Wednesday, May 12, 2010

မျက်နှာတစ်ခုလုံး ၁၆ ပေါင်လေးတဲ့ ကျူမာ(Tumor)

မျက်နှာတစ်ခုလုံး ၁၆ ပေါင်လေးတဲ့ ကျူမာ(Tumor)


Haitian မိန်းကလေးတစ်ဦးဟာ သူမရဲ့ မျက်နှာမှာ ၁၆ ပေါင်အလေးချိန်ရှိတဲ့ ကျူမာအလုံး ကြီးတစ်ခု ကို အောင်မြင်စွာ ခွဲစိတ်နိုင်ခဲ့ပါတယ် ။ Marlie Casseus ဟာ Haiti မှ မိန်းကလေးတစ်ဦး ဖြစ်ပါတယ် ။ သူမဟာ အသက် ၁၄ နှစ်အရွယ်အထိတော့ သာမန်ဘ၀မျိုးနဲ့ ရှင်သန်နေထိုင်ခဲ့ပါတယ် ။ ဒါပေမယ့် ၁၄ နှစ်ကျော်ပြီး တဲ့အခါမှာတော့ ထူးဆန်းတဲ့ ရောဂါတစ်ခုကြောင့် ထိတ်လန့်အံ့သြဖွယ်ကောင်းလောက်အောင်ပဲ အရုပ်ဆိုး အကျည်း တန်စေတဲ့ အလုံးအကျိတ်ကြီးကြောင့် သူမရဲ့ မျက်နှာဟာ မမှတ်မိတော့လောက်အောင်ပဲ ပြောင်းလဲ သွားခဲ့ ပါတယ် ။ အကျိုးဆက်အနေနဲ့ကတော့ ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုသာမကပဲ စိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေပါ ရရှိခဲပါတယ် ။ သူမရဲ့ ရုပ်ဆိုးတဲ့ အသွင်သဏ္ဍာန်ကြောင့် သူမရဲ့ သူငယ်ချင်းတွေ အိမ်နီးနားချင်းတွေက ရှောင် ဖယ် စွန့်ခွာခဲ့ကြပါတယ် ။

ဖြစ်ပွားတဲ့ရောဂါကတော့ အလွန်ရှားပါတဲ့ မျိုးဗီဇနဲ့ဆိုင်တဲ့ Polyostotic fibrous dysplasia ဆိုတဲ့ ရောဂါပဲ ဖြစ်ပါ တယ် ။ အဲဒီရောဂါက ဖြစ်ပွားခံရသူရဲ့ အရိုးတွေကို ပွလာစေပြီး ဂျယ်လီကဲ့သို့ ပျော့ပြောင်းလာစေပါတယ် ။ သူမဟာ မျက်နှာရုပ်ပျက်ဆင်းပျက်ဖြစ်ရုံသာမကပဲ အမြင်အာရုံလည်း ဆုံးရှုံးခဲ့ရပါတယ် ။ ဘာကြောင့်လည်းဆို အဲဒီကျူမာ အလုံးကြီးက သူမ မျက်ဝန်းအိမ် ကို ဖိနှိပ်ခဲ့သောကြောင့် ဖြစ်ပါတယ် ။ ကံကောင်းထောက်မစွာနဲ့ပဲ အကျိုး အမြတ်မထားတဲ့ Good Samaritan Organization အဖွဲ့က သူမကို ကူညီပြီး United States ကိုပို့ ဆောင်ခဲ့ပါတယ် ။

Jackson Memorial Medical Center ဟာ Miami မှာတည်ရှိပြီး အဲဒီဆေးရုံက ဆရာဝန်တွေက သူမရဲ့ အခြေ အနေကိုလေ့လာသုံးသပ်ခဲ့ပါတယ် ။ ဆေးရုံရဲ့ အပြည်ပြည်ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့က သူမအ တွက် ခွဲစိတ်ဖို့ အလှူငွေကောက်ခံပေးခဲ့ပါတယ် ။ အလှူငွေကို တစ်ကမ္ဘာလုံးကနေ ကောက်ခံ ခဲ့ပြီးအဲဒီ မိန်းက လေးကို ခွဲစိတ်မယ့် ဆရာဝန်တွေကိုယ်တိုင် အလှူငွေတွေထည့်ဝင်ခဲ့ပါတယ် ။ သူမရဲ့ မျက်နှာက ဆက် လက်ကြီးထွားနေတဲ့ ကျူမာအစိတ်အပိုင်းတွေကို ဖယ်ထုတ်ဖို့အတွက် ၁၇ နာရီတိတိကြာမြင့်ခဲ့ပါတယ် ။ ခွဲစတ်မှုပြီး သွားတဲ့အခါမှာတော့ Marlie ဟာ တည်ငြိမ်တဲ့အခြေအနေနဲ့ Holtz Children's Hospital မှာ လွပ်လပ် စွာ အသက်ရှုနေနိုင်ပြီး ရှင်သန်ခွင့်ရရှိခဲ့ပါတယ် ။ ပထမဆုံးခွဲစိတ်မှုမှာ အရိုးအစိုင်အခဲတွေနဲ့ ဂျယ်လီကဲ့ သို့ ကျူမာအစိတ်အပိုင်းတွေကို ခွဲထုတ်ပြီး Marlie ရဲ့အောက် ဖက်မျက်လုံး အိမ်ကိုပြန် လည်ပြုပြင် ဖို့အတွက် Metal Plates တွေ အစားထိုးခဲ့ရပါတယ် ။ နောက်ဆုံးမှာ သူမရဲ့ အတွင်းဖက် နှာခေါင်းပိုင်းကို ပြုပြင် ခဲ့ရ ပါတယ် ။ အပေါ်ကပုံဟာ မခွဲစိတ်ခင်နဲ့ ခွဲစိတ်ပြီးပုံကို ယှဉ်ပြထားတဲ့ပုံဖြစ်ပါတယ် ။

သက်တန့်ချို
12 May 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

5 comments:

  1. တော်တော်သနားဖို့ကောင်းတယ်နော်... ဘယ်ဘ၀က၀ဋ်လဲ မသိ

    ReplyDelete
  2. အေးဗျာ ကြောက်စရာကြီးနော် သနားလည်းသနားတယ် အနာကိုကြောက်တယ်

    ReplyDelete
  3. အံ့သြစရာကောင်းလိုက်တာ..။

    ReplyDelete
  4. တော်တော်ကို ဝဋ်ကြီးတာပဲနော်။
    ကြည့်ရတာ ကြောက်စရာကောင်းသလို
    တော်တော်လည်း သနားဖို့ကောင်းပါတယ်။
    ခွဲစိတ်ထားတော့ တော်တော်လေးကို နေရထိုင်ရကောင်းသွားတော့မှာပါ တော်သေးတယ်နော် အောင်မြင်သွားလို့..

    ReplyDelete