Thursday, July 15, 2010

တောရွာမှာရှာတွေ့ခဲ့တဲ့ အလွန်သေးငယ်သောမျောက်ကလေး

တောရွာမှာရှာတွေ့ခဲ့တဲ့ အလွန်သေးငယ်သောမျောက်ကလေး





Loris ဆိုတာဟာ အလွန်သေးငယ်ပြီး ညဖက်မှာသာထွက်လေ့ရှိတဲ့ ရှားပါး မျောက်မျိုးနွယ်ဝင်ဖြစ်ပါတယ် ။ သူတို့ဟာ အလွန် ထူထပ် တဲ့စိုက်ပျိုးခင်းတွေမှာ နေထိုင်ကျက်စားပြီးတောင် အာရှမှာ ကျက်စားလေ့ရှိပါတယ် ။ ဒီလိုရှားပါးတဲ့ အလွန်သေးငယ်တဲ့မျောက်ကလေးကို Hao Qingfa ဆိုတဲ့ လယ်သမားတစ်ဦးက သူ့ရဲ့ သစ်သီးခြံထဲမှာ ဂျူလိုင် ၈ ရက်နေ့မှာ တွေ့ရှိခဲ့တာဖြစ်ပါတယ် ။ အဲဒီလယ်သမားဟာ Hebei စီရင်စု Qian'an အတွင်း Genghuangshan ရွာ ကလေး မှာ နေထိုင်တာဖြစ်ပါတယ် ။

ဒီမျောက်မျိုးနွယ်တွေဟာ အလွန်ရှားပါးတဲ့ သေးငယ်သော နို့တိုက်သတ္တ၀ါဖြစ်ရုံမကပဲ တရုတ်ပြည်မြောက်ဖက် ကီလိုမီတာ ပေါင်း များစွာ ကွာဝေးတဲ့ အပူပိုင်းမိုးသစ်တောတွေထဲမှာ ရှာဖွေတွေ့ရှိလေ့ရှိပါတယ်။ ဒီမိုးသစ်တော တွေဟာ ယူနန်တောင်ပိုင်းမှာ တည်၇ှိပြီး ဒီမျောက် ကလေးတွေအကြောင်းဟာ ထူးဆန်းပြီး ဒဏ္ဍာရီဆန်လှပါတယ် ။

တောတွင် လေ့လာရေးအဖွဲ့ကတော့ဒီကောင်လေးဟာ အိမ်မွေးဖြစ်ပုံရပြီး ပိုင်ရှင်ဆီက လွတ်ထွက်လာတာ ဖြစ်နိုင် တယ်လို့ ဆိုပါတယ် ။ တရုတ်ပြည်မှာဆိုရင်တော့ ဒီမျောက်မျိုးဟာ ကာကွယ်ထားတဲ့ ဥပဒေရှိပြီး သူတို့ကို ထိခိုက် ရင်ထောင်ဒါဏ်ထိ ကျခံရနိုင်ပါတယ် ။

Source : Global Times

www.thettantcho.com

သက်တန့်ချို
15 July 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

No comments:

Post a Comment