Friday, September 24, 2010

Allergy အကြောင်းသိကောင်းစရာ

Allergy အကြောင်းသိကောင်းစရာ



Allergy ဆိုတာဘာလဲ ?

Allergy ဆိုတာ ဓါတ်မတည့်မှုပုံစံတစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ်ရဲ့ခုခံအားစနစ် (Immune System) ရဲ့ ချို့ယွင်း မှုတစ်ခုဖြစ်ပါတယ် ။ ဓါတ်မတည့်မှုတွေဟာ အထူးသဖြင့် ပတ်ဝန်းကျင်က အန္တရာယ်မရှိတဲ့ ဓါတ်မတည့်မှု ဖြစ်စေတဲ့အရာတွေနဲ့ ထိတွေ့မှုကြောင့် ဖြစ်ပါတယ် ။ အဲဒီ ဖြစ်စဉ်ဟာ အလွန်ကိုပဲ လျှင်မြန်ပြီး ကြိုတင် လည်းခန့်မှန်းလို့ရပါတယ် ။ Allergy ဟာ Hypersensitivity လို့ခေါ်တဲ့ ဓါတ်မတည့်မှု ဖြစ်စဉ်တွေထဲက နံပါတ် တစ် Type I ဖြစ်ပါတယ် ။ ဒီဖြစ်စဉ်ဟာ mast cells နဲ့ basophils လို့ခေါ်တဲ့ အချို့သော သွေးဖြူဥဆဲလ်တွေကို IgE လို့ခေါ်တဲ့ Antibody တစ်မျိုးကနေပြီး အလွန်အမင်းလှုံ့ဆော်ပေးမှုကြောင့် အကျိုးဆက်အနေနဲ့ လွန်စွာ ရောင်ရမ်းခြင်း (Inflammatory Response) ဖြစ်ပေါ်လာခြင်းပဲ ဖြစ်ပါတယ် ။ အဖြစ်များတဲ့ ဓါတ်မ တည့်မှုဖြစ်စဉ်တွေကတော့ နှင်းခူနာ ၊ ၀တ်မှုံတွေကြောင့် ဖြစ်တဲ့ hay fever ၊ ပန်းနာရင်ကြပ်ရောဂါ ၊ အစား အစာ ဓါတ်မတည့်မှုများနဲ့ အချို့သော အင်းဆက်ပိုးမွှားကိုက်ခဲခံရမှုကြောင့် ဖြစ်ပေါ်လာတဲ့ reaction များပဲ ဖြစ်ပါတယ် ။


Hay Fever လို့ခေါ်တဲ့ သိပ်မပြင်းထန်တဲ့ ဓါတ်မတည့်မှုမျိုးကတော့ လူထုထဲမှာ အဖြစ်များပြီး မျက်စိနာခြင်း ၊ ယားယံခြင်းနဲ့ နှာရည်ယိုခြင်းစတဲ့ လက္ခဏာတွေဖြစ်လေ့ရှိပါတယ် ။ Allergy တွေဟာ ပန်းနာရင်ကျပ်ရော ဂါမှာ လည်း အဓိက အစိတ်အပိုင်းကနေပါဝင်ပါတယ် ။ အချို့သောလူတွေမှာတော့ ပတ်ဝန်းကျင် (သို့မဟုတ်) အစား အသောက်မှာပါတဲ့ ဓါတ်မတည့်တဲ့အရာတွေကြောင့် အလွန်ပြင်းထန်တဲ့ ဓါတ်မတည့်ခြင်းမျိုးဖြစ်စေနိုင်ပြီး အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တဲ့ Anaphylactic reaction တွေဖြစ်ပေါ်နိုင်ပါတယ် ။

