Wednesday, September 10, 2014

ကိုယ့်တာဝန်ကိုယ်ယူကြပါစို့


ကိုယ့်အသုံးမကျမှုကြောင့် တစ်ပါးသူဒုက္ခမရောက်ပါစေနဲ့

ကိုယ့်အားနည်းချက်ကြောင့် တစ်ပါးသူ မထိခိုက်ပါစေနဲ့

ကိုယ့်အပြစ်တွေကို တစ်ပါးသူကို မဆပ်ခိုင်းမိစေနဲ့

လူရယ်လို့ဖြစ်လာရင် ကိုယ့်တာဝန်ကိုယ်ယူ
ကိုယ့်လမ်းကိုယ်လျှောက်
ကိုယ်လုပ်သမျှ ကိုယ်ရှင်း
ကိုယ့်လုပ်ရပ်တွေကောင်းရင် စံ မကောင်းရင် ခံ

လူတိုင်းကိုယ်စီ အသိစိတ်နဲ့
ကိုယ့်ကြောင့်ဖြစ်လာရတဲ့အရာအားလုံး
ကိုယ့်ဘာသာပဲ တာဝန်ယူကြပါစို့ ။

သက်တန့်ချို



စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

1 comment:

  1. အသိပေးစာကြောင်းလေးတွေ မကြာခဏဖတ်ခွင့်ရလို့ ကျေးဇူးပါ မောင်သက်တန့်ရေ...
    စကားမစပ် စိန်ခေါ်ပွဲမှာ မောင်သက်တန့် နာမည်တွေ့ထားသလားလို့ မရေးရသေးဘူးထင်တယ်... :P

    ReplyDelete