Wednesday, May 15, 2019

ရင့်ကျက်တယ်ဆိုတာ


အခက်အခဲနဲ့ကြုံလာတဲ့အခါ ရင့်ကျက်ပါ
သူတစ်ပါးက ကိုယ့်ကို နာကျင်စေတဲ့အခါ ရင့်ကျက်ပါ

ဝေဖန်မှုတွေကြုံလာရတဲ့အခါ ရင့်ကျက်ပါ
စိတ်ဓါတ်ကျစရာတွေကြုံလာတဲ့အခါ ရင့်ကျက်ပါ

ဘ၀ကို အဆုံးသတ်ရတော့မလားတွေးမိတိုင်း ရင့်ကျက်ပါ
အဆင်မပြေမှုတွေ တွေးမိတိုင်းရင့်ကျက်ပါ

လူတစ်ယောက်ရင့်ကျက်သွားပြီဆိုရင်
ဝမ်းနည်းလည်း မျက်ရည်လွယ်လွယ်မကျတော့ဘူး
စိတ်ပျက်စရာတွေကြုံလည်း မတုန်လှုပ်တော့ဘူး
တိုက်ခိုက်မှုတွေရှိနေလည်း မမှုတော့ဘူး
အဆင်မပြေတာတွေရှိလည်း စိတ်ဓါတ်မကျတော့ဘူး

ရင့်ကျက်တယ်ဆိုတာ ဖန်တီးယူရတာမဟုတ်ပါဘူး
ဘ၀ခရီးလမ်းမှာ ရလာတဲ့ဒါဏ်ရာတွေကို ရေတွက်သင်ယူရခြင်းဖြစ်တယ် ။

သက်တန့်ချို
15 May 2019
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

No comments:

Post a Comment