Thursday, July 15, 2010

ဆေးလိပ်သောက်တတ်နေတဲ့ အသက် ၃ နှစ်ကလေးငယ်

ဆေးလိပ်သောက်တတ်နေတဲ့ အသက် ၃ နှစ်ကလေးငယ်

ဘေဂျင်း ဂျူလိုင် ၁၅ (Xinhuanet) - လတ်တလော အစီရင်ခံစာတွေနဲ့ အင်တာနက်ဗွီဒီယိုတွေကြားမှာ အသက် ၂ နှစ်အရွယ် အင်ဒိုနီးရှာ ယောင်္ကျားလေးတစ်ဦး ဆေးလိပ်စွဲနေတယ်ဆိုတဲ့ သတင်းဟာ ကမ္ဘာတ၀ှမ်းလုံးကို အတော့်ကို တုန်လှုပ်သွားစေခဲ့ပါတယ် ။ ကဲ အခုဆိုရင် တရုတ်ပြည်မှာ Yawen လို့ခေါ်တဲ့ ကလေးငယ်လေးက အသက် ၃ နှစ်ပဲရှိပါသေးတယ် ။ ပုံကိုရှုစားလိုက်ပါဦး ။




အင်ဒိုနီးရှားကလေးငယ်လိုပဲ Huizhou မှYawen ဟာ Guangdong စီရင်စုမှ အစီရင်ခံစာတွေအရ ဒီကလေး ငယ်ဟာ ဆေးလိပ်တလိပ်မသောက်ရရင်တောင်အလွန်အမင်းဒေါသထွက်နေဟန်ရှိပြီး ဆေးလိပ်ကို အလွန်အ ကျွံစွဲလမ်း တယ်လို့ဆိုပါတယ် ။

ဒါပေမယ့်လည်း သူမဟာ အင်ဒိုနီးရှား ယောင်္ကျားလေးနဲ့မတူတာက သူမက ကျန်းကျန်းမာမာပဲရှိပါတယ် ။ အစီအရင်ခံစာအရ သူမဟာ ၂၀၀၉ ခုနှစ် ဖော်ဝါရီလမှာ ကားတိုက်မှုဖြစ်ပြီး ငါးရက် လောက်မေ့ မျောနေခဲ့ ဖူးပါတယ် ။

မနှစ်က ဂျွန်လအထိ ဆေးရုံမှာပဲ နေခဲ့ရပါတယ် ။ မကြာခင်မှာပဲ ဆေးလိပ်သောက်တတ်လာပြီး ဆေးလိပ်ဝယ်ဖို့ မိဘတွေဆီက ပိုက်ဆံတွေ ခိုးယူတတ်ခဲ့ပါတယ် ။ သူမအမေကိုတော့ သကြားလုံးဝယ်စားဖို့လို့ လိမ်ပြော ခဲ့ပါ တယ်။

ကလေးငယ်ရဲ့အမေကတော့ အောက်တိုဘာလကစပြီး ကလေးဟာ တစ်နေ့ ဆေးလိပ် တစ်ဘူး လောက်ထိ သောက် တတ်လာခဲ့တယ်ဆိုပါတယ် ။ ကလေးကို ဆေးလိပ်ပြတ်အောင်နည်းအမျိုးမျိုးနဲ့ ကြိုးစားခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့ဘူးလို့ ဆိုပါတယ် ။

ဆရာဝန်တစ်ဦးကတော့ သူမဟာ အက်ဆီးဒင့် တစ်ခုကြောင့် အလွန်အမင်း ထိခိုက်ခံခဲ့ရပြီး ဆေးလိပ် သောက် ခြင်းက ကလေးငယ်ကို ပိုပြီး သက်သာစေသယောင်ဖြစ်ခဲ့တာကြောင့် ဆေးလိပ်စွဲတာဖြစ်တယ်လို့ ပြောဆိုခဲ့ ပါတယ် ။ ဒါ့အပြင်ကလေးငယ်ဟာ အရက်လည်းသောက်တတ်ခဲ့ပါတယ်။ သူမအမေကတော့သူမကို စိတ်ရောဂါ ဆရာဝန်ဆီသွားပြီပြီး သူမရဲ့စွဲလမ်းမှုကို ကုသမယ်လို့ဆိုပါတယ် ။

Source : Global Times/Yangcheng Evening News

သက်တန့်ချို
15 July 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

3 comments:

  1. ကျမအထင်နေတော့ ဒါဟာ မမြင်နိုင်တဲ့ တစ်ခုခု ပူးကပ်ဝင်ရောက်သွားတာဖြစ်နိုင်တယ်...။ မယုံနိုင်စရာတွေက လောကမှာ အများကြီးလေ..။

    ခင်မင်စွာဖြင့်
    မိုးငွေ့

    ReplyDelete
  2. စိတ်ညစ်စရာကြီးးးးးးးး
    ဘာတွေဖြစ်ကုန်ပြီလဲမသိတော့ပါဘူးးးးးးးး

    ReplyDelete
  3. ဒီမှာတစ်ခါတော့ ကလေးကို လူကြီးတွေက ဆေးလိပ်လျှောက်တိုက်လို့ အမြင်မတော်တဲ့လူက ဖုန်းကင်မရာနဲ့ ရိုက်ထားပြီး သွားတိုင်တာ ဒါဏ်ရိုက်ခံလိုက်ရတယ်..။

    ReplyDelete