ဓါတ်မတည့်ခြင်းအခြေအနေကို သိရှိနိုင်ဖို့ ယခုအချိန်မှာ စမ်းသပ်နိုင်မှု (Test) တွေ အများကြီးပေါ်ပေါက်နေပြီ ဖြစ်ပါတယ် ။ အဲဒီအထဲမှာမှ အရေပြားကို ဓါတ်မတည့်မှုဖြစ်စေတဲ့အရာတစ်ခုခုကို ထိတွေ့စေပြီး သွေးထဲ မှာပါရှိတဲ့ ဓါတ်မတည့်ခြင်းနဲ့သက်ဆိုင်တဲ့ (Allergen-specific IgE) အဆင့်ကို တိုင်းတာခြင်းပဲ ဖြစ်ပါတယ် ။ Allergy ကို ကုသမှုတွေကတော့ ဓါတ်မတည့်မှုကိုဖြစ်ပေါ်စေတဲ့ အရာတွေကို ရှောင်ရှားခြင်း ၊ Anti-histamines ၊ steroid နဲ့ အခြား ဆေးတွေကို သုံးစွဲခြင်း ၊ Allergen တွေနဲ့ ထိတွေ့တဲ့အခါ ဓါတ်မ တည့် မှုဖြစ်စဉ်ကိုနည်းပါးအောင်ပြုလုပ်ခြင်း (Desensitize) နဲ့ Immunotherapy ပေးခြင်းစသည်တို့ ပဲ ဖြစ်ပါတယ် ။

Allergy ရဲ့ လက္ခဏာတွေက ဘာတွေလဲ ?

ဓါတ်မတည့်မှုကို ဖြစ်စေတဲ့အရာတွေကတော့ ဖုန်မှုန့် ၊ ပန်းဝတ်မှုံ စသဖြင့်အမျိုးမျိုးရှိပြီး အဲဒါတွေကိုတော့ Airborne particles တွေလို့ခေါ်ပါတယ် ။ အဲဒီလိုအခါမှာတော့ လေနဲ့ ထိတွေ့တာနဲ့တင် ဓါတ်မ တည့်မှု တွေဖြစ်စေနိုင်ပါတယ် ။ ( ဥပမာ မျက်စိ ၊ နှာခေါင်း နှင့် အဆုတ်စသည် ) ဓါတ်မတည့်မှုကြောင့်ဇြစ်တဲ့ နှာမွှန်ခြင်း (Allergic Rhinitis) ကို hay fever လို့ အသိများပြီး နှာခေါင်းအတွင်းမအီမသာဖြစ်ခြင်း ၊ နှာချေခြင်း ၊ ယား ယံခြင်းနဲ့ မျက်လုံးနီရဲခြင်းတို့ကို ဖြစ်စေနိုင်ပါတယ် ။ ရှူသွင်းလိုက်တဲ့ ဓါတ်မတဲ့စေတဲ့အရာတွေကြောင့် လေပြွန်ပေါက်တွေကျဉ်းမြောင်းပြီး အသက်ရှူကျပ်တဲ့ လက္ခဏာတွေကို ခံစားရနိုင်ပါတယ် ။ အဲဒီအချိန်မှာ အဆုတ်ထဲမှာ Mucus (အချွဲရည်) တွေ ထုတ်လုပ်မှုကို များစေပြီး မောပန်းခြင်း ၊ အသက်ရှုမ၀ခြင်း ချောင်းဆိုးခြင်းနဲ့ အသက်ရှူစဉ် တရွှီရွှီမြည်ခြင်းတို့ကို ခံစားရနိုင်ပါတယ် ။

အစားအသောက်တွေ ၊ အင်းဆက်ပိုးမွှားကိုက်ခဲခံရမှုကြောင့်ဖြစ်တဲ့ ဓါတ်မတည့်ခြင်းမျိုးကိုတော့ Aspirin (သို့မဟုတ်) Penicillin ကဲ့သို့ ပဋိဇီဝပိုးသတ်ဆေးတွေနဲ့ ကုသနိုင်ပါတယ် ။ အစားအ သောက် ကြောင့် ဓါတ်မတည့်ခြင်းမျိုးမှာ ဗိုက်အောင့်ဗိုက်နာခြင်း ၊ ဗိုက်ဖောခြင်း ၊ အန်ခြင်း ၊၀မ်းသွားခြင်း ၊ အ ရေပြားယားယံခြင်းနဲ့ အရေပြားယောင်ရမ်းခြင်းမျိုး ဖြစ်စေနိုင်ပါတယ် ။ အစားအသောက်ကြောင့် ဓါတ်မ တည့် ခြင်းမျိုးမှာ အသက် ရှူလမ်းကြောင့်ဆိုင်ရာ (ဥပမာ ရင်ကျပ်ခြင်းနဲ့ နှာမွှန်ခြင်း) မျိုးဖြစ်ခြင်းဟာ ရှားပါးပါတယ် ။

