Thursday, August 18, 2011

မ (သို့ ) သူမ ရင်ခွင်ကြားမှာ ပျောက်ဆုံးခဲ့ရတဲ့ ပျော်ဝင်မှုတချို့



မ (သို့ ) သူမ ရင်ခွင်ကြားမှာ ပျောက်ဆုံးခဲ့ရတဲ့ ပျော်ဝင်မှုတချို့

ညနေခင်းလေးတစ်ခုမှာ
တွေ့တဲ့ အချစ်တွေရင်ခုန်သွား
မ ရဲ့ မျက်နက်ဝန်းလေးများက
ကျွန်တော့်ကိုရူးအောင်ဖမ်းစား
ဒီစာသားတွေကြားမှာ
ကျွန်တော်က နေသားတကျ
“ မ ” ရဲ့ ပါးပြင်ထက်
ခုန်ဆင်းယစ်မူးမိတယ်

ဆံနွယ်တွေကို အလှဆုံးဝဲခါလို့
အပစ်ကင်းစင်စွာ ပြုံးတိုင်း
ပင်လယ်ကြီးရှုံးတယ်
(အဲဒီအခါများ)
တ၀ုန်းဝုန်း ရိုက်ခတ်တဲ့ ရေလှိုင်းသံတွေ
ကျွန်တော့် နှလုံးသားမှ ပဲ့တင်ထပ်ခဲ့

“ မ ” . . . ခင်ဗျားက သိပ်လှတယ်
ကျွန်တော်က သိပ် အ တယ်
ငေးကြည့်ခွင့်လေးရယုံနဲ့တင်
ကောင်းကင်တစ်ခုလုံးက
ပန်းတွေ ပွင့်ဖူးလင်းလက်နေခဲ့တယ်

ပေးဆပ်ခြင်းသက်သက်နဲ့
ကျွန်တော်စိုက်ပျိုးခဲ့တဲ့ ပန်းခင်းမှား
မ အတွက် ချစ်ခြင်းရနံ့တွေရှိတယ်
နှင်းဆီတစ်ခက် နဲ့ ၀ိုင်တစ်ခွက်
ဂစ်တာတစ်လက်နဲ့
မ အတွက်
ရစ်သမ် အသစ်တွေ ပွင့်ဖူးနေတယ်

“ မ ” .... တစ်ဘ၀လုံးစာအတွက်
ရယ်သံအချို့နဲ့ ဆံကေသာထက်က
လင်းလက်နေတဲ့ အသိဥာဏ်အချို့ရယ်
ရေးခဲ့တဲ့ ကဗျာ လှလှ ရယ်
ငေးကြည့်နေခွင့်ရ ချင်သူတစ်ယောက်အတွက်
“ မ ” ရယ်...
အဲဒီအလှတရားတွေအောက်
ကျွန်တော် ခုန်ဆင်းပစ်လိုက်ချင်တယ်

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

4 comments:

  1. ပေးဆပ်ခြင်းသက်သက်နဲ့
    ကျွန်တော်စိုက်ပျိုးခဲ့တဲ့ ပန်းခင်းမှာ
    မ အတွက် ချစ်ခြင်းရနံ့တွေရှိတယ်
    နှင်းဆီတစ်ခက် နဲ့ ၀ိုင်တစ်ခွက်
    ဂစ်တာတစ်လက်နဲ့
    မ အတွက်
    ရစ်သမ် အသစ်တွေ ပွင့်ဖူးနေတယ်.............
    အရမ်းကြိုက်ပါတယ်........ :)))

    ReplyDelete
  2. ဆွေလေးမွန်August 19, 2011 at 10:10 AM

    “ မ ” . . . ခင်ဗျားက သိပ်လှတယ်
    ကျွန်တော်က သိပ် အ တယ်
    ငေးကြည့်ခွင့်လေးရယုံနဲ့တင်
    ကောင်းကင်တစ်ခုလုံးက
    ပန်းတွေ ပွင့်ဖူးလင်းလက်နေခဲ့တယ်

    ဒီအပိုဒ်လေးက ဖတ်ရတာ ပိုအသက်ဝင်တယ်..
    ဒီလိုခပ်ဟော့ဟော့ လူငယ်တစ်ယောက်ရဲ့ နှလုံးသားလို
    လဲ ကဗျာရေးတတ်တယ်.

    အင်း ခံစားချက်အစစ်တွေမို့လို့ ဒီလောက်တောင်
    အသက်ဝင်နေသလား မသိ...

    :) :)

    ReplyDelete
  3. “ မ ” . . . ခင်ဗျားက သိပ်လှတယ်
    ကျွန်တော်က သိပ် အ တယ်
    ငေးကြည့်ခွင့်လေးရယုံနဲ့တင်
    ကောင်းကင်တစ်ခုလုံးက
    ပန်းတွေ ပွင့်ဖူးလင်းလက်နေခဲ့တယ်

    နှင်းဆီတစ်ခက် နဲ့ ၀ိုင်တစ်ခွက်
    ဂစ်တာတစ်လက်နဲ့

    ရေးခဲ့တဲ့ ကဗျာ လှလှ ရယ်
    ငေးကြည့်နေခွင့်ရ ချင်သူတစ်ယောက်အတွက်
    “ မ ” ရယ်...
    အဲဒီအလှတရားတွေအောက်
    ကျွန်တော် ခုန်ဆင်းပစ်လိုက်ချင်တယ် ”



    စာသားတွေမှဟုတ်ရဲ့လား..
    ခံစားချက်တွေများလား...

    ReplyDelete
  4. “ မ ” .... တစ်ဘ၀လုံးစာအတွက်
    ရယ်သံအချို့နဲ့ ဆံကေသာထက်က
    လင်းလက်နေတဲ့ အသိဥာဏ်အချို့ရယ်
    ရေးခဲ့တဲ့ ကဗျာ လှလှ ရယ်
    ငေးကြည့်နေခွင့်ရ ချင်သူတစ်ယောက်အတွက်
    “ မ ” ရယ်...
    အဲဒီအလှတရားတွေအောက်
    ကျွန်တော် ခုန်ဆင်းပစ်လိုက်ချင်တယ်

    ReplyDelete