Tuesday, August 2, 2011

Collagen အကြောင်းသိကောင်းစရာများ

Collagen အကြောင်းသိကောင်းစရာများ



Collagen ဆိုတာဟာ သွေးနွေးသတ္တ၀ါတွေမှာတွေ့ရလေ့ရှိတဲ့ ပရိုတိန်းအုပ်စုကြီးတစ်ခုပဲဖြစ်ပါတယ် ။ Connective tissue တွေ ရဲ့ အဓိက အစိတ်အပိုင်းဖြစ်ပြီး သတ္တ၀ါတွေမှာပေါများစွာတွေ့ရတဲ့ပရိုတိန်းတွေဖြစ်ပါတယ် ။ ခန္ဓာကိုယ် တစ်ခုလုံးမှာရှိတဲ့ ပရိုတိန်းပမာဏရဲ့ ၂၅ % ကနေ ၃၅% ထိဟာ ကိုလာဂျင်တွေနဲ့လုပ်ထားတာဖြစ်ပါတယ် ။ ရှည်လျှား တဲ့ ဖိုက်ဘာအမျှင်ပုံစံရှိပြီး အထူးသဖြင့် အရွတ် ၊ လစ်ကမန့် (ligament ) နဲ့ အရေပြား ၊ မျက်ကြည်လွှာ ၊ အရိုးနု ၊ အရိုး ၊ သွေးကြော ၊ အူလမ်းကြောင်းတွေစတဲ့ fibrous tissues တွေမှာ များစွာတွေ့ရလေ့ရှိပါတယ် ။ ကြွက်သား တစ်ရှူးတွေမှာ ကိုလာဂျင်ဟာ 1-2% ပါဝင်ပြီးတော့ မာကျောတဲ့အရွတ်ကြွက်သားတွေမှာတော့ ၆ ရာခိုင်နှုန်းလောက် ပါဝင်ပါတယ် ။ ဒါ့အပြင် အစားအသောက်စက်ရုံတွေမှာ အသုံးပြုတဲ့ Gelatin ဆိုတာဟာလည်း ကိုလာဂျင် တစ်မျိုးပဲဖြစ်ပါတယ် ။

ကိုလာဂျင် အမျိုးအစားတွေက ဘာတွေလဲ ?

ခန္ဓာကိုယ်တစ်ခုလုံးမှာ ကိုလာဂျင်တွေကို တွေ့နိုင်ပါတယ် ။ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ၉၀ % ကျော်လောက်ဟာ Type I ဖြစ်ပါ တယ် ။ ကိုလာဂျင် အမျိုးအစားပေါင်း ၂၉ မျိုးကျော်ရှိပါတယ် ။ အဲဒီထဲမှာ common ဖြစ်တဲ့ အမျိုးအစား ငါးခုကတော့

၁ ။ Collagen one : အရေပြား ၊ အရွတ် ၊ သွေးကြောစနစ် ၊ ကလီစာများ ၊ အရိုး
၂ ။ Collagen two : အရိုးနု
၃ ။ Collagen three : Reticular အမျှင်များ၏ အဓိက အစိတ်အပိုင်းဖြစ်သော reticulate ၊ ကိုလာဂျင် နံပတ် ၁ ရဲ့ ဘေးတလျှောက်မှာတွေ့ရလေ့ရှိပါတယ် ။
၎ ။ Collagen four : ဆဲလ်အမြှေးပါး အောက်ခြေပုံစံများ
၅ ။ Collagen five : ဆဲလ်မျက်နှာပြင်များ ၊ ဆံပင်မွှေးနှင့်အချင်း စသည်တို့ဖြစ်ကြပါတယ် ။

ကိုလာဂျင်တွေက ဘာတွေလုပ်ပေးလဲ ?