အင်ဆက်ပိုးမွှားကိုက်ခဲခံရခြင်း ၊ ပိုးသတ်ဆေးများနဲ့ အချို့သော ဆေးများကြောင့် စနစ်အလိုက် ဓါတ်မ တည့်ခြင်းမျိုး (Systemic allergic response) များဖြစ်စေနိုင်ပြီး ဒါကို Anaphylaxis လို့ ခေါ်ပါတယ် ။ ခန္ဓာကိုယ်ရှိ အတွင်းအဂါင်္များ ထိခိုက်ခံရနိုင်ပြီး အစာအိမ်နှင့်အူလမ်းကြောင်း ၊ အသက်ရှူလမ်းကြောင်း ၊ သွေး လည်ပတ်မှုလမ်းကြောင်းတို့ ပါဝင်ပါတယ် ။ ပြင်းထန်မှုနှုန်းအပေါ်မှုတည်ပြီး အရေပြားယောင်ရမ်းခြင်း ၊ လေပြွှန် ကျဉ်းမြောင်းခြင်း ၊ ခြေလက်ရောင်ခြင်း ၊ သွေးပေါင်ချိန်ကျခြင်း ၊ သတိလစ်မေ့မျောခြင်း နဲ့ နောက်ဆုံး အသက် ဆုံးရှုံးသည်အထိ ဖြစ်စေနိုင်ပါတယ် ။ ဒီလိုဓါတ်မတည့်မှုမျိုးကတော့ ရုတ်တ ရက်ချက်ခြင်း ဇြစ်ပေါ်စေ နိုင်သလို အချိန်ကြာပြီးတော့မှလည်း ဖြစ်ပေါ်နိုင်ပါတယ် ။ တခါတရံ ဓါတ်မတည့်မှုကြောင့်ဖြစ်တဲ့ ပြင်းထန်တဲ့ allergic response တွေဟာ epinephrine ပေးဖို့လိုအပ်ပါတယ် ။

ရာဘာစေးကဲ့သို့ ဓါတ်မတည့်မှုဖြစ်စေတဲ့အရာနဲ့ အရေပြားကို ထိတွေ့မိရင်တော့ ဖြစ်ပေါ်တတ်တဲ့ ဓါတ်မ တည့် ခြင်းမျိုးမှာ အရေပြားရောင်ရမ်းခြင်း နဲ့ နှင်းခူနာတွေဖြစ်စေနိုင်ပါတယ် ။ အရေပြားရောင်ရမ်းခြင်းမျိုးမှာ အနီ ကွက်ထွက်ခြင်း ၊ ရောင်ရမ်းခြင်း စသဖြင့်ဖြစ်စေနိုင်ပြီး Wheal and flare reaction လို့လည်း အသိ များပါတယ် ။

Allergy ဖြစ်စေတဲ့အကြောင်းအရင်းတွေက ဘာတွေလည်း ?



ဓါတ်မတည့်ခြင်းဖြစ်စေတဲ့အရောင်းအရင်းကို ခေါင်းစဉ်ခွဲကြည့်မယ်ဆိုရင် Host နဲ့ Environmental factors ဆိုပြီး ခွဲခြားနိုင်ပါတယ် ။ Host Factor ထဲမှာဆိုရင် မျိုးရိုးဗီဇ ၊ လိင်အမျိုးအစား ၊ လူမျိုး နဲ့ အသက် အရွယ်စ သဖြင့် ပါရှိပါတယ် ။ ဒါပေမယ့်လည်း မျိုးရိုးဗီဇ (Genetic Factors ) တစ်ခုထဲနဲ့ ဖြေရှင်းလို့မရနိုင်တဲ့ ဓါတ်မတည့်ခြင်းမျိုးတွေဟာ များပြားလို့လာပါတယ် ။ အဓိက ပတ်ဝန်းကျင်ဆိုင်ရာ အဖြစ်များ စေတဲ့အ ကြောင်း အရင်း လေးခုကတော့

-ငယ်ရွယ်စဉ်မှာ ပိုးမွှားကြောင့်ဖြစ်တဲ့ ရောဂါတွေ (Infectious diseases) တွေ ထိတွေ့ခံရခြင်း
-ပတ်ဝန်းကျင်ညစ်ညမ်းမှုများ
-ဓါတ်မတည့်စေသောအရာ (Allergen Levels)
-အစားအသောက် ပုံစံ ပြောင်းလဲခြင်း စသည်တို့ပဲ ဖြစ်ပါတယ် ။

