Friday, May 17, 2019

သေမျိုးအတူတူ .. ဘာလို့ မတူခွဲချင်တာလဲ


 သေမျိုးအတူတူ .. ဘာလို့ မတူခွဲချင်တာလဲ

သူငယ်ချင်း
မင်းလည်းတစ်နေ့သေမှာ
ငါလည်းတစ်နေ့ သေမှာ
သေမျိုးအတူတူ ဘာလို့.. မတူ ခွဲချင်တာလဲ

ဖြူလည်း သေမှာ
မဲလည်း သေမှာ
လှလည်း သေမှာ
မလှလည်းသေမှာ
သေမျိုးအတူတူ ဘာလို့ .. မတူ ခွဲချင်တာလဲ

ချမ်းသာလည်း သေမှာ
ဆင်းရဲလည်း သေမှာ
အောင်မြင်လည်း သေမှာ
ကျရှုံးလည်းသေမှာ
သေမျိုးအတူတူ ဘာလို့ .. မတူ ခွဲချင်တာလဲ

ပျော်လည်းသေမှာ
ငိုလည်း သေမှာ
ဝမ်းနည်းလည်းသေမှာ
ဝမ်းသာလည်းသေမှာ
သေမျိုးအတူတူ  ဘာလို့.. မတူ ခွဲချင်တာလဲ

ပိုထက်တဲ့လည်းသေမှာ
ပိုမြတ်တဲ့လူလည်းသေမှာ
အပေါ်ဆုံးမှာ ရှိလည်းသေမှာ
အောက်ဆုံးမှာ ရှိလည်းသေမှာ
သေမျိုးအတူတူ  ဘာလို့ .. မတူ ခွဲချင်တာလဲ

ကိုးကွယ်ဘာသာ မတူရှိငြား
သေမျိုးလူမှာ တူတူသာမို့
မင်းလည်းတစ်နေ့
ငါလည်း တစ်နေ့
တို့သွားရမယ်ခရီးဆိုတာ
ဟိုး အဝေးက ...
သေခြင်းတရား
မရှိခြင်းတရား
ပျက်ခြင်းတရားတို့ နေရာသာ ။

သက်တန့်ချို
17 May 2019

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

No comments:

Post a Comment