Tuesday, February 14, 2012

ချစ်သူများနေ့ အမှတ်တရ စာစုများ

ချစ်သူများနေ့ အမှတ်တရ စာစုများ



- နင်ဘယ်သူ ဖြစ်နေတယ်ဆိုတဲ့အတွက်ကြောင့် ငါနင့်ကိုချစ်ခဲ့တာမဟုတ်ပါဘူး ။ နင့်အနားမှာ အမြဲရှိနေ တတ် တဲ့ ငါ ဖြစ်နေတဲ့အတွက် နင့်ကိုချစ်ခဲ့တာပါ ။ နင်ဘာတွေဘယ်လိုပဲဖြစ်နေပါစေ ငါကတော့ ထာဝရ အမြဲ ချစ်နေ မှာပါ ။

- ကမ္ဘာပေါ်မှာ ယောင်္ကျားမိန်းမ လူအားလုံးဟာ သင့်ကို မျက်ရည်ကျအောင်လုပ်ချင်လုပ်နိုင်ပေမယ့် “ သူ ” ကတော့ သင့်ကို ငိုအောင် ဘယ်တော့မှ လုပ်မှာမဟုတ်ပါဘူး ။

- သင်လိုချင်တဲ့လမ်း သင်လျှောက်နေတဲ့ လမ်း ကို တစုံတယောက်က မချစ်ပေမယ့် သင့်ကို မချစ်ဘူးလို့ မဆိုလို ပါဘူး ။ သူ “မ”ချစ်တာဟာ သင့်ရဲ့ လမ်း ( Way ) ကိုဖြစ်ပြီး သင် ( You ) ကို မဟုတ်ပါဘူး ။

- စစ်မှန်တဲ့ သူငယ်ချင်းဆိုတာ သင့်ကို လက်ကမ်းပေးပြီး သင့်နှလုံးသားကို ထိတွေ့နိုင်တဲ့ တစ်ယောက်ကို ဆိုလို တယ် ။

- သင်ဝမ်းနည်းတဲ့အခါ ဘယ်တော့မှ မျက်မှောင်မကြုံ့ပါနဲ့ ဘာကြောင့်လည်းဆိုတော့ သင့်ကို ချစ်နေတဲ့သူက သင့် အပြုံးနဲ့ အသက်ဆက်ရှင်သန်နေရလို့ပါ ။

- သူ့အချိန်တွေကို သင့်အတွက် မဖြုန်းပေးနိုင်တဲ့သူတစ်ယောက်အတွက် သင့်အချိန်တွေကိုလည်း သူနဲ့ မဖြုန်း တီးမိပါစေနဲ့ ။

- မှန်ကန်တဲ့ လူတစ်ယောက်ကို မတွေ့ခင်မှာ မှားယွင်းတဲ့ လူများစွာ ကို တွေ့ ဆုံနိုင်ပေ မယ့် နောက် ဆုံးလူတစ်ယောက်ကိုတွေ့ဆုံပြီးရင် ဘယ်လို ချမ်းမြေ့ပျော်ရွှင်စွာ ဘ၀ကို ဖြတ်သန်းရမယ်ဆိုတာ သိလာပါလိမ့်မယ် ။

- ဖြစ်ပြီးခဲ့တာတွေအတွက် ငိုကြွေးမနေပါနဲ့ ဖြစ်လာမယ့်အရာတွေအတွက် သင်ပြုံးလိုက်ပါ ။

- သင့်ကို မယုံကြည်ပဲ နာကျင်စေတဲ့လူတွေရှိနေခဲ့ရင် သူတို့ကို သင့်ဖက်က ယုံကြည်မှု ဆိုတဲ့အရာ ထဲမှာ သော့ခတ်ထားလိုက်စမ်းပါ ။ ဂရုစိုက်မှုတွေနဲ့ ယုံကြည်မှုသာဝန်းရံနေခဲ့ရင် သူတို့ လည်း နောက် တစ်ခါ သင့်ကို ယုံကြည်လာမှာပါပဲ ။

- အရမ်းကြီး ခက်ခဲနာကျင်စွာ မကြိုးစားပါနဲ့ အကောင်းဆုံးဆိုတဲ့အရာတွေဟာ သင် သိပ်မမျှော် လင့်ထား တဲ့အ ချိန်တွေမှ ရောက်လာတတ်တယ် ။

သက်တန့်ချို
အင်တာနက်ပေါ်မှ အပိုင်းအစများအား ဘာသာပြန်သည် ။

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

4 comments:

  1. သိပ်ကောင်းတဲ့ကဗျာလေးပါ...အရမ်းကြိုက်ပါတယ်...ခံစားချက်နဲ့လည်း တိုက်ဆိုင်နေပါတယ်....ငိုမိတော့မှာဘဲဗျာ

    ReplyDelete
  2. အရမ်းကြိုက်ပါတယ်

    ReplyDelete
  3. ဒီထက်ကောင်းတဲ့ကဗျာတွေရေးနိုင်ပါစေ

    ReplyDelete
  4. ကြိုးစားပါ
    အားပေးစမြဲပါ

    ReplyDelete