ကိုလာဂျင် ဘာလဲဆိုတာသိပြီးတဲ့နောက် ကိုလာဂျင်ဟာ သင့်ရဲ့ အလှအပကို ဘယ်လို တိုးပွားစေသ လဲဆိုတဲ့မေး ခွန်းတွေပေါ်ပေါက်လာပြန်ပါပြီ ။ ကိုလာဂျင် ထိုးဆေးတွေနဲ့ ခရင်မ် နဲ့ သောက်ဆုံးတွေဟာ သင့်ကို စိတ်ခံစားမှု ပိုမိုကောင်းအောင် ပိုမိုပြီးလည်းကြည့်ကောင်းလာအောင် စွမ်းဆောင်နေနိုင်ပါပြီတဲ့ ။ ကိုလာဂျင်ဟာ အရေပြားပေါ်မှာ ကျုံ့နိုင် ဆန့်နိုင်စွမ်း elasticity နဲ့ strength ကိုပေးစေပါတယ် ။ ကိုလာဂျင်ချို့တဲ့လာပြီဆိုရင် အရေပြားမှာ တွဲကျ လာပြီးတော့ အရစ်တွေပေါ်လာမယ်နောက်ပြီး အရေးအစင်းတွေဖြစ်ပေါ်စေပါတယ် ။ ဒါကြောင့် သင် နာ၇ီတွေ ကို နောက်ပြန်မလှည့်ချင်ဘူးလား ဒါမှမဟုတ် ဒီလို ပျက်ဆီးယိုယွင်းမှုတွေကို နှေးကွေးအောင်မလုပ်ချင်ဘူးလား ။ ကိုလာ ဂျင် ပြန်လည်ဖြည့်ပေးတဲ့ supplements တွေကို ဈေးကွက်ထဲမှာ အလွယ်တကူ ရရှိနေနိုင်ပြီဖြစ်ပါတယ် ။ ဒါပေ မယ့် Collagen peptide ဟာ ပရိုတိန်းတစ်မျိုးသာလျှင်ဖြစ်တဲ့အတွက် အစာအိမ်ထဲမှာရှိတဲ့ အမိုင်နိုအက် ဆစ်တွေ ကို ချေဖျက်ပေးပါတယ် ။ ဒါကြောင့် လုံလောက်ပြည့်ဝတဲ့အာဟာ ရ မစားဘူးဆိုရင် ကျန်းမာရေးပြဿနာတွေ ဖြစ်နိုင်ပါ တယ်တဲ့ ။ ဒါပေမယ့် ကိုလာဂျင် ပါဝင်တဲ့ ခရမ်နဲ့ မိတ်ကပ်တွေကိုတော့ ၀ယ်ယူလိမ်းနိုင်ပါတယ် ။ ဘာလို့ လည်းဆိုတော့ အရေပြားမှတဆင့် ကိုလာဂျင်ဟာ ခန္ဓာကိုယ်ထဲကို မစုပ်ယူတဲ့အတွက်ဖြစ်ပါတယ် ။ ကိုလာဂျင်ပါဝင်တဲ့ ခရင်မ်တွေ ဟာ ကိုလာဂျင်ဆုံးရှုံးမှုကြောင့် ဖြစ်ပေါ်လာတဲ့ အရေပြားဆိုင်ရာ ပြဿနာတွေကို အမှန်တ ကယ် ပဲ လျော့ နည်းစေပါတယ် ။

ကိုလာဂျင်ကို အရေပြားနဲ့ ဆက်နွယ်ပြီးတော့ ဆွေးနွေးမှုတွေ နေရာအနှံ့မှာ ပြုလုပ်နေကြပြီဖြစ်ပါတယ် ။ ကိုလာဂျင်ဟာ လူတွေ အသက်အရွယ်အိုမင်းလာတဲ့အခါ ချို့ယွင်းလာပြီး ပါးရေ နားရေ တွန့်ခြင်းကို အများကြီးဖြစ်စေပါတယ် ။ ကဲဒါ ဆို ရင် အသက်အရွယ်အိုမင်းခြင်းကို ခုခံနိုင်ဖို့ မြင်ရတဲ့ ဒီအရေးအကြောင်းတွေကို တိုက်ထုတ်ဖို့က အရေး မကြီးပေဘူးလား ။ အချို့သော အရေပြားပညာရှင်တွေကတော့ အရေပြားဆဲလ်တွေကို ကိုလာဂျင် ထွက်ရှိအောင် လှုံ့ဆော်ပေးဖို့ လူတွေကို အကြံပေးပါတယ် ။

ကိုလာဂျင်ကို ဘယ်နေရာတွေမှာသုံးကြသေးသလဲ



ကိုလာဂျင်ဟာ ခန္ဓာကိုယ်အတွက် အရေးကြီးတာ ဖြစ်တာနဲ့အညီ ဆေးပညာ အရလည်းအ များကြီးအသုံးပြု မှုတွေရှိ ပါသေးတယ် ။ အလှအပရေးရာ ခွဲစိတ်ပြုပြင်မှု Cosmetic surgery လုပ်တဲ့အခါမှာလည်း အသုံးပြုသလို အရိုးနဲ့အ ဆစ်အမြစ် လှုပ်ရှားမှုကောင်းစေဖို့ သောက်ဆေးအနေနဲ့လည်းရှိပါတယ် ။ ဒါ့အပြင် အလွန်ပြင်းထန်တဲ့ မီးလောင်နာ Burns တွေမှာလည်း ကုသဖို့ အတွက်အသုံးပြုကြပါတယ် ။