Food Allergens များ

-မြေပဲ
-pecan ဟုခေါ်သော ပန်းညိုရောင်အခွံရှိသော စားရသည့်သစ်စေ့
-pistachio ဟုခေါ်သော အစိမ်းရောင်စိမ့်သော အခွံမာသီးတစ်မျိုး
-သစ်ကြားသီး
-နှမ်း
-ဘိန်းပန်း စသည်တို့ဖြစ်ပါတယ် ။

ကြက်ဥ ၊ ဘဲဥ စသည်တို့မှ ဓါတ်မတည့်ခြင်းတွေကတော့ ကလေးငယ်များ အသက် ငါးနှစ်အရွယ်မှာ အယောက် ငါးဆယ်မှာ တစ်ယောက်တွေ့ရလေ့ ရှိပါတယ် ။ အဓိက ဓါတ်မတည့်ခြင်းဖြစ်စေတာကတော့ ကြက်ဥ ၊ ဘဲဥမှ အနှစ်များမဟုတ်ပဲ အဖြူရောင် ပရိုတိန်းအလွှာပဲဖြစ်ပါတယ် ။ နွားနို့ ၊ ဆိတ်နို့ နှင့် သိုးမှရသော နို့ ၊ ဒိန်ခဲစ သည်တို့ကလည်း Food allergens များပဲ ဖြစ်ပါတယ် ။ အခြား အစားအသောက်မှ ဓါတ်မတည့် မှုဖြစ်စေတဲ့အရာတွေကတော့ ပဲပိစပ် ၊ ဂျုံစေ့ ၊ ငါး ၊ shellfish ငါး (အခွံမာရှိ၍စားကောင်းသောငါး ) ၊ သစ်သီး သစ်ရွက်များ နဲ့ အခြား သဘာဝမဟုတ်တဲ့ အရောင်အနံ့အရသာ နဲ့ပြုလုပ်ထားတဲ့ စားသောက် ဖွယ် ရာတွေပဲ ဖြစ်ပါတယ် ။

Non-food protein allergen များ

-ကြက်ပေါင်စေး ၊ ရာဘာစေး
-ကီဝီသီး
-ထောပတ်သီး
-သစ်အယ်သီး
-ငှက်ပျောသီး စသည်တို့ ဖြစ်ပါတယ် ။

Ref : Wikipedia

ဆက်လက်ရေးသားပါဦးမည် ။

သက်တန့်ချို
24 September 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

6 comments:

  1.ံIS THERE ANY MEDICATION FOR HAY FEVER?

    ReplyDelete
  2. အဓိကကတော့ allergen ကြောင့်ဖြစ်တဲ့အတွက် exposure ကိုရှောင်ရှားနိုင်ရင်တော့အကောင်းဆုံပါပဲ ။ ကုသမှုတွေကတော့ Anti-histamine တွေပေးလို့ရပါတယ် ။ ဥပမာ Chlorpheniramine , Fexofenadine တို့လိုမျိုး နောက်ပြီး ဒီထက်ကောင်းတဲ့ ဆေးဝါးကုသမှုတွေလည်းရှိပါသေးတယ် ။ နီးစပ်ရာ ဆရာဝန်နဲ့ တိုင်ပင်ပြီး Specific Treatment ရယူနိုင်ပါတယ် ။

