Thursday, September 23, 2010

ထိတ်လန့်ဖွယ်ရာ Eejanaika ရိုလာကိုစတာ

ထိတ်လန့်ဖွယ်ရာ Eejanaika ရိုလာကိုစတာ


အလွန်ကို ထိတ်လန့်ဖွယ်ရာကောင်းတဲ့ ရင်ခုန်မှုကိုပေးစွမ်းနိုင်တဲ့ ဒီရိုလာကိုစတာဟာ ဂျပန်နိုင်ငံ Fujiyoshida , Shizuoka မှာတည်ရှိပါတယ် ။

ပြောင်းပြန်ဇောက်ထိုး အကြိမ်အရေအတွက် - ၁၄ ကြိမ် (ကမ္ဘာ့ဂရင်းနစ်စံချိန်)
အမြန်ဆုံးအရှိန် - တစ်နာရီ ၁၂၆ ကီလိုမီတာ
လှေကားအမြင့် - ၇၆ မီတာ
မတ်စောက် ထောင့်ချိုး - ၈၉ ဒီဂရီ
လမ်းကြောင်းအရှည် - ၁၁၅၃ မီတာ


ဒီလို အမြင့်ကြီးကိုစီးရမှာနော် ...။
ဇောက်ထိုးကြီးတော့ဆင်းလာပါပြီ ကြောက်တတ်သူများ ဖက်ထားကြပါ (ဘေးကလူကိုပြောတာမဟုတ်ပါဘူး လက်ကိုင်တန်းတွေကိုပြောတာပါ)

တကယ့်ကိုသည်းထိတ်ရင်ဖိုစရာ ကြီးပါပဲ ။ အော်ဆန်းပါပေ့ ရိုလာကိုစတာရယ် ။


တွဲလောင်းလေးတွေ တွဲလောင်းလေးတွေ မြဲမြဲသာကိုင်ထားကြဝေ့ ။

ဒီလို သည်းထိတ်ရင်ဖို စွန့်စားခန်းတွေကို ကြုံတွေ့ရမှာပါ
ဒီဂရီမတ်စောက်ကြီးကို အရှိန်နဲ့ အသည်းအေးဖွယ် လှိမ့်ဆင်းရမှာ နော် ။

ဇောက်ထိုးတွေ မိုးမျှော်တွေအကုန်ပါတယ်နော် ဂါဝန်တွေ စကတ်တွေ မ၀တ်လာပါစေနဲ့ ။ အကုန်လုံး ဒုက္ခတွေရောက်ကုန်ကြမယ် ။
ဘေးစောင်းတန်းကြီးနော် လွင့်သာကျလိုက်လို့ကတော့ကွာ နှလုံးတောင် အဲလေ နှလုံးခုန်တောင်ရပ်သွားမယ်


တွန့်လိန်ကောက်ကွေးတဲ့ ရိုလာကိုစတာ အရူးအမူးကို နှစ်သက်သူတွေ ရင်ခုန်စွန့်စားသူတွေ အတွက် အကိုက်ပါပဲ ( နှလုံးရောဂါရှိသူတွေကတော့ ထိုင်သာကြည့်နေပေတော့ )

သက်တန့်ချို
23 September 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

3 comments:

  1. ကြိုက်တယ် ..
    အဲ့လို မျိုး အရမ်းစီးချင်တာာာာာာ .. :D

    ခင်မင်လျှက်
    ဆောင်းနှင်းရွက်

    ReplyDelete
  2. စီးဘူးးးးးးး
    ကြောက်တယ်..
    အဲဒါကြီးစီးပြီးရင် တနေကုန် အမူးပြေမှာမဟုတ်ဘူး
    ကိုယ့်ပိုက်ဆံနဲ့ကိုယ် ရောဂါဝယ်မယူတော့ဘူး..
    သူများစီးတာပဲ ထိုင်ကြည့်တော့မယ်..

    ReplyDelete
  3. တ၀က်လောက်မှာတင်အသက်ထွက်မှာပဲ။ မလေးတောင်ပေါ် ကစားကွင်းက ရိုလာကိုစတာလေးစီးတာတောင်မှ ပြန်ဆင်းတော့ ထိုးအန်တော့တာပဲ။ ဒါကြီးသာဆိုသေလောက်တယ်။

    ReplyDelete