ခန္ဓာကိုယ်ထဲမှာ ကိုလာဂျင် ဓါတ်တွေဆုံးရှုံးတဲ့အခါ Collagen deficiencies ဟာ ပြဿနာတစ်ခုဖြစ်လာပါပြီ ။ တ ကယ်တော့ ကိုလာဂျင်ချို့တဲ့ခြင်းနဲ့အချို့သော မျိုးရိုးဗီဇ genetic ရောဂါတွေဟာ ဆက်နွယ်မှုရှိနေပါတယ် ။ ဥပမာ Osteogenesis imperfecta ကို အရိုးကျွတ်ဆတ်ရောဂါအဖြစ်အသိများပြီး ဒါဟာကိုလာ ဂျင်နည်းတဲ့အ တွက်ဖြစ်ရခြင်း ဖြစ်ပါတယ် ။ သာမန် ရှိနေရမယ့်ပမာဏထက် နည်းနေရင်လည်း ဒီရောဂါဖြစ်နိုင်ပါတယ် ။

ကိုလာဂျင်ကို ဘယ်အစားအစာတွေကနေရနိုင်သလဲ ?

၁ ။ ငါး

ဗီတာမင်စီနဲ့အတူ Omega 3 fats တွေကို လုံလောက်စွာစားသုံးပေးရင် ကိုလာဂျင်နဲ့ elastin ကို ခန္ဓာကိုယ်ကနေ ပြန်လည် တည်ဆောက်ပေးနိုင်ပါတယ် ။ အဆီအများကြီးပါတဲ့ငါးတွေဖြစ်တဲ့ ဆောလမွန်ငါး ၊ ဆာဒင်းငါး ၊ ငါးသေတ္တာ ၊ တူနာငါးတွေမှာ Omega 3 fatty acids တွေ တွေပါပါတယ် ။

၂ ။ ပဲပုပ်

ပဲပုပ်ပါဝင်တဲ့ နို့ရည်တွေ ၊ တို့ဖူး နဲ့ ထုတ်ကုန်တွေဟာ oestrogen နဲ့ ဆက်နွယ်တဲ့ phytoestrogens တွေပါ ၀င် ပါတယ် ။ ကိုလာ ဂျင်ထုတ်လုပ်မှု လျော့နည်းလာခြင်းဟာ အီစရိုဂျင် ပမာဏ နည်းခြင်းနဲ့ ဆက်နွယ်နေ ပါတယ် ။ ဒါကြောင့် ပဲပုပ်ကိုစားသုံးခြင်းအားဖြင့် အရေပြားမှာ ကိုလာဂျင်ထုတ်လုပ်မှုကို များစေပါတယ် ။

၃ ။ ဘယ်ရီသီး

ဗီတာမင် စီကို ကိုလာဂျင်ထုတ်လုပ်ဖို့ လိုတယ်ဆိုတာ လူတိုင်းသိကြပါတယ် ။ ဘယ်ရီသီးတွေဖြစ်တဲ့ ဘလူးဘယ်ရီ ၊ စတော်ဘယ်ရီ ၊ ရက်ပ်ဘယ်ရီ ၊ ခရမ်း ဘယ်ရီ ၊ ဂိုဂျီဘယ်ရီ တွေမှာ ဗီတာမင်စီနဲ့ antioxidants ပေါင်းများစွာပါဝင်ပါတယ် ။ ပြီးတော့အရေပြားရင့်ရော်ခြင်းကိုလည်းကာကွယ်ပေးနိုင်ပါတယ် ။

၎ ။ ၀က်ခြေထောက်

ကြက်အရေပြား ၊ ငါးဗိုက်သားကင် နဲ့ ၀က်ခြေထောက်တွေကို စားသုံးခြင်းအားဖြင့် အိုမင်းရင့်ရော်ခြင်းကို ကာကွယ်နိုင် ပါတယ်တဲ့ ။ ဒါဟာ တရုတ် အလှအပရေးရာ အစားအစာတွေထဲမှာ အပါအ၀င်ဖြစ်ပါတယ် ။ ၀က်ခြေထောက် မှာပါဝင်တဲ့ ဘသာဝ အရွတ်တွေဟာ အရိုးနဲ့ အရွတ်တွေကို သန်မာစေပါတယ် ။ ၀က်ခြေထောက်ကို ဗီနီဂါ အချဉ်ရည်နဲ့ ဆန်နဲ့စားလေ့ရှိပြီး ငါးဗိုက်သားကင်ကိုတော့ စွပ်ပြုတ်နဲ့တွဲစားလေ့ရှိပါတယ် ။

