Wednesday, January 29, 2020

Corona Virus Update 1/29

နိုင်ငံအသီးသီးက သူတို့လူတွေသူတို့ ကိုယ့်နိုင်ငံ ကိုယ့်အစီအစဉ်နဲ့ကိုယ် ပြန်ခေါ်ထုတ်နေတာတွေဖတ်ရတယ်
အမေရိကန် ၊ ဂျပန် ၊ အော်ဇီ ၊ နယူးဇီလန် ၊ အိန္ဒိယ ၊ တောင်ကိုရီးယား ၊ ပြင်သစ် ၊ ဗြိတိန်အစရှိသဖြင့်ပေါ့
Outbreak ဒေသကနေပြန်ကယ်ထုတ်လာတာ နိုင်ငံတွေအနေနဲ့လုပ်ရမယ့် တာဝန်ပါ ကိုယ့်နိုင်ငံသားဟာ ကိုယ့်တာဝန်ပါ
ဒါပေမယ့် Quarantine လုပ်တဲ့ Process ကတော့ သေချာဖို့လိုပါမယ် အမေရိကန်က လေယာဉ်လွှတ်ခေါ်တယ်ပြီးတော့ ပြည်သူလူထု လေယာဉ်ကွင်း Civilian airport မှာ မဆင်းပဲ military base မှာ ဆင်းတယ်
Health screenings တွေကို detail စစ်တယ် coronasymptoms တွေရှိမရှိ

မြန်မာနိုင်ငံကလည်း တရုတ်ပြည်က မြန်မာတွေကို ပြန်ခေါ်တာ နည်းလမ်းမှန်ပါတယ်
ဒီမှာ Quanrantine Process နဲ့ Screening ကိုလည်း တိကျသေချာတဲ့နည်းလမ်းတွေကျင့်သုံးမယ်လို့လည်းယုံကြည်ပါတယ်

အခု တရုတ်တစ်ပြည်လုံးမှာ ရောဂါကင်းတယ်ဆိုတဲ့ တိဘတ်ဒေသမှာ တစ်ယောက်စတွေ့ပြီဆိုတဲ့သတင်းလွန်ခဲ့တဲ့  ၅၁ မိနစ်က တက်လာတယ်

Update တွေကို မိနစ်မခြားဖတ်ချင်ရင် ဒီမှာဖတ်လို့ရပါတယ်  - https://edition.cnn.com/asia/live-news/coronavirus-outbreak-01-29-20-intl-hnk/index.html

No comments:

Post a Comment