Tuesday, February 14, 2012

Valentine day လက်ဆောင်

Valentine day လက်ဆောင်



ချစ်သူများနေ့မှာ ကျွန်တော်ချစ်သော ညီအကို ၊ မောင်နှမ ၊ ဦးဦး ဒေါ်ဒေါ် ကိုကို မမ ညီညီ ညီမလေးများအတွက် ကျွန်တော့်ရဲ့ Valentine day လက်ဆောင်ပါ ။

လေလှိုင်းတွေပေါ်ကနေ တို့တွေ ဆုံတွေ့ခဲ့ကြ
လေလှိုင်းတွေပေါ်ကနေ တို့တွေ ရင်းနှီးခဲ့ကြ
အားလုံးဟာ ကမ္ဘာမြေပေါ်က မောင်နှမများ
ချစ်ခြင်းမေတ္တာ တရားအကြောင်းကိုလည်း သီကြူး---
အလွမ်းကဗျာ အချို့ကိုလည်းရေးဖွဲ့----
ဒါဏ်ရာတွေကို အတူဝေမျှ ခံစားကြလို့
ငါတို့ရှေ့ဆက်ရဦးမယ့် နက်ဖြန်ပေါင်းများစွာ ----
ဘ၀မှာ နောက်တစ်ခါ ဆုတောင်းခွင့်များ ရခဲ့ရင် ---
“ ကျွန်တော် --- အားလုံးကို သိပ်ချစ်တဲ့အကြောင်း ”
မကြာခဏ စာလုံးပေါင်းပြချင်သေးတယ်

ကံကြမ္မာရယ်---တို့တွေကို မခွဲခွာသွားပါစေနဲ့
အခွင့်ရှိသမျှ အတူနေလိုချင်ရဲ့----
ဘ၀တွေကပေးတဲ့ ခါးသီးမှု တချို့
ဘ၀တွေက ပေးတဲ့ သင်ခန်းစာတချို့
အတူဝေမျှ အတူခံစား ---အတူတူ လမ်းတွေလျှောက်ကြ
ခယောင်းတောတွေလည်းမကြောက်နဲ့----
ဆူးပင်လယ်လည်း မကြောက်နဲ့---
ကိုယ့်အနာဂါတ်ကိုယ် ပုံဖော် ထုဆစ်သော လက်ပိုင်ရှင်များ

ဒီတစ်ရက်မှ မဟုတ်ပါဘူး----အချစ်ဆိုတာကလည်း
အချိန်စက္ကန့်တိုင်း တည်ရှိနေသောအရာ---
အဲဒီထဲမှာ နွေးထွေးသော ဆက်ဆံရေးတွေရှိတယ်
အဲဒီထဲမှာ ရင်ဘတ်ခြင်းမျှဝေခြင်းတွေရှိတယ်
အဲဒီထဲမှာ တပါးသူဒါဏ်ရာရရင် ထပ်တူငိုကြွေးချင်းတွေရှိတယ်
အဲဒီထဲမှာ ပေါင်မုန့်တစ်လုံးကမ်းပေးမယ့်လက်တွေရှိတယ်
အဲဒီထဲမှာ ယုယကြင်နာခြင်းတွေလည်းရှိတယ်
အဲဒီထဲမှာ ------
အဲ ဒီ ထဲ မှာ - - - - - - - -
ရောင်စုံသက်တန့်တစ်စင်းလည်းရှိတယ် --- ။


သက်တန့်ချို
ဖေဖော်ဝါရီ ၁၄ ရက်နေ့

ကမ္ဘာမြေပေါ်မှ ချစ်သူများ ဒီတစ်ရက်ဒီနေ့ သာမကပဲ နေ့ရက်တိုင်းအ ချိန်တိုင်း စက္ကန့်တိုင်း ချစ်ခင်ကြပါစေ ။တစ်ဖတ် သက်ချစ်သူများလည်း လိုအင်ဆန္ဒပြည့်ဝလို့ ခရီးပန်းတိုင်ရောက်နိုင်ကြပါစေ ။အဆင်မပြေမှုများကို အမြန်ဆုံး တွန်းလှန်လို့ နှလုံးသားတွေထဲက အချစ်ပန်းကလေးများ ဖူးပွင့်နိုင်ကြပါစေ ။

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

3 comments:

  1. ကိုသက်တန့်ချို...
    ကိုလည်း အွန်လိုင်းမှာတွေ့ပေမယ့် မောင်နှမ...သူငယ်ချင်း လေးစားရတဲ့အကိုကြီးတစ်ယောက်အနေနဲ့ပါချစ်ခင်ပါတယ်ရှင်။
    ပျော်ရွှင်တဲ့ချစ်သူများနေ့မှာ ဆန္ဒနဲ့ဘ၀ ထပ်ထူကျ..အထူးပျော်ရွှင်နိုင်ပါစေဆုတောင်းပေးပါတယ်။

    ReplyDelete
  2. အကို့ကို အခုလိုပို့ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ ကိုသက်တန့်လည်း ဒီထက်မက အောင်မြင်တိုးတက်ပြီး အစစအရာရာအဆင်ပြေပါစေလို့ ညီမ ဆုတောင်းပေးလိုက်ပါတယ်ရှင့်။

    ReplyDelete
  3. အာဂျီးမားFebruary 16, 2012 at 7:06 PM

    ဒီတစ်ရက်မှ မဟုတ်ပါဘူး----အချစ်ဆိုတာကလည်း
    အချိန်စက္ကန့်တိုင်း တည်ရှိနေသောအရာ---
    အဲဒီထဲမှာ နွေးထွေးသော ဆက်ဆံရေးတွေရှိတယ်
    အဲဒီထဲမှာ ရင်ဘတ်ခြင်းမျှဝေခြင်းတွေရှိတယ်
    အဲဒီထဲမှာ တပါးသူဒါဏ်ရာရရင် ထပ်တူငိုကြွေးချင်းတွေရှိတယ်
    အဲဒီထဲမှာ ပေါင်မုန့်တစ်လုံးကမ်းပေးမယ့်လက်တွေရှိတယ်
    အဲဒီထဲမှာ ယုယကြင်နာခြင်းတွေလည်းရှိတယ်
    အဲဒီထဲမှာ ------
    အဲ ဒီ ထဲ မှာ - - - - - - - -
    ရောင်စုံသက်တန့်တစ်စင်းလည်းရှိတယ် --- ။
    သက်တန့် တစ်စင်းဖြစ်ဖို့ နေရောင်ခြည်လိုအပ်ပါတယ်။ သက်တန့်လဲချစ်သူနဲ့အဆင်ပြေပါစေ ဆုတောင်းပေးပါတယ်နော်။

    ReplyDelete