဖြစ်ပေါ်လာရခြင်းအကြောင်းအရင်း ဇစ်မြစ်တွေကို ဘယ်သူမှ မသိပဲ ထူးခြားဆန်းကြယ်မှုတွေနဲ့ ပြည့်နှက်နေတုန်းပဲ ရှိပါတယ် ။ Costa rica ဟာ ထူးဆန်းဆန်းကျယ်တဲ့ လုံးဝန်း ၀ိုင်းစက် နေတဲ့ ကျောက်တုံးတွေအများကြီး တွေ့ရှိရာ နိုင်ငံတွေထဲက တစ်ခု ဖြစ်ပါတယ် ။

ကျောက်တုံးတွေကို ပထမဆုံး ၁၉၃၀ မှာ ပထမဆုံးရှာဖွေတွေ့ရှိခဲ့ပါတယ် ။ ဘူမိဗေဒ အပြည်ပြည်ဆိုင်ရာ ပညာရှင်တွေကြားမှာ အဲဒီတွေ့ရှိမှုဟာ ဆန်းပြားတဲ့ ပဟေဋ္ဌိ သဖွယ် ဖြစ်နေပြီး အဲဒီကျောက်တုံးတွေက ဘယ် နေရာက လာသလဲ သူတို့ကို ဘယ်လိုအသုံးချရသလဲဆိုတာ အတိအကျ မသိကြသေးပါဘူး ။ အချို့သော သိပ္ပံ ပညာရှင်တွေကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ လောက်ကတည်းက ဒီကျောက်တုံးတွေတည်ရှိနေခဲ့ပြီး ဒီအရာ တွေဟာ အလွန်ရှေးကျတဲ့ ယဉ်ကျေးမှု ဆိုင်ရာ ပြယုဉ်တစ်ခုဖြစ်နိုင်တယ်လို့ဆိုပါတယ် ။ အချိုကတော့ ဒီကျောက်တုံး တွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀၀ လောက်တိုင်အောင် သက်တမ်းရှိတယ်လို့ဆိုပါတယ် ။







ဒေသခံတွေကတော့ အဲဒီကျောက်တုံးကြီးတွေကို Las Bolas လို့ခေါ်ပြီး အဲဒီအရာတွေကို Costa Rica အနီးတ၀ိုက်မှာ များပြာစွာ တွေ့ရပါတယ် ။ အခြား Latin American နိုင်ငံတွေမှာလည်းတွေ့နိုင်ပြီး ခန့်မှန်းပြောရမယ်ဆိုရင်တော့ ဒီကျောက်တုံးတွေဟာ ပိရမစ်တွေကဲ့သို့ သဘောသဘာဝအလွန်နီးစပ်တယ်လို့ သိရပါတယ် ။

သက်တန့်ချို
20 May 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

2 comments:

  1. ကျောက်ဒိုး ဝိုင်းဝိုင်းကြီးတွေကိုတွေ့တော့ ငယ်ငယ်က ကျွင်းစိန်ခဲ့တဲ့ ကျောက်ဒိုး (ဂေါ်လီ) တွေကို သွားပြန်သတိရမိတယ်....ငယ်ငယ်ကဆို ကိုယ်ဝယ်တဲ့ ကျောက်ဒိုးက သေချာမဝိုင်းရင် အရမ်းစိတ်ညစ်ခဲ့ရတယ်... ဒီလိုနှစ်ချို့ ကျောက်ဒိုးမျိုးသာရရင် ဘယ်တော့မှ ကွဲတော့မှာမဟုတ်ဘူး......:D

    ReplyDelete
  2. ဒီကျောက်ဒိုးလေးတွေနဲ့ 

    ဂေါ်လီရိုက်မယ်လေ အကိုတော် ... :P

    ReplyDelete