၅ ။ ငှက်သိုက်

ငှက်သိုက်ကို ဘာကြောင့် မိန်းကလေးတွေကြိက်ကြတယ်ထင်ပါသလဲ ။ ငှက်သိုက်ဟာ ဆဲလ်တွေ အသစ်ပြန် လည်ဖြစ်ပွား ခြင်းကိုကောင်းစေပြီး ကိုလာဂျင် ထုတ်လုပ်မှုကိုများစေပါတယ် ။ ဒါကြောင့် သင့်အရေပြား ဟာ ချောမွေ့ လာမယ် နောက်ပြီး ပိုမိုတောက်ပလာပြီး အရေးအကြောင်းကင်းစင်စေမှာပါ ။ ငှက်သိုက်ကို စားဖို့မတတ်နိုင် ဘူးဆိုရင် လည်း အဖြူရောင်မှို white fungus ကိုစားနိုင်ပါတယ် ။ သူ့ကို tremella fuciformis လို့ခေါ်ပြီးအချို့ကလည်း snow fungus သို့မဟုတ် silver mushroom လို့အသိများပါတယ် ။

နောက်ဆုံးအကြံပေးလိုတာကတော့ အာဟာရဓါတ်ပြည့်စုံတဲ့အစားအသောက်တွေကိုစားပါ ။ ရွှင်လန်းတက်ကြွစွာနေပါ ။ လုံလောက်စွာအိပ်စက်ပြီး ဆေးလိပ်မသောက်ပါနဲ့ ။ ဒါဆိုရင် သင့်အရေပြားတွေဟာ အစဉ်အမြဲချောမွေ့ တောက် ပနေမှာ အမှန်ပါပဲ ။

Reference Links

http://www.nichetopics.info/best-collagen-producing-foods.html
http://en.wikipedia.org/wiki/Collagen
http://www.collagen1.net/

သက်တန့်ချို
2 August 2011

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

6 comments:

  1. အကိုရေ.. ဒီပိုစ့်နဲ့တော့ မသက်ဆိုင်ပါဘူး။
    မေးချင်လို့ပါ.. လေယဉ်အကြာကြီးစီးရင် ခြေထောက်တွေ လက်တွေကိုက်လာတယ်.. အိပ်ပျော်ဖို့လဲ ခက်တယ်.. အဲဒါ လေ့ကျင့်ခန်းလေးထလုပ်၊ လမ်းလျှောက်လဲ ကြာရင်လေယဉ်ပေါ်က အအေးဒဏ်နဲ့ တစ်ကိုယ်လုံး ကိုက်ခဲ နေတာ.. တော်တော်နေရခက်လို့ ဆေးလေး ဘာလေးရှိရင် ညွှန်းပေးပါအုံးနော်။ အဲလို စကိုက်ခဲ အဆစ်တွေနာလာရင်လေ.. အိပ်လို့လဲမရတော့ဘူး.. အဲဒါကြောင့်ပါ။ ဒီက ဆရာဝန်တွေညွှန်းတဲ့ဆေးက ဘာမှမထူးခြားလာဘူး။ ကျေးဇူးပါနော်။
    ကျွန်မ မေးလ်... mayllay@gmail.com

    ReplyDelete
  2. ကိုလာဂျင် ကိုသုံးလို့ တကယ်နုပျိုလာရင်တော့ ကောင်းပါတယ်။ အစားအသောက်နဲ့ပဲ ထိန်းညှိတာပိုသင့်တော်မယ်ထင်တယ်။ နော်ဆရာ။


    ခင်မင်လေးစားလျက်

    ReplyDelete
  3. ကိုလာဂျင်အကြောင်းဖတ်သွားပါသည်။ ငါးကြီးဆီိကိုလဲမမေ့မလျော့ မှန်မှန်သောက်ပါတော့မည်။
    အားပေးလျှက် :))))

    ReplyDelete
  4. Thanks 4 this post,,pls write more about skin care.

    ReplyDelete
  5. ဗဟုသုတလေးတွေ မှတ်သွားပြီ အကို...အသားရေခြောက်တဲ့ ပိုင်ရှင်တွေအတွက် အကိုရေ ပို့စ်လေး တစ်ခုလောက် တင်ပေးပါလားလို့...:):)
    ခင်မင်လေးစားလျှက်

    ReplyDelete
  6. ညီမအသားရေကလဲ ခြောက်တဲ့အသားရေထဲမှာပါတော့ အဲဒါနဲ့ပက်သက်တဲ့ပို့စ် လေးတင်ပေးပါ ကိုသက်တန့်

    ခင်မင်လေးစားလျှက်



    ReplyDelete