    ReplyDelete
  3. သယ်ရင်းရေ
    ပူးတေတို့က မောင်နှမ ၃ယောက်လုံး allergy ရှိတယ်... အဖေအမေမှာတော့ တခါမှ ဖြစ်တာမတွေ့ဖူးဘူး.... ၃ ယောက်ထဲမှာ အစ်ကိုနဲ့ ညီမလေးက သိပ်မဖြစ်ဘူး... ပူးတေက အဆိုးဆုံး... မှတ်မိတာက ၆ တန်းနှစ်မှာ အတန်းထဲမှာ ထိုင်နေရင်းနဲ့ စဖြစ်လာတာ... ဆေးခန်းတွေ ပြပေမယ့် ဆရာဝန်တွေက ခုလိုမျိုးတွေ မရှင်းပြခဲ့ဘူး.. တချို့ဆရာဝန်တွေက သွေးတွေစစ်တယ်... သံချတယ်(သံလဲမတွေ့ပါဘူး)။ သောက်ဆေးတွေ ပေးလိုက်တယ်... သတိထားမိတာက မြန်မာပြည်မှာနေတုန်းက ပုဇွန် ပြည်ကြီးငါး စားတာနဲ့ ဖြစ်တယ်... ဖုန်နဲနဲလေးထတဲ့ နေရာသွားတာနဲ့ ဖြစ်တယ်။ ငှက်ပျောသီးစားတာနဲ့ ဖြစ်တယ်။ မြေပဲစားတာနဲ့ ဖြစ်တယ်။ နှုတ်ခမ်းနီ မိတ်ကပ် လူးတာနဲ့ ဖြစ်တယ်။ အယ်လ်ကိုဟောလဲ ဖြစ်တာပဲ။ ဒီရောက်တော့ တခါလားပဲ ဖြစ်တာ။ ဘာဆေးမှ မသောက်လိုက်ဘူး။ ၃ နှစ်နီးပါးလောက်ရှိပြီ။ အခုထိ ဘာမှ မဖြစ်တော့ဘူး။ အစ်ကိုနဲ့ ညီမလေးကတော့ တခါတလေ ဖြစ်နေတုန်းပဲ။

    အဲဒါ ဘာကြောင့်ဖြစ်တာလဲ။ မျိုးရိုးလိုက်တာလား(မိဘတွေက တခါမှ ဖြစ်တာမတွေ့ဖူးဘူး) ဘာတွေလုပ်သင့်လဲ(ဘယ်လိုကုသ မှုတွေ ခံသင့်လဲ)။ သူငယ်ချင်း အချိန်ရရင် အားရင်ရှင်းပြပေးပါလား.....

    ကွန်မန့်က ရှည်သွားပြီ.... :)

    ပို့စ်အတွက်ရော ကွန်မန့်အတွက်ရော ကျေးဇူးနော်.... :)
    အစစ အရာရာ အဆင်ပြေ အောင်မြင်ပါစေ

    ပူးတေ

    ReplyDelete
  4. အဲ..
    နတ်သမီးမှာလည်း allergy ရှိတယ်..
    ဖုန်မှုန့်တွေရှိတဲ့နေရာ သွားရင် တကိုယ်လုံးယားလာရော..
    အရေပြားကို တခုခုနဲ့ ခြစ်မိရင်လည်း(ဖွဖွလေးနော်) ဖောင်းကြွတက်လာရော...
    ကောင်းပါဘူး...နုကိုနုပါတယ်...

    ReplyDelete
  5. Allergy အကြောင်းဗဟုသုတအဖြစ်မျှဝေပေးတာ ကျေးဇူးပဲသက်တန့် ရေ..ဟန်နီ့ မှာလဲ Hey Fever နွေရာသီရောက်တိုင်းဖြစ်ပါတယ်.မျက်စိယား၊နှာခေါင်းယားနဲ့ အင်မတန်ကိုမအီမသာကြီးပါ...ဒီဓတ်မတည့်မှုကြီးက အဲလိုပဲတသက်လုံးရှိသွားမှာလား..ပျောက်အောင်ကုတဲ့နည်းမရှိဘူးလား..
    နောက်ဆက်တွဲတွေကိုလဲစောင့်မျှော်နေပါတယ်လို့ ....
    အားပေးလျှက်... :)

    ReplyDelete
  6. ကျွန်မသားလေးကတစ်နှစ်ပဲရှိပါသေးတယ်. သူ.ကိုယ်မှာအနီရောင်အဖိမ်.လေးတွေအမြဲလိုရှိနေပါတယ်..ဆရာဝန်သွားပြပြီးဆေးတိုက်လဲ...ဆေးသောက်တုံးပျောက်ပြီး..ဆေးရပ်လိုက်ရင်ပြန်ဖြစ်ပါတယ်.. ကလေးကငယ်သေးတော.ဆေးဒဏ်ပိမှာလဲကြောက်ပါတယ်.. ဘာလုပ်သင်.ပါသလဲဆိုတာအကြံပေးစေချင်ပါတယ်ရှင်..ကျေးဇူးတင်ပါတယ်....

    ReplyDelete